Kyaw Gyi

၃ ပတ်ကျော်အတွင်း စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၇၀၀ ဝန်းကျင်ကိုမီးရှို့ပြီး ဒေသခံ ၁၆ ဦးကိုသတ်ခဲ့

"တိုက်ပွဲဖြစ်လို့ မီးရှို့တာမဟုတ်ဘူး။ ဒီကောင်တွေက ရွာတွေကိုဝင်ရင် ညဘက်ဝင်တယ်။ သေနတ်တွေ ဖောက်တယ်။ လူတွေဖမ်းတယ်။ သတ်တယ်။ မီးရှို့တယ်။ အိမ်ခြေပဲ ၇၀၀ ဝန်းကျင်လောက်ရှိပြီး။ ဒေသခံတွေသေတာလည်းရှိတယ်"

ဒရုန်းဗုံးနဲ့လက်နက်ကြီးစထိမှန်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ် ၇ လုံးမီးလောင်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့အတွက် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။

နွားထိုးကြီးမှာ ကျေးရွာထဲ လေယာဥ်ဗုံးကြဲခံရလို့ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၃ လုံးပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၃ လုံးပျက်စီးသွားတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

တောင်ငူမှာ ၉ တန်းကျောင်းသူကို အိမ်နီးချင်းအမျိုးသား ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး ၂ ဦးကို ဖမ်းမိထား

"တယောက်က နေ့ချင်းမိတယ်။ သူနေအိမ်မှာဘဲ ဟန်မပျက်ပြန်နေ နေကြတာ။ ကောင်မလေးသတ်ခံရပြီးတော့ သူ့မိဘတွေပြန်ရောက်လာတယ်။ ပရဟိတလူတွေကလည်း နာရေးမဏ္ဍပ်လုပ်နေကြချိန် သတ်တဲ့လူကိုယ်တိုင် နားရေးမဏ္ဍပ်လာထိုးကူတယ်။ ဟန်မပျက် ပြန်နေတယ်ပေါ့။ သတ်ခံရတဲ့မိန်းကလေးရဲ့အဖေက (ကျူးလွန်သူတွေကို) ခိုင်းနေ၊ အိမ်မှာလည်း စားနေ နေကြသူတွေဆိုတော့ သူတို့လည်းဟန်မပျက်နေကြတာ"

ရေဦးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

"သူတို့က ဒီနေ့ ရေဦးကို Mi 17 ဆင်းမယ်ဆိုတော့ မြို့အစပ်မှာ ကင်းပုန်းပုံစံစစ်ဆေးရေး လုပ်နေတော့ ဗုံးချလိုက်တာ။ လုံခြုံရေးယူရင်း စစ်ဆေးရေးလုပ်နေကြတာ။"

တောင်ငူမှာ ဆိုင်ကယ်စီးလာတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ဒုရဲအုပ် ၁ ဦး သေဆုံး

" သူတို့ ရဲကို ပစ်သွားတာမှန်တယ်။ ရဲက စာသင်ကျောင်းကိစ္စလာတာ။ သူ့ကို ဖြတ်ပစ်ပြီးတော့ သေနတ်ကိုယူလာတာ အဲဒါကအမှန်ပဲ။ သေတာက ဒုရဲအုပ်လို့သိရတယ်။ အဲ့နေရာက ကျနော်တို့အဖွဲ့တွေသွားလို့မရတဲ့နေရာမျိုး။ အဲဒါကို သွားလုပ်ခဲ့ကြတာ။"

မြင်းခြံမြို့နယ် ကံဆင့်ရွာဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

"ရွာခံတွေက လက်နက်ကြီးနဲ့ပစ်နေတဲ့အချိန်မှာ ဗုံးခိုကျင်းထဲနေကြတာ။ ပစ်ပြီးတော့ ဦးလှကိုက ရွာသားတွေထိခိုက်ရှိ၊ မရှိ ထွက်ကြည့်တဲ့အချိန်မှာ လေယာဥ်ဗုံးက သူအိမ်ပေါ်တည့်တည့်ကျတာမှာ သူ့ကိုထိသွားတာ"

ပဲခူးနဲ့မွန်ပြည်နယ်အစပ်မှာ လက်နက်ကြီးထိလို့ သံဃာ ၁ ပါးပျံလွန်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာအခြေစိုက် ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးထိမှန်တဲ့အတွက် သံဃာ ၁ ပါး ပျံလွန်ပြီး ၂ ပါးဒဏ်ရာရတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ကသာမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိ

"ကျနော်တို့သိရသလောက်က စစ်ကောင်စီဘက်က အကျအဆုံးတော်တော်များတယ်။ ၃၀ ကျော်မယ်။ အရှင်ဖမ်းမိတာလည်း များတယ်။ စစ်သုံ့ပန်းဖမ်းမိတာက KIA ဘက်က ဖမ်းမိတာလည်းရှိတယ်။ PDF ဘက်က ဖမ်းမိတာလည်းရှိတယ်။ ပေါင်းလိုက်မယ်ဆိုရင်တော့ ၃၀ ကျော်ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်တွေက ကစဉ့်ကလျားနဲ့အကုန်ထွက်ပြေးကုန်တာ။ ၁၉ ရက်နေ့ကဆို နောက်ထပ် ၁၈ ယောက်ဖမ်းမိတယ်လို့ကြားထားသေးတယ်။"

ကနီမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

"မထင်မှတ်လည်း လာကြဲတာပေါ့။ စစ်ရေးလှုပ်ရှားမှု ဘာမှလည်းမရှိဘူး။ တောသွားလမ်းတွေမှာ ကျတာ။ လှည်းနဲ့သွားနေချိန် ထိတာ။ ရော့ကက်တွေနဲ့ ပစ်ခတ်သွားတာ။"

စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးချခံရပြီး ၂ ဦးသေဆုံး

"ဗုံးက ၂ လုံးချ တိုက်ခိုက်ခဲ့တာ။ အဲဒီအိမ်မှာက အရာရှိနေတယ်။ အဲဒီကနေပြီးတော့မှ ကင်းပုန်းလွှတ်တာတွေရှိတယ်။ ချက်ချင်းနာရေးကား ၃ စီးနဲ့လာသယ်သွားတယ်။ "

ပဲခူးမှာ ဆီဘောက်ဆာနဲ့ ဘုရားဖူးယာဥ်တိုက်မိပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအနီးမှာ ဆီဘောက်ဆာနဲ့ဘုရားဖူးယာဥ်တိုက်မိပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။

မကွေးကို လူနာပြန်ပို့တဲ့ လူမှုကူညီရေးကား အမြန်လမ်းမှာတိမ်းမှောက်လို့ ၂ ဦး သေဆုံး

"လမ်းအတိုင်းမောင်းလာရင်းကနေ အဲ့ဒီမိုင်တိုင်အရောက်မှာ ခွေးက ကားအရှေ့ကနေဖြတ်သွားတာကို ရှောင်လိုက်တာ။ လမ်းလယ်ကြောမှာရှိတဲ့ ထန်းပင်တွေ ခရေပင်တွေကို ဝင်တိုက်ပြီးတော့ သုံးလေးပတ်လောက်လိမ့်သွားတာ။"

ပဲခူးမှာ ဇနီးဟောင်းကို ဓားနဲ့ထိုးပြီးထွက်ပြေးနေသူ လာရောက်အဖမ်းခံ

"သူကိုယ်တိုင်လာအဖမ်းခံတာလို့တော့ သိထားရတယ်။ သူတို့ရပ်ကွက်က အမှတ် ၁ စခန်းအပိုင်ဆိုတော့ အဲမှာဘဲလာအဖမ်းခံတာ။ ရဲစခန်းမှာချုပ်ထားတယ်လို့တော့ သိရတယ်"

ဘုရားပွဲပြန် ဘုရားဖူးဟိုင်းလတ်ယာဉ် ချောက်ထဲကျတိမ်းမှောက်လို့ ၆ ဦးသေဆုံး

" သူတို့ကားက ပြင်ဦးလွင်ဘက်ကို ပြန်မတက်ဘဲနဲ့ ကျောက်ဆည်ဘက်လမ်းကိုသွားတာမှာ မှောက်တာ။ မှောက်တာက မျက်မြင်တွေပြောကြားချက်အရကတော့ ကား ၁ စီးကိုကျော်တက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျသွားတာလို့တော့ သိရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10