ပျူစောထီး ၁ ဦး လက်ပစ်ဗုံး၊ ကျည်ဆံတွေနဲ့အတူ မြိုင်ပကဖထံ အလင်းဝင်
"သူကထွက်လာချင်တယ်လို့ ဆက်သွယ်လို့ သွားစောင့်ခေါ်တာ၊ သူ ကင်းကျတဲ့အချိန်ပြေးလာတာ။ သူက စစ်ရေးတွေအရအလင်းဝင်လာမဲ့သူတွေလည်း ရှိသေးတယ်ပြောတယ်"
"သူကထွက်လာချင်တယ်လို့ ဆက်သွယ်လို့ သွားစောင့်ခေါ်တာ၊ သူ ကင်းကျတဲ့အချိန်ပြေးလာတာ။ သူက စစ်ရေးတွေအရအလင်းဝင်လာမဲ့သူတွေလည်း ရှိသေးတယ်ပြောတယ်"
“သူတို့သွားမယ့်လမ်းကို ကြိုပြီးစောင့်တယ်။ စစ်ကား ၃ စီးကို စောင့်ပြီးတော့ ပစ်ခတ်တာတွေ မိုင်းဆွဲတာတွေ လုပ်ခဲ့တယ်။ ပဒေသာမိုင်း ၂ လုံးဆွဲခဲ့တယ်။ “
“မနေ့က သရက်ကန်ရွာဘက်ကို ထွက်မဲ့ပုံစံပြလို့ ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ၊ တနေကုန်ချခဲ့တာ၊ ဗုံးသီး ၁၀ လုံးကျော်ကြဲချခဲ့တာ”
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကနေ ပရဟိတကားကိုချောဆွဲပြီး လူနာပို့တဲ့ စစ်သားနဲ့ရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ Canter ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ ၁၄ ဦးခန့်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ ဂဠုန်တပ် နတ်မောက် အဖွဲ့ဆီကသိရပါတယ်။
တိုက်ခိုက်မှုမစတင်ခင် ညကတည်းက တော်လှန်ရေးအဖွဲ့တွေက ကြိုတင်ကင်းပုန်းဝပ် ကာစောင့်ဆိုင်းခဲ့ပြီး စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ စစ်ကောင်စီက အတင်းအကြပ်စေခိုင်းလို့ ပျူစောထီးဖြစ်ရတာလို့ ကျနော်တို့သိထားရပါတယ်။ သူတို့ကို လွတ်လပ်စွာနဲ့နေထိုင်နိုင်အောင် စီမံပေးထားပါတယ်။ ကျေးရွာတွေမှာ ပြည်သူလူထုတွေကို ညှင်းပန်းနှိပ်စက်တာတွေ၊ အတင်းအကြပ်ခိုင်းစေတာတွေရှိလို့ အကြောက်တရားနဲ့ ထွက်ပြေးလာတာ “
“ဆွဲတာကတော့ ဝန်ကြီးချုပ်ကို တည်ပြီးဆွဲတာ၊ ရှေ့နောက် Jammer တွေကာပြီး လမ်းလျှောက်တာ ဆိုတော့ မိုင်းကမကွဲဘဲ လူတန်းကျော်မှမိုင်းက ပေါက်ကွဲသွားတာ၊ ဝန်ကြီးချုပ် ကတော်ကတော့ မိုင်းပေါက်ကွဲသံကြားပြီး လန့်ပြီးတော့ နှလုံးဖောက်ပြီး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်”
"ဒရုန်း ၉ စီးနဲ့ ချတာ၊ ဗုံးသီး ၃၈ လုံးချခဲ့တယ်၊ ၁ မိုင်ကျော်လောက်အကွာက ချခဲ့တာ၊ အခုသိရတာက စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်၊ အခုအဲ့ဒီရွာက ပျူစောထီးတွေကလည်း ထွက်ချင်လို့ ဆက်သွယ်တာရှိတယ်"
“မနက် ၅ နာရီကနေ ညနေ ၄ နာရီ ၄၀ မိနစ်အထိချခဲ့တာ။ ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံးချခဲ့တာ၊ ကျနော်တို့ကြားတာက ၄ ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။”
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ BNRA တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးနဲ့ တပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၂၆ လက်နဲ့ ကျည်ဆံခဲယမ်း အများအပြားလည်း သိမ်းဆည်းခံထားရတယ်လို့ ပြောပါတယ်။
ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ၂ မိုင်ခွဲအကွာအဝေးကနေ ရော့ကတ် ၁၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“သူက အားလုံးလွတ်မြောက်မဲ့နေရာကို လာခေါ်ဖို့ချိန်းတယ်၊ ချိန်းတော့ ဒီဘက်ကသွားကြိုပါတယ်၊ သူတို့ကလည်း ချိန်းဆိုတဲ့နေရာကို ပစ္စည်းတွေနဲ့ရောက်လာတယ်”
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။
စစ်ကြောင်းဟာ နှမ်းဆီကန်ရွာ ပြည်သူပိုင်နေအိမ်တွေက ရိက္ခာတွေယူပြီးထွက်လာတဲ့အချိန် ရွာလယ်မှာ ပေပါမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဆိုပါတယ်။