Danger

မြိုင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် ၄ နေရာ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ကာကွယ်ရေးတပ်တွေအနေနဲ့ ကိုယ့်မြို့ကို ပြန်လာနေပြီ။ မြို့အနီးတဝိုက်တွေမှာလည်း အကုန်လုံးရောက်နေပြီ။ မြို့ကိုလည်း ခဏလေးအတွင်းမှာ ပြန်လာလို့ရနေပြီဆိုတဲ့အကြောင်း စစ်ကောင်စီသိစေချင်တာ။"

ရွှေမုတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးဟုဆို

"ကျနော်တို့ ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ ၆ နေရာထဲက အဓိကမိန်းနေရာဖြစ်တဲ့ ရွှေမုတောဘုန်းကြီးကျောင်းထဲကို ဝင်တိုက်တာ၊ မုံရွာ နမခက စစ်သားတွေလို့ သိရတယ်၊ အဲ့ဒီတပ်စွဲထားတဲ့ ရွှေမုတောဘုန်းကြီးကျောင်းကို သိမ်းနိုင်ဖို့အထိကြိုးစားခဲ့တယ်။ စစ်ကောင်စီဘက်က စစ်ကူလာတာတွေရှိတာကြောင့် စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး။ ပြန်နောက်ဆုတ်ခဲ့ရတယ်"

ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခံရလို့ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

"သူတို့စစ်ကြောင်းထိုးလာတာကို ကျနော်တို့ကြိုသိရတယ်။ ရှေ့ကနေအဆင်သင့်စောင့်နေတာ။ သူတို့ ကျနော်တို့ရဲ့ပစ်ကွင်းထဲကိုရောက်တာနဲ့ စနိုက်ပါနဲ့ ပစ်လိုက်တာ ၄ ကောင်တခါတည်းမှောက်ပြီး သေတယ်။ တိုက်ပွဲအချိန်က မိနစ် ၄၀ လောက်ကြာတယ်။" လို့ ပြောပါတယ်။

ထီးလင်းမှာ ဓါးစာခံပြည်သူတဦးကို သတ်သွားတဲ့ တပ်မ ၇၇ စစ်သားတွေ မိုင်းဆွဲခံရ

"ကျနော်တို့ဘက်က ထောင်ထားတဲ့တိုက်မိုင်း ထိတွေ့မှုဖြစ်ခဲ့တာပါ။ ပစ်ခတ်မှုတော့ မရှိခဲ့ဘူး။ ရန်သူ့ဘက်က အကျအဆုံးတွေရှိတယ်။ ရန်သူ့ဘက်က ၄ ကောင်ကျပြီး ၆ ကောင်ဒဏ်ရာရတယ်။ အတည်ပြုပါတယ်။"

တိုက်ပွဲတွင်း ပြောင်းကွဲလို့ PDF တဦးကျဆုံး (ရုပ်/သံ)

အဲ့ဒီနေ့ တိုက်ပွဲကပြန်ဆုတ်လာတဲ့ ရဲဘော်တွေကို နောက်တန်းကနေ လက်နက်ကြီးနဲ့ ကာပစ်ပေးချိန် လက်လုပ်လက်နက်ကြီး ပြောင်းကွဲခဲ့လို့ ဗီဒီယိုမှတ်တမ်းယူနေတဲ့ Pakokku Underground Force က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျော်သူအောင် (ခေါ်) Snake ကြီး ကျဆုံးခဲ့ပါတယ်။

မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး

"အဲ့ဒီနယ်ထိန်းခေါင်းဆောင် ကျည်ထိမှန်ပြီး လဲကျသွားတာမြင်ရတယ်။ အခု ပြန်စုံစမ်းကြည့်တာမှာ သူသေသွားတယ်လို့ သိရတယ်။ သင်္ဂြိုဟ်မှာကတော့ မြိုင်သုဿန်မှာလား၊ မြို့ထဲမှာပဲသင်္ဂြိုဟ် မလားမသိသေးဘူး” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်"

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"ဒီကောင်တွေက ဘာမှ Stand by မရှိဘူး။ ဂိမ်းဆော့တဲ့ကောင်က ဆော့။ ဆေးလိပ်သောက်တဲ့ကောင်က သောက်။ ထမင်းစားတဲ့ကောင်က စား။ ဂန်း(သေနတ်) နဲ့ လူနဲ့လည်း တခြားစီပေါ့နော်။ ဒီကောင်တွေ ောက်တလွဲလုပ်နေကြတာပေါ့။ သူတို့ကို လာလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အများကြီးလျှော့တွက်ထားတာ"

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင်

“ စစ်ဆေးရေးဂိတ်မှာ ရဲ** ၃ ယောက်လောက်ပဲရှိတယ်။ ကျနော်တို့ ဆိုင်ကယ် ၄ စီးနဲ့သွားပြီးပစ်တာ။ အဲ့လိုပစ်ခဲ့တာမှာ ရဲ** တကောင်ဆီက ဂန်းတလက်ရအောင်ယူခဲ့တယ်။ ကျနော်တို့ရောက်ရောက်ချင်း ၅ မိနစ်အထိ မရပ်တန်းပစ်တာ”

ကျောက်ထုကနေ တပ်မ ၁၀၁ကိုလာတဲ့ စစ်ယာဥ်တန်းနဲ့လုံခြုံရေးအဖွဲ့တွေ မိုင်းဆွဲခံရ (ရုပ်/သံ)

ဩဂုတ်လ ၂၂ ရက် မနက် ၈နာရီလောက်မှာ အဲ့ဒီယာဥ်တန်းတွေကို ကမ္မနဲ့ ပခုက္ကူအကြားမှာ မြိုင် ပကဖက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်သလို မြေပြင်မှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ကမ္မမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

“ကျနော်တို့က ကပ်ပြီးမိုင်းဆွဲတာ၊ ထိခိုက်မှုလည်းများအောင် သေဆုံးမှုလည်းများအောင်ဆိုပြီးတော့ ကားတစီးတည်းကို ကပ်ဆွဲတာဗျ၊ သူတို့ဘက်က ၆ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်”

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"စစ်ဆေးရေဂိတ်မှာ အခါတိုင်းက အင်အားကတော့ ၆ ယောက်ရှိတာ၊ ဒီနေ့ ၃ ယောက်ရှိတယ်၊ ၂ ကောင်ကတော့ ထွက်ပြေးသွားတယ်၊ ၁ ကောင်ကသေပြီး သေနတ်ကျန်ခဲ့တယ်"

စစ်တပ်အထိုင်ချထားတဲ့ ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ မပစ်ခင် မနက်စောစောက စခန်းထဲက ၁၇ ယောက်လောက်ထွက်ပြီး လက်နက်ကြီးနဲ့ ရွာသားတွေဘက်ကို ပစ်တာ။ မိန်းမသားတဦး လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း အဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲချတယ်။"

တိုက်ပွဲအတွင်း တိုက်နယ်စွန်အဖွဲ့က ရဲဘော် ၂ ဦးသေဆုံး

“စစ်ကောင်စီပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီးကျည်က ရဲဘော်အနားကျပြီး ထိမှန်သွားတယ်၊ သူ့ကို မနက် ၇ နာရီခွဲမှာဆေးခန်းကို ပို့ဆောင်ပြီးတော့ ခွဲစိတ်ကုသပေမယ့် ညနေ ၄ နာရီ ၃၇ မိနစ်မှာ ရဲဘော်က သေဆုံးခဲ့တယ်”

မုံရွာက ဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ၊ ၄ ဦးသေပြီး သေနတ်ပါသိမ်းနိုင်ခဲ့ (ရုပ်/သံ)

"စစ်** ၅ ကောင်ရှိတဲ့အချိန်မှာ ကျနော်တို့က ကားနဲ့သူတို့ရဲ့ အနီးကပ်ကိုရပ်ပြီးတော့ ပစ်ခတ်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ နေရာမှာပဲ ** ၄ ကောင်သေသွားပါတယ်၊ ၁ ကောင်ကတော့ လွတ်သွားတယ်၊ လွတ်သွားပြီး လမ်းဘေးကကျောက်ပုံဘက်မှာ ကာဗာယူပြီးပြန်ပစ်တာကြောင့် Gun ၁ လက်ပဲ ကောက်နိုင်ခဲ့တယ်"လို့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10