Kyaw Gyi

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

"မိတ္တထီလာလေတပ်ကလာတဲ့ ပါရာမိုတာ (စက်တပ်လေထီး) ၂ စီးက ဗုံးလာချတာ။ ၆ လုံးလောက် ချသွားတာကို ပြည်သူ ၂ ဦးသေတယ်။ ၁ ဦးဒဏ်ရာရတယ်လို့တော့ သိထားရတယ်။ ဗုံးတွေက ရွာထဲကျတာ။ အဲ့နေရာဝန်းကျင်က တော်လှန်ရေးအဖွဲ့စိုးမိုးမှုရှိပေမယ့် ရွာထဲမနေဘူး။"

မန္တလေးမြို့မှာ စျေးဝယ်စင်တာတတိယထပ်ကနေ ပန်းရံအလုပ်သမတဦး ပြုတ်ကျသေဆုံး

"အလုပ်လုပ်နေရင်း ပြုတ်ကျတာ။ ကြမ်းခင်းချော်ပြီး ပြုတ်ကျတာမျိုး။ သူက ပန်းရံအလုပ်သမားပါ။ သူနေတာက မီးရထားဝန်းလိုင်းခန်းမှာ ငှားနေကြတာ။"

စစ်ကြောင်းနဲ့ပါလာပြီး အိမ်သာတက်ရင်းကျန်နေခဲ့တဲ့ ရဲတပ်သား ၁ ဦးကို PDF ဖမ်းမိ

"သူက အိမ်သာတက်ရင်း နောက်ကျနေတာ။ သူကြည့်လိုက်တော့ စစ်ကြောင်းကမရှိတော့ဘူး။ နောက်ကနေ ပြေးလိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့တွေ့ပြီး ဖမ်းမိလာတာ။ ကျနော်တို့လည်း စစ်ကြောင်းနောက်ကိုလိုက်နေတာကိုး။ သူက ရွာဘုန်းကြီးကျောင်းအိမ်သာမှာ အိမ်သာတက်ရင်းကျန်ခဲ့တာ။ "

ညောင်လေးပင်မှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးအဖွဲ့တွေလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စီပင်ရွာနဲ့ဂျောင်းတာရွာအကြား ကျေးရွာချင်းဆက်လမ်းပေါ်မှာ စီပင်ရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေစီးလာတဲ့ကား ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး ၄ ဦးဒဏ်ရာရတယ်လို့ ပဲခူးရှေ့ခြမ်းမှာလှုပ်ရှားနေတဲ့ 9 stars Underground Force အဖွဲ့ထံက သိရပါတယ်။

စစ်မှုထမ်းကြေးလာကောက်တဲ့ အုပ်ချုပ်ရေးမှုးနဲ့လက်နက်ကိုင်အဖွဲ့က နေအိမ် ၁၁ အိမ်က PSI စလောင်းတွေကို ရိုက်ချိုးဖျက်ဆီးခဲ့

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာအုပ်စု၊ စစ်တောကျေးရွာကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ကျေးရွာထဲ PSI စလောင်းတွေကိုဝင်ရောက်ဖျက်ဆီးကာ စစ်မှုထမ်းကြေးငွေတွေ တောင်းသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာသင်ကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်တိုက်ချိန် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်း

"ကလေးတွေဝင်ကြည့်တော့ အနောက်မြောက်ဘက်ထောင့်မှာ တယောက် သွေးတွေနဲ့လဲနေကြတယ်။ သေနတ်တွေတောင်မကောင်းတော့လို့ ကောင်းတဲ့တလက်တောင် အနာနည်းနည်းပါတယ်"

ရေခဲသေတ္တာမိန်းထုတ် အပူလွန်ကဲမီးလောင်ရာက နေအိမ် ၂ လုံးပျက်စီး

"ရေခဲသေတ္တာ ဝါယာရှော့ (110) ကနေပြီးတော့မီးထလောင်တာ။ အမေဖြစ်သူ အိမ်ပါပါသွားတာ။ အိမ်နှစ်လုံးကလည်းကပ်လျက်။ ခြံစည်းရိုးပဲ ခြားတယ်။ အိမ်တွေမှာကလည်း လူနည်းတော့ လူမထိဘူး"

ဝမ်းတွင်းမှာ အရက်ထိုင်သောက်နေတဲ့ လူငယ်တွေအပါအဝင် ၆ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

"(ဆိုင်ကယ်နဲ့) ဘိလပ်မြေသွားပို့တဲ့ ကောင်လေးတွေက (ပင်းတလဲ-မိတ္ထီလာ) လမ်းပိုင်းပေါ် မှာ ဖမ်းခံရတာ။ အရက်ဆိုင်ကိုဝင်ဆွဲတာ အကုန်ထွက်ပြေးကြတာ။ စစ်ကားလာလို့ ကျန်ခဲ့တဲ့ကောင်တွေထဲက အုပ်ကြီးမကြည်တာတွေအဖမ်းခံရတာ။ အုပ်ကြီးကြည်တဲ့သူတွေလွတ်တယ် အဲ့သဘော။ သူတို့တွေက စစ်မှုထမ်းဖို့ဖမ်းခံရတာ။"

ပင့်သာရွာကို စစ်ကောင်စီမီးရှို့ပြီး ရွာထဲမှာတပ်စွဲထား

“မကျီးကုန်း၊ တောင်ယာဆိပ်ဘက်ကို ဖြန့်ကျက်ထားတဲ့ အင်အားတွေကနေ ပင့်သာဘက်ခြမ်းကို နယ်မြေဆက်တိုးလာပြီးတော့ လက်ကျန် ကျန်နေတဲ့ ပင့်သာရွာထဲက အိမ်လေးတွေကို မီးရှို့တာ။ သူတို့ရွာကို ဝင်ချိန်ကျနော်တို့ ဒီဘက်ကထောင်ထားတဲ့ မိုင်းတွေမိပြီးတော့ သေတာ၊ ဒဏ်ရာရတာ ရှိသေးတယ်။"

ဝေါဘူတာအနီးက အိမ် ၂၀၀ ကျော် ဖျက်သိမ်းမိန့်ထုတ်ပြီးနောက် တချို့အိမ်တွေကို အင်အားသုံး ဖျက်ဆီးနေ

"မဖယ်လို့ဆိုပြီး စစ်သား၊ ရဲတွေက ဝင်ဖျက်နေပြီ။ ဖျက်နေတာက လေးငါးရက်ရှိနေပြီး။ လမ်းပိတ်ပြီးဖျက်နေတာအပြင် လမ်းတွေမှာကင်းတွေချပြီးတော့ဖျက်နေတော့ ပုံတွေလည်း မရိုက်ရဲကြဖြစ်နေတယ်။ "

မန္တလေးကျုံးထဲခုန်ချတဲ့ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

"သိရတာက ၁၀ ခွဲလောက်မှာသိရတော့ သွားရှာတော့ ၁၁ လောက်မှ ပြန်တွေ့တာ။ သူခုန်ချတဲ့ နေရာမှာပဲပြန်တွေ့တာ။ နာရီဝက်လောက်ကြာသွားတာပေါ့။ တွေ့တဲ့အချိန်မှာတော့သေနေပြီ။”

အမှတ် ၁ စစ်ဒေသ စစ်ကိုင်းနဲ့မကွေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ချ

စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ချပူးပေါင်းလာတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်က ယားနာရောဂါဖြစ်နေသူ ၅၀ ကျော် ဆေးဝါးလိုအပ်နေ

"ဒီရောဂါတွေက စားဆေးနဲ့လည်း မပျောက်ဘူး။ လိမ်းဆေးနဲ့လည်း မပျောက်ဘူး။ ထိုးဆေးနဲ့ပဲရတယ်။ ဆေးကလည်း ဂန့်ဂေါမြို့ပေါ် လူတိုင်းသွားမဝယ်နိုင်သလို စကစဘက်ကလည်း အင်္ဂလိပ်ဆေးတွေ သယ်ခွင့်ပိတ်ထားတာ။ အဲ့လိုအခက်ခဲတွေရှိနေတာ။ ရှိတဲ့ဆေးတွေနဲ့တော့ တအားဆိုးတဲ့သူတွေကို ထိုးပေးနေပေမယ့် လုံလောက်မှုမရှိဘူး။"

ပဲခူးမှာ လင်မယားစကားများရန်ဖြစ်ရာက အမျိုးသမီးဖြစ်သူ ဓားနဲ့ခုတ်ခံရပြီးသေဆုံး

" ဘယ်ကနေဘယ်လို စကားများရန်ဖြစ်လဲ မသိဘူး။ လင်မယားနှစ်ယောက်က စကားများပြီး လင်က မိန်းမကို ဓားနဲ့ခုတ်တာ။ သေသွားတယ်လို့တော့ သိထားရတယ်။"

ပဲခူးမှာ ရဲတဦးဓားထိုးခံရပြီး သေဆုံး

"သူက (သေဆုံးသူ ရဲ) အဲ့နားမှာမူးပြီးရမ်းနေတယ်။ သေနတ်နဲ့ပစ်မယ်ဘာညာနဲ့ ခြိမ်းခြောက်ပြီး ရမ်းနေတာကို လာထွက်ရှင်းလိုက်တာလို့ ပြောတယ်။ တရားခံလည်းမမိဘူး လက်သည် လည်း မပေါ်ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10