Danger

လေယာဥ်ဗုံးကြဲခံရလို့ ပုလဲမြို့နယ် NUG တရားရေးတာဝန်ခံလင်မယားနဲ့ ၁နှစ်သားအပါ ၅ဦးသေဆုံး(ရုပ်/သံ)

ဒီဇင်ဘာလ ၁၂ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ဗုံးကြဲလေယာဉ်တစီးက မင်းတိုင်ပင်ရွာရှိ တရားရေးတာဝန်ခံရဲ့နေအိမ်ကို ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

"သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်"

မအူရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

မအူရဲစခန်းဟာ ရွာအလယ်မှာတည်ရှိနေပြီး နေ့လယ်ခင်းကစတင်ကာ ညနေပိုင်းအထိ ဗုံးသီး ၁၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။

မြိုင်မှာ စစ်အုပ်စု မိုင်း ၅ ကြိမ်ဆွဲ တိုက်ခိုက်ခံရ

“သူတို့ **ကား ၁ စီးနဲ့ အင်အား ၃၀ လောက်ချတယ်၊ အနီးအနားရွာတွေကို မွှေမယ့်သဘောနဲ့ ဆင်းလာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ ပစ်ခတ်မှု မိနစ် ၂၀ အကြာဖြစ်တယ်။ နောက်ထပ် မိုင်းပွိုင့် ၅ ပွိုင့်ဆွဲတယ်၊ ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်”

သီးလုံးရွာကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံးကြဲချခဲ့တယ်။ ၉ ရက်က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးသီး ၁၂ လုံးချတယ်။ ဒီကနေ့ ၁၀ ရက် ၇ နာရီ ၂၄ မိနစ်မှာလည်း ဗုံးသီး ၁၂ လုံးချခဲ့တယ်"

အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ဇနီး လုံခြုံရေးခေါင်းဆောင်အမျိုးသမီး ၂ ဦးကို PDF က ဖမ်းမိ (ရုပ်/သံ)

“ တပ်နဲ့ မီတာ ၁၀၀၀ လောက်ပဲ ကွာတော့တယ် ဖမ်းမိတဲ့နေရာက။ ရဲမေ ၂ ယောက်ကိုတော့ အရှင်ရခဲ့တယ်။ စစ်မှုထမ်းဟောင်းဆိုတဲ့ တပ်ကြပ်ကတော့ တောင်းတောင်းပန်ပန်နဲ့ခေါ်နေတဲ့ကြားထဲက ထွက်ပြေးတာကြောင့် ပစ်လိုက်တော့တာ"

ကပစ ၂၁ က စစ်သားတွေ မိုင်းဆွဲခံရ

စုစုပေါင်းစစ်သားအင်အား ၁၅၀ ပါဝင်ကာ ၁၀၀ လောက်က ကျေးရွာတဝိုက်မှာ စောင့်ကာ ၄၀ ဝန်းကျင်ကပဲ ကျေးရွာထဲကိုဝင်ရောက်လာတာဖြစ်ပြီး ဝင်လာတဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

"စိုက်ပျိုးရေးခြံဘက်အပြန်တိုက်တာ။ ပဒေသာမိုင်း ၅ လုံးခွဲပြီး လက်နက်ကြီးနဲ့ပစ်တာ။ ** ၃ ကောင်နဲ့ ပျူ‌စောထီး ၂ ကောင်သေတယ်လို့ သိရတယ်။ သေဆုံးတဲ့ အလောင်းတွေကိုတော့ ၅ ရက်နေ့က သင်္ဂြိုဟ်တယ်"

စစ်ကောင်စီတပ်သား ၃ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦးထွက်ပြေး

"ကျနော်တို့မနေ့က တပ်ထဲကနေပြီးတော့ စစ်** ၃ ယောက်ထွက်ပြေးတယ်ဆိုပြီး သတင်းအတိအကျရတယ်။ အဲ့လိုသတင်းအတိအကျရပြီး ကျနော်တို့ ပကဖ ရဲဘော်တွေက လိုက်လံပိတ်ဆို့ထားတယ်၊ ပိတ်ဆို့တဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေနဲ့တွေ့တယ်၊ ပစ်ခတ်တဲ့အချိန်အဲဒီအထဲက ၁ ယောက်ကကျည်ထိမှန်သွားပြီး သေဆုံးတယ်"

ပခုက္ကူက စစ်ဆေးရေးဂိတ်ကို PDFတွေဝင်ပစ်လို့ စစ်သား ၁ ဦးသေ (ရုပ်/သံ)

"နေ့လယ် ၁၁ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ၇ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်။ မီတာ ၁၅၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

စစ်တပ် ၄ ခု ဝန်းရံနေတဲ့ ကဇွန်းမရဲစခန်းကို PDF တွေဝင်တိုက်၊ စစ်ကူအလုံးအရင်းနဲ့လာလို့ ပြန်ဆုတ်ပေးရ

“သိသလောက်က ရဲ ၂ ယောက်သေတယ်လို့ သိရတယ်။ စစ်တပ်ကထိခိုက်မှုတော့မသိရဘူး။ ကဇွန်းမမှာ ဝင်မထိုင်နိုင်ဘူး။ စစ်ကူအလုံးအရင်းနဲ့တက်လာလို့ ဆုတ်ပေးလိုက်ရတယ်လို့ သိရတယ်”

စလင်းက ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

ဦးဆန်းလွင်ဟာ အမဲသားရောင်းသူဖြစ်ပြီး စစ်တပ်နဲ့ပေါင်းကာ ဒေသခံတွေရဲ့နွားတွေကို စျေးနှိမ်ဝယ်ယူတဲ့အပြင် သူ့ဆီကို မရောင်းသူတွေကိုလည်း PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာတွေလုပ်တယ်လို့ သိရတာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

တောင်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ BRR ရဲဘော် ၁၅ ဦး (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ Burma Revolution Rangers အဖွဲ့ဟာ တော်လှန်ချိန် ၂ နှစ်ကျော်ကြာလာတဲ့အထိ လက်နက်ခဲယမ်းအတွက် တောင်သူလုပ်ရင်း ရဲဘော်အင်အား ၁၅ ဦးနဲ့ တော်လှန်နေတာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို

“အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးပြီးတော့ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေအရ သိရတယ်၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်”

ပခုက္ကူရှိ ခလရ ၂၅၂ တပ်ကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

“ခလရ ၂၅၂ တပ်ဝန်းထဲက လက်နက်ဂိုထောင်ပေါ်ကျပြီး ပေါက်ကွဲခဲ့တာ၊ အထိအခိုက်ကတော့ တပ်တွင်း သတင်းအရ သိရတာပါ။ သေဆုံးတာကတော့ ၄ ဦးထက်မနည်းသေတယ်လို့ သိရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10