ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီကအထိုင်ချစစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးနေရ
"သူတို့ စစ်ကြောင်းက အထိုင်ချပြီး ရိုးမပေါ်ထိုးနေတာ။ အုတ်ဖိုအရှေ့ဘက်ခြမ်းကိုပေါ့။ သူတိုက လူတွေသာ ချိန်းသွားတယ်။ ရိုးမပေါ်တက်တက်ရှာတာက မပျက်ဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်လိုက်။ သွားလိုက်လုပ်နေတာ။ သူတို့လာတော့ ဒေသခံတွေကလည်း ပြဿနာရှာခံရမှာစိုးပြီး ပြောင်းသွားကြတာ။ အဲ့ဘက်ခြမ်းက ဒေသခံအများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်"လို့ ပြောပါတယ်။