Danger

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်သားတွေ တန်းစီနေချိန် PDF က လက်ပစ်ဗုံးနဲ့ ပစ်ခတ်

“ကျနော်တို့မျက်မြင်ကတော့ ၂ ကောင်လဲကျသွားတယ်။ သေဆုံးနဲ့ဒဏ်ရာရကို အတည်မပြုနိုင်သေးဘူး"

ဓားပြတိုက်မှုတွေကျူးလွန်နေတဲ့ ရွှေဘိုပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင်နဲ့အဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိ

“ဖမ်းဆီးတဲ့အချိန်မှာ လက်ပစ်ဗုံးတွေပစ်မဲ့ အနေအထားမျိုးတွေလုပ်တော့ လုံးထွေးပြီး ပစ်ဖမ်းရပါတယ်။ အားလုံးပေါင်း ၄ ယောက်ပါ၊ ၂ ယောက်ကတော့ လွတ်သွားပါတယ်”

ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

"နေ့လယ်လောက်မှာ ဝင်စီးတာ။ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေနေတာကို ဝင်ရှင်းတာ။ ပျူစောထီး ၃ ယောက်နဲ့ သတင်းပေးဒလန် ၁ ယောက် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"

မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရပြီးနောက် တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ စခန်းစွန့် ထွက်ပြေး

“အဲ့ဒီရဲစခန်းမှာ အင်အားကတော့ ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ သူတို့စွန့်လွှတ်သွားတဲ့ စခန်းကိုတော့ ရှင်းလင်းရေးတွေ လုပ်ပြီးသွားပြီ။ သိမ်းဆည်းရမိတာတွေတော့ ပြောလို့မရသေးဘူး”

စစ်ကောင်စီ စစ်ဆေးရေးကင်းစခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်တပ်စွဲထားရာ သုံးထပ်တိုက်နဲ့အောက်ခြေပတ်လည်မှာရှိနေတဲ့ ဘန်ကာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား တိုက်ပွဲအတွင်းမှာပဲ စကစ တပ်သား ၁၆ ဦးသေဆုံးခဲ့သလို ဆေးရုံအရောက်မှာလည်း ထပ်မံသေဆုံးခဲ့တယ်လို့ Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ပေတလူက ပြောပါတယ်။

ကျားဘီလူးစစ်ကြောင်းကို BNRA တပ်က တိုက်ခိုက်၊ ၈ ဦးသေပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ရ

အောက်တိုဘာ ၃၀ ရက်က ပုလဲမြို့နယ်၊ စည်ပင်ကျေးရွာနဲ့ ဘူးလဲကျေးရွာအကြားမှာ ညနေ ၃ နာရီခွဲအချိန် စောင့်ကြိုတိုက်ခဲ့သလို နိုဝင်ဘာ ၁ ရက်မှာလည်း မြောက်ပိတောက်ကုန်းအနောက်ဘက် မြောက်ယမားဆည်‌အနီးမှာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

ကနီမြို့ပေါ်က စစ်တပ်ကို PDF တွေက ဗုံးကြဲ၊ မိုင်းခွဲတိုက်ခိုက်လို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ အလယ်ကျွန်းရွာနဲ့ ကနီမြို့ပေါ် နေရာတွေကို အောက်တိုဘာ ၃၁ ရက် ညပိုင်းက မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို ကနီမြို့ပေါ်ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့လည်း တိုက်မိုင်းမိလို့ ၄ ဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ဆီက သိရပါတယ်။

Zeroပြောက်ကျားတပ်မဟာက ၃ နှစ်ဆက်တိုက် သီတင်းကျွတ်ဆရာကန်တော့ပွဲ လုပ်နိုင်ခဲ့

"ကျနော်လည်း ဒီနှစ်က သီချင်းဆိုဖြစ်တယ်။ ကျနော့်အဖွဲ့ထဲက ရဲဘော် ၂ ဦးကလည်း ဦးရွှေရိုးနဲ့ ဒေါ်မိုးကတာရယ် ကျဆုံးရဲဘော်တွေကို အလေးပြုတာတွေ ဧည့်ခံကျွေးမွေးတာနဲ့ အစီအစဉ်ပေါင်းစုံ လုပ်နိုင်ခဲ့ပါတယ်။"

လက်လုပ်ပြောင်းကွဲလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

ကျဆုံးခဲ့တဲ့ အသက်၃၀အရွယ် တပ်စိတ်မှူး ဖိုးကျော်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့ရဲ့စျာပနအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

မြို့ပြအထိ စစ်ရေးအရှိန်မြှင့်တင်ဖို့ မင်းဘူးခရိုင် တပ်ရင်း ၄ စီစဉ်နေဟုဆို

“တောထဲကနေ ရွာတွေကို ချဉ်းကပ်ပြီး စိုးမိုးနိုင်မှုရှိအောင် ရွာတွေကို သိမ်းပိုက်တယ်။ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်တင်ဖို့ အစီအစဉ်ရှိတယ်”

ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိ ၁ ဦးအပါ ၃၀ ဦးသေဆုံးဟုဆို

“အဲ့ဒီနေ့တိုက်ပွဲမှာ သူတို့ဘက်ကလွှတ်ပေးလိုက်တဲ့ ပြည်သူ ၄ ဦးရှိတယ်။ အသက်အရွယ်အိုမင်းတဲ့ အဖိုးကြီးတွေပြောပြချက်အရ တိုက်ပွဲဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး ၁၀ ယောက်သေဆုံးတယ်။ ဒဏ်ရာပြင်းထန်သူတွေ ရှိတယ်လို့လည်း သိရတယ်။ တိုက်မိုင်းထိတုန်းက သေဆုံးတာနဲ့ဆိုရင် စုစုပေါင်း ၃၀ ကျော်တယ်လို့ ကျနော်တို့သိရပါတယ်”

ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အညာဒေသက လက်နက်ကိုင်ခေါင်းဆောင်တွေ ဘာပြောသလဲ (ရုပ်/သံ)

ကိုးကန့် MNDAA၊ ရခိုင့်တပ်တော် AA နဲ့ တအောင်း TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတခုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်ဆင်နွှဲနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လို့ နေပါတယ်။ အထက်ပါအခြေအနေတွေနဲ့ ပတ်သက်ပြီး အညာဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို မြေလတ်အသံသတင်းဌာနက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်ခဲ့ပါတယ်။

ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်အငိုက် ပစ်ခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

“သူတို့တပ်စွဲထားတဲ့နေရာနဲ့ အနီးဆုံး ပေကုန်းရပ်ကွက်ထဲကို ဈေးဆင်းဝယ်တာပါ။ ကျနော်တို့ပစ်ခတ်မှုကြောင့် ၂ ယောက်ကတော့ ကားနဲ့လာခေါ်သွားတဲ့အချိန်မှာပဲ သေသွားပြီလို့ကြားသိရတယ်”

မြိုင် ပကဖ က ပေါက်မြို့ပေါ်ရှိ ပျူစောထီးနေအိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းနိုင်ခဲ့

“သတင်းပေးပို့ချက်ရလို့ ဝင်ရောက်စီးနင်းတာ၊ သူ(ဘန်ဘန်)အပါ ၂ ယောက်ပဲရှိတာ။ ဒီကောင်တွေရှိ မှန်းသိလို့ စစ်ရင်း၊ပစ်ရင်းနဲ့ဝင်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10