ချောင်းဦးက ရွာ ၂ ရွာကို လေယာဉ်ရော စက်တပ်လေထီးနဲ့ပါတိုက်ခိုက်ပြီး စစ်ကြောင်းထိုးမီးရှို့ ■ ပကဖ ၁ ဦးအပါ ၁၂ ဦး သေဆုံးထားပြီး ၉ ဦးဒဏ်ရာရ
"ဂျက်ဖိုက်တာမချခင်ကို မြပုလဲကနေ လက်နက်ကြီး ၉ လုံးထုတယ်။ ဂျက်ဖိုက်တာချသွားပြီးတော့ ပါရာမိုတာ ၂ စီးနဲ့လာချတယ်။ ချောင်းမကို။ ပါရာမိုတာပြန်သွားပြီးတော့ နွယ်ခွေကိုလည်း မြပုလဲကနေ စစ်ကြောင်းထွက်လာပြီးတော့ ရွာနားမရောက်ခင် လက်နက်ကြီးနဲ့ထုတာ။ ပြီးမှ ရွာကိုဝင်မွှေပြီး ညပိုင်းပြန်ထွက်သွားတာ"