Kyaw Gyi

ရွှေကျင်နဲ့ ညောင်လေးပင်မှာ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခံရလို့ အမျိုးသမီးတဦးသေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်နဲ့ညောင်လေးပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရွှေကျင်မြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။

တောင်သာမှာ စက်တပ်လေထီးနဲ့ဗုံးချလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ရှောင်လမ်းမှာ ခရီးသည်ကား ၁ စီး မီးလောင်

"အိတ်ဇော(Exhaust)အပူလွန်ကဲပြီး မီးလောင်တာလို့တော့ သိရတယ်။ မောင်းနေရင်း မီးလောင်တာပေါ့။ ကားကတော့ကုန်သွားတယ်။ ခရီးသည်တွေကတော့ အချိန်မီဆင်းနိုင်သွားတာ"

ခရီးသည်တင်ကား ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

"အမျိုးသား ၁ ယောက်သေသွားတယ်။ ညာဘက်က ခြေထောက်ကျိုးပြီး ဆေးရုံရောက်မှဆုံးတာ။ ၅ ယောက် ဒဏ်ရာရတာက အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး။ ဖြစ်ပြီးမှရောက်သွားတာဆိုတော့ သူများ ပြောတာက တိုင်လော့ပြုတ်ပြီး သစ်ပင်ဝင်တိုက်တာလို့တော့ပြောတယ်။”

မြို့ပေါ်ရိက္ခာသွားဝယ်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းပြီးသတ်သွား

"သူကမြို့ပေါ်တက်တဲ့ အချိန်သတင်းပေးရှိတာ။ သူသွားတဲ့အချိန် (စစ်ကောာင်စီတပ်ဖွဲ့က) အနောက်ကလိုက်ပြီး ဖမ်းလိုက်တာ။ သူကိုညှင်းပမ်းနှိပ်စက်ပြီးမှ ပစ်သတ်လိုက်တာ။ သူ့ကိုမိတာက ရွှေပေါင်လောင်မှာ မိတယ်။ အလောင်းကိုတော့ မြင်းမူအထွက် MK ဆီဆိုင်အရှေ့ ခြုံပုတ်နားမှာ ပြန်တွေ့ရတာ။ "

မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်အပါ ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ကနေ မြောက်ဘက် ဆီမီးခုံမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမဘေးက ဆင်းဂွတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။

မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်အပါ ၁၈ ဦး သေဆုံး

"သူတို့က(သေဆုံးသူတွေ) Air Strike (လေကြောင်းတိုက်ခိုက်မှု) လုပ်တဲ့ ပတ်ဝန်းကျင်နားမှာပဲ ရှိနေတာ။ အဝန်းအဝိုင်း တည့်တည့်ကြီးမှာတော့ရှိမနေဘူး။ ဒီပေါင် ၂၅၀ ဗုံးရဲ့ Damage (ပြင်းအားသက်ရောက်မှု) ကြောင့် အကုန်လုံးအစတွေ မှန်တာပေါ့။ ဗုံးကျတာက ရဲဘော်တွေနေတဲ့ နေရာကိုကျတာ။"

တရွာတည်းသားက ၁၃ နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲငွေညှစ်ကာ ဓါးနဲ့ထိုးသတ်ခဲ့

"ကလေးပျောက်တာကို (ဇန်နဝါရီ ၂၃ ရက် ညနေ) ၄ နာရီကျော်လောက်မှ သိတယ်။ ၅ နာရီကျော်လောက်မှာ သူ့မိဘဖုန်းထဲကို မက်ဆေ့ချ်ဝင်တယ်။ ငွေသိန်း ၁၀၀ တောင်းတယ်။ အဲ့ဒီအချိန်မှာ ရဲစခန်းကိုကလေး ပျောက်တာ သွားတိုင်နေကြချိန် ကလေးတွေ့တယ်တဲ့။ တွေတဲ့အချိန်မှာ ကလေးကသေနေပြီ။ သိန်း ၁၀၀ တောင်းပေမယ့်လောလောဆယ် ၁၀ သိန်းလွှဲရမယ်ဆိုပြီးစာပဲ ပို့လာနေတာ။"

မြင်းခြံမှာ စစ်ကောင်စီဗုံးကြဲပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ ၂၀ ဦးဝန်းကျင်သေဆုံး

"ခုလောလောဆယ် အမိန့်ပြန်တမ်းလုပ်နေရတော့ လောလောဆယ်အသေးစိတ်ဖြေပေးဖို့ ခက်သေးတယ်။ ဗုံးတွေက စခန်းအရှေ့ထဲကိုကျတာ။ ရပ်ကျေးပကဖ စခန်းထဲကို ကျတာပါ။ လောလောဆယ် ၁၈ ဦးကျတာတော့ အတည်ပြုထားနိုင်သေးတယ်။"

ရေကြည်ဦး PDF စစ်ဆေးရေးဂိတ်ဟောင်း ဒရုန်းဗုံးသီးချခံရလို့ ခရီးသွား ၅ ဦးထိခိုက်ဒဏ်ရာရ

"ကျောက်ဆည်ကန်ပျူရွာကနေ ဒရုန်းလွှတ်တာ။ ဗုံးလာချတဲ့နေရာက မီတာ ၁၀,၀၀၀ လောက်ရှိမယ်။ သူတို့က လမ်းပေါ်ချတာဆိုတော့ ဖြတ်သွားဖြတ်လာကားတွေပေါ်ကျတာ။ ထိတဲ့သူတွေထဲက အမျိုးသမီး ၁ ယောက်ကတော့ စိုးရိမ်ရတယ်။"

စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမှာ "မန်းမြေက အရှိန်မပျက် လူထုတိုက်ပွဲ" ပြုလုပ်

"မြို့ပေါ်မှာ ကျွန်တော်တို့ သပိတ်အင်အားစုတွေအနေနဲ့ ရရာနည်းနဲ့ ဆက်လက်လှုပ်ရှားမှုတွေပြုလုပ်နေသလို မြို့နေလူထုအနေနဲ့လည်း သွေးမအေးဖို့၊ အတူတူရုန်းပြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုပါ။ စကစဘက်က လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေ အခက်ခဲတွေအများကြီးကြားက လုပ်ခဲ့ရတာပါ။"

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဓားပြတိုက်ခံရ

" ကျနော်တို့သိရသလောက်က ဌာနပိုင်ကားတွေ ပါသွားတယ်။ လူတော့မပါဘူး။ ငွေနည်းနည်းလပါသွားတယ်။ ကားနဲ့မောင်းဝင်လာပြီး လက်နက်နဲ့ဝင်ချလာတာဆိုတော့ ဓားပြဝင်တိုက်တာဖြစ်နိုင်တယ်။"

သံဃာတွေလိုက်ပါတဲ့ ပုဂံဘုရားဖူးပြန် ကား ၁ စီး လမ်းဘေးထိုးကျ၊ သံဃာ ၃ ပါး ဒဏ်ရာရ၊ ၂ ပါး စိုးရိမ်ရ

" ကားက နောက်ဘီးပေါက်ပြီး ကားလမ်းဘေး မြောင်းထဲထိုးကျသွားတာ။ ကားပေါ်ပါ သံဃာ ၂ ပါးကတော့ စိုးရိမ်ရတယ်။ ၁ ပါးကတော့ နည်းနည်းပါးပါးပဲထိတယ်။ ယာဥ်မောင်းကတော့ ဘာမှမဖြစ်ဘူး။"

ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

"၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင် အမှုဖွင့်တာ။ စုစုပေါင်းဆို ၁၇ ယောက်ရှိတယ်။"

အုတ်တွင်းမှာအမျိုးသားတဦး ဓားခုတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းတိုက်နယ်၊ သာယာကုန်းကျေးရွာမှာ အမျိုးသားတဦး ဓါးခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10