Danger

PDF ၁ ဦးဖမ်းပေးရင် ၁၀ သိန်းပေးမယ်ဆိုတဲ့ ပျူစောထီးအုပ်ချုပ်ရေးမှူးဆိုသူ ရှင်းလင်းခံရ

"ရှင်းလင်းခံလိုက်ရတဲ့ ဒေါင်းတင်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်‌ရေးမှူးလုပ်တာအပြင် ပျူစောထီးတာဝန်လည်း ထမ်းဆောင်နေတာ၊ သူဆီက လက်ရှိသိမ်းဆီးရမိတဲ့ ဖုန်းထဲမှာလည်း စစ်ကောင်စီနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်တွေလည်းရှိတယ်" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။

လူနေအိမ် မီးရှို့ပြီးပြန်လာတဲ့ စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ ရန်ကုန်တိုင်း တပ်မ ၁၁ လက်အောက်ခံ အင်းတကော် ၇၀၉ တပ်နဲ့ ၇၀၁ တပ်က ဖြစ်ပြီး ဩဂုတ် ၃ ရက် မနက် ၉ နာရီမှာ မိုင်း ၂ လုံးဆွဲကာ တိုက်ခိုက်တဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်သားနဲ့ ပျူတွေတပ်စွဲထားတဲ့ ဇီးတောရွာ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

"စစ်ဆေးရေးဂိတ် သိမ်းတဲ့အချိန် ညနေ ၅ နာရီလောက်မှာ ကျနော်တို့က မောင်းသူမဲ့ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချခဲ့တာ။ သူတို့ဘက်က ၆၀ မမနဲ့ ၂ လုံးပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ မထိခဲ့ပါဘူး။မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး"

ပုလဲမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

“ကျနော်တို့ရဲဘော်တွေက အလစ်အငိုက်တိုက်တာ၊ 79 ဗဒိန် (လက်လုပ်) လက်နက်ကြီးနဲ့ ထုတာ၊ ခန့်မှန်းခြေက ** ၄ ကောင်သေတယ်၊ ၁၀ ကောင်လောက်ဒဏ်ရာရတယ်၊ သူတို့ချက်ချင်းပဲ အနောက်ကို ပြန်ဆုတ်သွားတယ်”

ကျပ်ထိုးရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေများနိုင်

"ကျနော်တို့က ဒီမစ်ရှင်ကိုလုပ်ဖို့ လွန်ခဲ့တဲ့ တလ နှစ်လ လောက်ကတည်းက အချိန်ယူနေတာ။ နယ်မြေလေ့လာရတယ်။ ကျနော်တို့ သတင်းအချက်အလက်ပြည့်စုံပြီဆိုတာနဲ့ စခန်းတိုက်ဖို့ ၃ ရက်အလိုကတည်းက ချဉ်းကပ်ခဲ့တာ။ စခန်းရဲ့အတွင်းဧရိယာအထိ စီးနင်းနိုင်ခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုလည်း အရမ်းများပါတယ်။ ကျနော်တို့ မျက်မြင်တွေ့တာကို ၁၀ ကောင်ထက်အထက်မှာရှိတယ်။"

စစ်ဆေးရေးဂိတ်က ရဲတွေ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

"မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးမှာရှိတဲ့ ဇလုပ်အဝိုင်းပတ်က စစ်ဆေးရေးဂိတ်ကို သွားပစ်တာ၊ ပစ်ခတ်အချိန်က မိနစ်အနည်းငယ်ပဲကြာတယ်၊ အကြာကြီးမပစ်ခဲ့ဘူး၊ အဓိကတော့ စစ်ဆေးနေတဲ့ကောင်တွေပဲ ပစ်ပြီးတော့ ကျနော်တို့အထိ အခိုက်မရှိပြန်ဆုတ်ခဲ့တာ၊ မျက်မြင်တွေပြောပြလို့ သိရတာက ရဲ ၂ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်"

ကျောက်ရစ်ရွာက စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၂ ဦးသေ ၅ ဦးဒဏ်ရာရ

"စစ်ကောင်စီအထိုင်ချထားတဲ့ ကျောက်ရစ်စခန်းကို ဝိုင်းတိုက်တာ။ ကျနော်တို့ဘက်က RPG 79 Pading စက်ကလေးတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထမင်းစားသောက်နေတဲ့နေရာကို ထုတာ။ စစ်** ၂ ကောင်သေပြီးတော့ ၅ ဦးဒဏ်ရာရတယ်ဆိုတာ ပြည်သူတွေက ပြန်ပြောလို့ သိရပါတယ်။"

စစ်သားနဲ့ပျူ တပ်စွဲထားတဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

“ကျနော်တို့က သူတို့ကင်းစခန်းကို ပြောက်ကျားနည်းနဲ့ ဗျူဟာဆွဲပြီးကပ်တယ်၊ ကျနော်တို့ အခုလိုဝင်တိုက်တာ သတင်းလည်းမပေါက်တဲ့အတွက် အခွင့်အရေးလည်းရသွားတာပေါ့၊ လက်ဦးမှုလည်း ရသွားတယ်”

ပေါက်မြို့နယ်က ရွာတွေမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

"ကျနော်တို့ ပေါက်မြို့နယ်၊ ယာကြီးပြင်ပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၆၈ လုံးဖြုတ်ချတဲ့အပြင် ရှော့တိုက်ဒုံးနဲ့က ၁၈ လုံးပစ်တယ်။ ၂၇ ရက်က ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၉ လုံးဖြုတ်ချပြီး ရှော့တိုက်ဒုံး ၁၈ လုံးပစ်တယ်။ ၂၈ ရက်က တပ်ကုန်း ရွာသစ်ရွာ ကိုင်းလယ်ရဲစခန်းကို ဗုံးသီး ၉၈ လုံးဖြုတ်ချတယ်။ ရှော့တိုက်ဒုံးက ၂၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"

စစ်ကောင်စီ ထောက်ပို့သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ မုံရွာမြို့နယ်၊ အမြင့်ရွာအထက်နားမှာ နေ့လယ် ၂ နာရီ မိနစ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် မိနစ် ၂၀ ကြာတယ်၊ စစ်သင်္ဘောက ၇ စီးလာတာ၊ နောက်ဆုံးအစီးကို ရှေ့ပွိုင့်ပြောင်း ၁၂ လုံးကို ၃ ပွိုင့်ခွဲပြီးတိုက်ခဲ့တာ၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်၊ ထိခိုက်ပျက်ဆီးမှုကတော့ စုံစမ်းဆဲပါ" လို့ Chindwin Fighter Group (C.F.G) တာဝန်ခံက ပြောပါတယ်။

မြို့ပြတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲများ ရှေ့ဆက်ဆင်နွှဲမည့် ပခုက္ကူက SPECIAL TASK FORCE

၎င်းတို့အဖွဲ့သည် မြို့ပြစစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲရန် RPG တလက်ပိုင်ဆိုင်ထားပြီးဖြစ်သည်။ တော်လှန်ရေး၏ ဒုတိယအသက်သည် ထောက်ပို့အင်အားဖြစ်သည်ဟု PAKOKKU - SPECIAL TASK FORCE ကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများက ထောက်ပံ့မှုများ ပေးမည်ဆိုပါက သူတို့တပ်ဖွဲ့ အနေဖြင့် မြို့ပြတွေအထိ အရောက်လှမ်းခဲ့မည်ဟု ပြောသည်။

ပျူရွာကထွက်လာတဲ့ ၁၈နှစ်အရွယ် PDF ရဲမေတဦးရဲ့ တော်လှန်လိုစိတ်

စစ်ကိုင်းတိုင်းအတွင်းက ရွာလေးတရွာမှာ မွေးဖွားခဲ့တဲ့ အသက်၁၈နှစ်အရွယ် အမွှေစိန်ဆိုတဲ့ အမျိုးသမီးငယ်တဦးဟာ အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွာနဲ့အိမ်ကို စွန့်ပြီးထွက်ခွာလာခဲ့ပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၄ဦး သေဆုံးနိုင်

"မနေ့က လက်နက်ကြီးနဲ့ ထုလိုက်တာမှာ ၄ ယောက်ကတော့ တုံးလုံးလဲသွားတယ်။ ၄ ယောက်လုံးသေဖို့များနိုင်တယ်။ ၄၀ မမနဲ့ ပစ်လိုက်တာဆိုတော့ ပြင်းအားကလည်း တော်တော်ပြင်းတယ်။ သူတို့ ၄ ယောက်နားမှာကျတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး ကျည်ဆံရှပ်ထိတာ မစိုးရိမ်ရပါဘူး။ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၂၅ မိနစ်လောက်ကြာတယ်"

ကန်ပက်လက်မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ် လမ်းမှာ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ

“ကိုယ့်ဘက်ပစ်ခတ်လိုက်လို့ သူတို့ဘက်က သေတာကို မြင်ခဲ့ရလို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။ သေတာကတော့ ၄ ဦးတော့ အတည်ပြုလို့ရတယ်” လို့ The Youth Force Saw&Kyaukhtu တာဝန်ခံက ပြောပါတယ်။

လမ်းသွားလမ်းလာတွေကို ငွေတောင်းနေတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

"အဲ့ဒီမှာ သူတို့တွေက ကတုတ်ကျင်းတွေ ဘန်ကာတွေ အခိုင်အမာဆောက်ပြီးတော့ သူတို့ရိက္ခာရရေးအတွက် မန္တလေး-မုံရွာအမြန်လမ်းမပေါ်တက်ပြီး ဆပ်ကြေးကောက်နေတာ။ အဲ့ဒီဆပ်ကြေးကောက်နေတာကို ကျနော်တို့က သွားရောက်ပစ်ခတ်ခဲ့တာ။" လို့ T.G.R Wormen Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10