Danger

စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ပွင့်ဗိုလ်အပါ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

"ဂိတ် အနီးအနားမှာ ကင်းပုန်းဝတ်တဲ့ပုံစံမျိုး စောင့်နေတဲ့ ** ၂ ကောင်ကို ကျနော်တို့ လက်ဦးမှုယူပြီး မီတာ ၅၀ အကွာကနေ ပစ်သတ်နိုင်ခဲ့တယ်။ ဘန်ကာနားမှာထိုင်နေတဲ့ ၂ ပွင့်ဗိုလ်လည်းမှန်တယ်။ မှန်ပြီးပြီးချင်း ပခုက္ကူသပြေညိုဆေးရုံမှာ တက်ရောက်ကုသတယ်၊ ညက သေသွားတယ်။ ကျနော်တို့ သတ်ချင်နေတဲ့ ပျူကောင် ခြေထောက်မှန်တယ်၊ အဲ့ဒီကောင်ကတော့ မသေဘူး၊ ဆေးကုနေတယ်၊"

စစ်ကိုင်းမှာ တပ်မ ၃၃ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"အဲ့ဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပဒူရွာမှာ အထိုင်ချနေတာ။ အင်အားကတော့ ၇၀ လောက်ပါတယ်။ စစ်သားတွေကတော့ တပ်မ ၃၃ ကပါ။ လက်လုပ်အဖူး ၁၂ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်း"

ရေစကြိုနယ်မှာ ခလရ ၂၅၇ စစ်ကြောင်း ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"တိုက်ခိုက်တာက နာရီဝက်လောက်ကြာတယ်။ သေဆုံးတာကတော့ ၇ ကောင်သေတယ်။ ခလရ ၂၅၇ တပ်က စစ်သားတွေပါ။ တိုက်ခိုက်ပြီးနောက် ခလရ ၂၅၇ တပ်ထဲကနေ ကား ၂ စီးထွက်လာတယ်။ တစီးကတော့ အထောက်ကားဖြစ်ပြီး တစီးကတော့ ဖောကားနဲ့ လူအင်အားချိန်းတယ်။ ဒဏ်ရာရတာဟာတွေ သေတဲ့ဟာတွေ အဲ့ဒီကားနဲ့တင်ပြီး ပြန်ဆုတ်သွားတယ်"

ပခုက္ကူ တပ်မ ၁၀၁ ကိုသွားမယ့် စစ်အုပ်စု တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

"မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်လောက်မှာ အုန်းတောရွာကို ဝင်တယ်၊ နေ့လယ် ၁၀ နာရီလောက်မှာ အုန်းတောရွာအပြင်ဘက်ထွက်လာတဲ့အချိန် ကျနော်တို့က အသင့်စောင့်ပြီး ဝိုင်းပစ်ကြတယ်၊ စစ်ကောင်စီဘက်က စစ်** ၃ ကောင်လဲကျသွားတယ်၊ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ နောက်ထပ်တပွဲဖြစ်တယ်၊ ၅ မိနစ်လောက်ပဲ ကြာတယ်၊ ၁ ကောင်တော့လဲကျသွားတယ်၊ ၃ ကောင်သေပြီး ပေါက်ဆေးရုံမှာ ၁ ကောင်ကုသနေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ရိက္ခာကားတွေကို ကင်းစောင့်မယ့် စစ်အုပ်စုမိုင်းဆွဲခံရလို့ ၄ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ(ရုပ်/သံ)

"ကင်းပုန်းဝတ်နေတာကို ကျနော်တို့မိုင်းဆွဲလိုက်တာ ၂ ယောက်ကတော့ မိုင်းဆွဲလိုက်တဲ့နေရာမှာ ပျောက်သွားတယ်။ ကျန်တဲ့ ၂ ယောက်က ကတ္တရာလမ်းပေါ်မှာ အူတွေထွက်ပြီး ပတ်လက်လှန်ပြီးလဲနေတယ်။ ၁၃ ယောက်လောက်လည်း မိုင်းထိပြီးလဲတယ်။ဘုန်းကြီးကား ၁ စီးနဲ့ ပခုက္ကူကနာရေးကား ၂ စီးနဲ့ အဲ့ဒီအကောင်တွေကို ပခုက္ကူဘက်ကို ပြန်ခေါ်သွားတယ်" လို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ရေယာဉ်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

"ကျနော်တို့ အဖွဲ့က စနိုက်ပါသမားပြောပြတာက သူပစ်တဲ့အထဲမှာ စစ်သား ၃ ဦးသေတယ်။ သူနဲ့ ရဲဘော်တွေ မြင်ရတာပါ။ ဒေသခံတွေပြန်ပြောချက်အရ အဲ့ဒီဖလပ်အပေါ်မှာ ၅ လောင်းတင်သွားတယ်"

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း တရက်တည်း အကြိမ်ကြိမ်မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"စစ်ခွေးယာဉ်တန်း ၄၈ စီးမထွက်ခင်မှာ ရှေ့ပြေးပွိုင့် အင်အား ၈၀ လောက်နဲ့ ထွက်လာတာမှာ ပေါက်မြို့အထွက်မှာ တိုက်မိုင်းထိပြီး ခွေး ၂ ကောင်သေပြီး ၁ ကောင်ထိခိုက်ဒဏ်ရာရတယ်။ အတွင်းသတင်းပေး ပြောချက်အရ အားလုံးပေါင်း ဒီတိုက်ခိုက်မှုမှာ ၇ ကောင်အထက်သေပြီး ၁၃ ကောင်ဒဏ်ရာရတယ်။ ဒီကောင်တွေက အိမ်တွင်းမှုကျောင်းထဲကနေ လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်၊ ကုန်းတော၊ တောင်စု မြောက်စုတွေဘက်ကို ကျတယ်၊ ပြည်သူတွေကော ရဲဘော်တွေကော အထိအခိုက်ဒဏ်ရာမရှိဘူး"

မြိုင်နယ်၊ သရက်ကွရွာက စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

"အဖွဲ့ပေါင်းစုံကလည်း စက်လတ်တို့နဲ့လည်းပစ်တယ်၊ ကျနော်တို့ရဲဘော်တွေပစ်တာတင် စစ်** ၃ ကောင်သေတယ်၊၂ ကောင်ကအပြင်းအထန်ဒဏ်ရာရရှိတယ်၊ အတွင်းဖရဲသီး သတင်းပေးချက်အရ သိရတာပါ၊ နေ့လယ် ၂ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီအထိ ၂ နာရီအကြာ တိုက်ခိုက်ခဲ့တာ"

ကင်းပတ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ‌၃ ဦးသေဆုံး၊ လက်နက်တွေပါ သိမ်းနိုင်ခဲ့

"ကျနော်တို့ရဲဘော်တွေဟာ ကင်းပုန်းဝပ်ပြီးတော့ ပစ်ခတ်တိုက်ခိုက် သုတ်တင်ရှင်းလင်းနိုင်ခဲ့တာ"

ဦးဇင်းတပါးကို ကယ်ထုတ်ရင်း အသတ်ခံလိုက်ရတဲ့ PDF ရဲဘော်ရဲ့ နောက်ဆုံးဈာပန (ရုပ်/သံ)

"ထက်ကြီးရွာအရောက်မှာ သတ်ပြီးတော့ မြောင်းထဲကို ပစ်ချထားခဲ့တယ်၊ ကျနော်တို့ ရဲဘော်ရဲ့အလောင်းကိုတော့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ပြန်ပြီးတော့ သယ်ထုတ်လာနိုင်ခဲ့တယ်"လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

“အင်အားကတော့ ပုံသေမရှိဘူး၊ ဒီကောင်တွေက နည်းပညာတက္ကသိုလ်အထဲမှာ တပ်စွဲတယ်။ ပြီးရင် စစ်ကြောင်းပတ်ထိုးတယ်၊ ပြီးရင် ဘယ်ရောက်လို့ ရောက်သွားကြမှန်းမသိဘူး၊ အဲ့ဒါပြီးတော့ နောက်တဖွဲ့ ပြန်ရောက်လာပြန်တယ်၊ ပစ်ခတ်တာတော့ တော်တော်များများ ပစ်ခတ်ခဲ့တာပါ”

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

"ကျနော်တို့က လက်နက်ကြီးနဲ့ ၃ လုံးပစ်တယ်၊ သူတို့ထွက်ပစ်တော့ ကျနော်တို့နဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်၊ တိုက်ပွဲချိန်က ၁ နာရီလောက်ကြာခဲ့တယ်၊ ထုလိုက်ရပ်လိုက်ပစ်လိုက်လုပ်ကြတာပါ၊ ၆၀ မမနဲ့ပစ်ပြီး စနိုက်ပါနဲ့ပစ်ခဲ့တယ်၊ G3 တတောင့်ထိုးတွေနဲ့လည်း ပစ်ခဲ့တာ၊ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ တဦးသေဆုံးခဲ့တာ မျက်မြင်ကိုယ်တွေပါ" လို့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး

တိုက်ပွဲကျသေဆုံးခဲ့တဲ့ ရဲဘော်ဟာ အသက် ၃၃ နှစ်အရွယ် တပ်ခွဲမှူး နိုင်ဝင်း ဆိုသူဖြစ်ပြီး စစ်ကြောင်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ PDF တွေအကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အခြားရဲဘော်တွေ လွတ်မြောက်ဖို့ နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့တာကြောင့် သေဆုံးခဲ့တာလို့ တာဝန်ခံက ပြောပါတယ်။

ပြည်သူပိုင်သစ်တွေ သယ်ယူနေတဲ့ အင်အား ၁၅၀ ပါ စစ်အုပ်စုကို PDF တွေ သွားရောက်တိုက်ခိုက် (ရုပ်/သံ)

အဲဒီစစ်အုပ်စုဟာ စည်သူသံဖိုးသစ်ကွင်းက ပြည်သူပိုင်သစ်တွေကိုလည်း ဖျက်ဆီးတာ၊ ကမ်းနားဘေးမှာရှိတဲ့ ပြည်သူ့စက်လှေတွေကိုမျှောပစ်တာ၊ သစ်ခိုးထုတ်တာ၊ နေအိမ်တွေထဲက ပစ္စည်းတွေခိုးယူသလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာတွေလည်း လုပ်နေတယ်လို့ BDF-Yinmarbin (Brother Defense Force) ဗိုလ်နေလအောင်က ပြောပါတယ်။

စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်း ၁၁ လုံးဆွဲခံရလို့ သေဆုံးမှုများဟုဆို

"ရွာတောင်ပိုင်း ကားလမ်းဘေး လမ်းဆုံနားမှာ သူတို့လာရင် ရှောင်မလွတ်အောင် မိုင်းကွင်းဆင်ထားတာ။ သူတို့လာတာကိုလည်းမြင်ရော သေချာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မျက်မြင်မှာကို တော်တော်များများ လဲကျသွားတာ တွေ့လိုက်ရတယ်။ ထိခိုက်သေဆုံးက တော်တော်များတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10