Kyaw Gyi

ညောင်လေးပင်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိ

ဩဂုတ်လ ၁၁ ရက်မှာ ပုဇွန်မြောင်းကျေးရွာထဲက နေအိမ်တွေကို ဖျက်ဖို့လာသူတွေကို အကာအကွယ်ပေးနေတဲ့ အင်အား ၃၀ ပါစစ်ကောင်စီအဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စတင်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေကာ ၁၆ ဦးဒဏ်ရာရခဲ့ပါတယ်။

နွားထိုးကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေ၊ ၃ ဦးအရှင်မိပြီး လက်နက်မျိုးစုံ ၂၇ လက်ရရှိ

“ကျနော်တို့ အေးကျောင်း လက်နက်ကြီး အထိုင်စခန်းကို အပြီးသတ်သိမ်းဆည်းပြီးတဲ့အချိန် သူတို့ (စစ်ကောင်စီ) ခံပစ်သေးတယ်။ နောက်ဆုံးသူတို့ ပြန်လည်ခုခံနိုင်တဲ့ အခြေနေမရှိတဲ့အချိန်မှာ ဖမ်းမိတာပါ။ သူတို့က ရိုးရိုးတပ်သားအဆင့်တွေပါပဲ။ သူတို့ကို ကျနော်တို့က စစ်ဒေသကို နောက်နေ့မှာပို့လိုက်တာပါ။ သေဆုံးတဲ့ ဦးရေတွေကတော့ ကျနော်တို့ ကိုယ်တိုင်ရေတွက်ထားပါ။ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာရော ဒီအတိုင်း လက်နက်တွေကို တခြားနေရာတွေမှာ ဖွက်ပြီးတော့ တပ်ပျက်ပြီး ထွက်ပြေးသွားတာတွေရော မနည်းဘူး”

ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

"စစ်ရှောင်တွေကတော့ မနေ့ကအထိ ပြေးလာနေကြတုန်းပဲ။ တချို့ကလည်း ရွာလုံးကျွတ်နီးပါး။ တချို့ကျတော့လည်း အိမ်စောင့်လောက်ထားပြီး ပြေးလာကြတယ်။ ပစ်ခတ်မှု လွတ်လောက်တယ်ထင်တဲ့နေရာတွေက သွားခေါ်နေရတုန်း။ တချို့ကျတော့ ရွာတွေကနေ ထွက်မရသူတွေလည်း ရှိနေသေးတယ်"

ဆားလယ်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး ကားနဲ့လက်နက်အချို့ သိမ်းဆည်း

"နေ့လယ်ခင်းလည်းဖြစ်နေတော့ ကျနော်တို့အဖွဲ့တွေလည်း လာမတိုက်လောက်ဘူးထင်ပြီး ပျူတွေက ပေါ့ပေါ့ဆဆနေနေချိန်မှာ ဝင်ပစ်ခဲ့တာ။ အကုန်ထွက်ပြေးကြတယ်။ ၂ ကောင်ကတော့ ကျည်ထိပြီးမှ ထပြေးတာ၊ ဒဏ်ရာတော့များတယ်။"

ညောင်လေးပင်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ အရာရှိ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

"ရေဖြူကန်နားမှာက ဓာတ်တိုင်တွေက လှဲခံထားရတာ။ အဲ့ဒါကို ခဏခဏလာပြင်တယ်။ လာပြင်တိုင်းလည်းတိုက်ခိုက်ခံရတယ်။ ဒီတခေါက်မှာတော့ အရာရှိတွေပါကျတာ သိရတယ်။"

ခလရ ၇၃ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်သူများ

"တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးသံတွေက ဆက်တိုက်ပဲ။ ဒီမနက်(သြဂုတ် ၁၀)လည်း ထပ်ပစ်နေတယ်။ အများစုလက်နက်ကြီးတွေက ခလရ ၇၃ ကပစ်နေတာ"

နေအိမ်က ၄ ရက်ကျော်ပျောက်နေတဲ့အမျိုးသား ရေနစ်သေဆုံးလျက် ပြန်တွေ့

"ရေချောင်းစပ်နားမှာ ရေနစ်သေဆုံးတဲ့အနေထားနဲ့ ပြန်တွေ့ရတယ်။ အလောင်းအနေထားကတော့ တော်တော်လေး အခြေနေဆိုးနေပါပြီ။ သူကနည်းနည်းတော့ သောက်စားတတ်တယ်”

ရွှေဘိုမှာ ကင်းစောင့်နေတဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ၊ သေနတ် ၂ လက်ရ (ရုပ်/သံ)

"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"

ရွှေဘိုမှာ ကင်းစောင့်နေတဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ၊ သေနတ် ၂ လက်ရ

"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရ

"ရွာထိပ်ကွမ်းယာဆိုင်ဆိုတော့ ရွာခံတွေရော အခြားရွာကလူတွေရော ရှိနေချိန်မှာ လက်နက်ကြီးက လာကျတာ။ ၃ ယောက်ကတော့ နေရာမှာပဲ သေသွားတာ။ ကျန် ၆ ယောက်က ဒဏ်ရာပြင်းထန် ရသွားတယ်။ အစတွေမှန်ထားတာဆိုလည်း မြင်မကောင်းဘူး"

ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး

"ခုဆိုရင် စကစနဲ့ပျူစစ်ကြောင်းက ရွာစဥ်လှည့်မီးရှို့နေတာ နှစ်ပတ်လောက်ရှိပြီ။ တရက်ကို တရွာနှစ်ရွာ အဲ့လိုဝင်ရှို့နေတာ။ ရွာထဲဝင် အိမ်တွေကိုမွှေ လိုချင်တာယူပြီးရင် မီးရှို့နေတာ"

ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ

"စျေးတက်တာကတော့ ပစ္စည်း ၁ ခုကို နှစ်ဆသုံးဆမကဘူး တက်နေတာ။ စျေးတက်ပေမယ့်လည်း မစားလို့လည်းမရဘူး။ အရင်ကထက်တော့ အများကြီးစိစစ်ပြီး ဝယ်ခြမ်းနေရတယ်။ စားဖို့အတွက်ကိုပဲ တနေ့တနေ့ လုံးပန်းနေကြရတယ်"

တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

"အစားအသောက်နဲ့ရေကတော့ နေ့စဥ်သုံးနေတာဆိုတော့ နေ့တိုင်းလိုနေတယ်။ အလှူရှင်တွေက နိုင် သလောက်လှူနေကြပေမယ့်လည်း နည်းတော့ နေရာစုံမဖြန့်ဝေနိုင်ဘူး။ သွားလာရ ခက်ခဲတဲ့နေရာလည်းရှိတယ်။ လိုအပ်ချက်တော့ နေရာတိုင်းရှိနေတယ်"

ကိုယ်ဝန်ဆောင် ၁ဦး လမစေ့ခင်မီးဖွားရာမှ ကလေးရောမိခင်ပါ သေဆုံး

"ကောင်မလေးက အရပ်လက်သည်နဲ့ မွေးတာမနိုင်မှ ဆေးရုံရောက်လာတဲ့သဘော။ သွေးတွေလည်း မတရားထွက်နေတာ။ ဆေးရုံရောက်ချိန်မှာ စကားတောင်မပြောနိုင်တော့ဘူး။ ဆေးရုံလည်းရောက်ပြီး မကြာဘူး ဆုံးသွားတယ်"

ပဲခူးရေကြီးမှုမှာ မိုးစပါးဧက သောင်းချီပျက်စီးပြီး စပါးပြန်မစိုက်နိုင်မှာကို တောင်သူတွေစိုးရိမ်

"ဒီနှစ် ဧက နှစ်ဆယ် စိုက်ထားတယ်။ ရေက အခုထိလယ်ကွက်တွေမှာ ပြန်မကျသေးဘူး။ စပါးပင် ထိပ်ဖျားတွေတောင်မပေါ်သေးဘူး။ အပင်တွေလည်း ခါးကျိုး၊ အရွက်တွေလည်းဝါကျင်၊ ပုတ်ပြီး အကုန်သေကုန်ပြီ။ ကုန်ကျထားတာ ဘာတခုမှပြန်ရမယ့်ပုံမပေါ်တော့ဘူး။ ဆုံးရှုံးမှုများတော့ ထပ်မစိုက်နိုင်တော့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10