နွားထိုးကြီးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၃ ဦးသေ (ရုပ်/သံ)
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။
တပ်မ ၁၀၁ က စစ်သားနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီး အင်အား ၇၀ ကို ဧပြီ ၁၉ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုင်း ၂ ပွိုင့် မိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
ပြင်းပြင်းထန်ထန်ဟန့်တားနိုင်တဲ့အတွက်ကြောင့် စစ်ကြောင်းက ရှေ့ကိုမတိုးနိုင်ဘဲ မနေ့က ထိတွေ့မှုဖြစ်တဲ့နေရာမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်နေပြီး လက်ရှိအချိန်အထိ (ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်အထိ) ချီပါရွာထဲမှာပဲ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုလုပ်နေတယ်လို့ ဆိုပါတယ်။
ယမန်နေ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီကြားဝန်းကျင်အတွင်း ကမ္မမြို့ မန်းကျည်းသုံးပင်နားအရောက် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ များပြားနိုင်တယ်လို့ ပကဖ မြိုင်မြို့နယ် တာဝန်ခံကပြောပါတယ်။
Shar Htoo WAW နည်းပညာနဲ့ Fixed Wings Drone တွေကို ဗုံးသီး ၆ လုံးပစ်ချရာမှာ စခန်းရှိ ဘန်ကာတွေ ကတုတ်ကျင်းတွေပေါ်ကို ကျရောက်ခဲ့တာလို့ Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။
“လက်နက်ကြီး ၁ ချက်ပစ်တယ်၊ နောက်ပိုင်းလက်နက်ငယ်နဲ့ပစ်တယ်၊ လက်နက်ကြီး ၁ ချက်ပစ်တာက သူတို့ရဲ့ အဆောက်အဦထဲကိုကျတယ်။ စစ်**ထိခိုက်မှုတော့ မရှိဘူး။ ကျနော်တို့ဘက်က လက်နက်ငယ် နဲ့ပစ်တဲ့အချိန်မှာ သူတို့ဘက်က **တဦးသေသွားတယ်”
“သူက အဲဒီဘက်နယ်တွေမှာ ဩဇာညောင်းတယ်။ သူက ပြည်သူတွေကို စစ်မှုထမ်းဖို့ ဘယ်အိမ်က ဘယ်သူလိုက်ရမယ်ဆိုပြီး နာမည်ကိုတပ်ပြီးတော့ လူတွေခေါ်ခေါ်ပြီး ပေးနေတာ။ ကျနော်တို့ ဝင်ရောက်ပြီး နေအိမ်မှာစစ်ဆေးမေးမြန်းဖို့လုပ်တဲ့အချိန် ထွက်ပြေးလို့ပစ်ခတ်ခဲ့တာ”
ဧပြီ ၁၄ ရက် ညပိုင်း ၁၀ နာရီလောက်မှာ အဲဒီတံတားကို မိုင်းအဆင့်ဆင့်ခွဲပြီးနောက် ယန္တရားတွေနဲ့ပါ တံတားကို ဖျက်ဆီးဖြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းစစ်အောင်(LPDF) တာဝန်ခံက ဆိုပါတယ်။
“စစ်သားနဲ့ ပျူစောထီးတွေ ဖမ်းလာတယ်ဆိုတာ ကျနော်တို့ မသိဘူး။ လူသားဒိုင်းပါမှန်းလည်း ကျနော်တို့ မသိခဲ့ဘူး။ ကျနော်တို့ဝင်တိုက်မှ ဒီ ၂ ဦးကိုဖမ်းလာတယ်ဆိုတာ သိတာပါ။”
“သေတာက ၇ ကောင်သေတယ်။ ၁၅ ကောင်လောက်က အပြင်းအထန်ဒဏ်ရာရပြီး ဆေးကုနေရတယ်”
တပ်ဖွဲ့မှာလိုအပ်နေတဲ့ Fixed Wing Drone တွေကို ဝယ်ယူနိုင်ဖို့ "ရုန်းထပျံတက် ဖီးနစ်ငှက်များ" ကမ်ပိန်းကို THU RAIN TR အဖွဲ့က ပြုလုပ်နေပြီး လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။
“ကျနော်တို့လည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တယ်။ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အခုထိတော့ စုံစမ်းလို့မရသေးဘူး။ ပထမတော့ စခန်းသိမ်းဖို့သွားတာ စခန်းသိမ်းဖို့ လုံလောက်တဲ့ ကျည်မရှိတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်။”
“ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး ကွဲထွက်လာတဲ့ စစ်ကောင်စီတပ်သားကို သုတ်သင်ပြီး လက်နက်ရအောင် ယူတယ်။ စစ်ကောင်စီဘက်က တပ်ခွဲ ၁ ခွဲစာ အင်အား ၅၀ လောက်ထပ်ဖြည့်လာတဲ့အတွက် ထိတွေ့မှု ဖြစ်အောင်ထပ်လုပ်တယ်။ နောက်ထပ် ထိခိုက်သေဆုံးမှုကိုတော့အတည်မပြုနိုင်ဘူး။”
ခလရ ၂၅၁ က စစ်သားတွေနဲ့ ပခုက္ကူရဲစခန်းက ရဲတွေပူးပေါင်းပြီး ဆက်ကြေးကောက်နေချိန် ဧပြီလ ၈ ရက် မနေ့က ညနေ ၄ နာရီမှာ ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"၃ ရက်ကနေ ၆ ရက်အထိ တိုက်ခိုက်မှုမှာတော့ တပ်ကြပ်ကြီး ၁ ကောင်သေတယ်။ ရဲ ၁ ကောင်နဲ့ ပျူစောထီး ၄ ကောင်ဒဏ်ရာအသီးသီးရကြတယ်။ အတွင်းကသတင်းပေးပို့ချက်အရ ပြန်ပြီးသိရတာ။ ဧပြီ ၇ ရက်နေ့ အနန္တမေတ္တာဆည်အနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၄ ဦး နေရာမှာပွဲချင်းပြီး သေတယ်။ အခုထပ်သိရတာက ၆ ကောင်သေပြီး ၂၀ ကျော်ဒဏ်ရာရတယ်။ အဲဒါတွေကို ထမ်းစင်နဲ့ထမ်းပြီး မြိုင်မြို့ထဲကိုပြန်ဝင်တယ်။"