Kyaw Gyi

မြစ်အတွင်းရေဆင်းကူးတဲ့ အရက်ဖြတ်ထားသူအမျိုးသား ရေနစ်သေဆုံး

" သူက အရက်ဖြတ်ထားကာစ။ ဘယ်လိုဖြစ်ပြီးနစ်လဲတော့ မသိရဘူး။ ရေဆင်းကူးတာကြာတယ် မတက်လာတော့မှ သူအိမ်ကလူတွေကနေ လိုက်ရှာ၊ မတွေ့တော့ ပတ်ဝန်းကျင်အကြောင်းကြားရာကနေ မီးသတ်တို့၊ ပရဟိတအဖွဲ့တွေက ဝိုင်းရှာကြရတာ။"

မီတာခ ၂ ဆကျော်တိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင်

"ကျနော်တို့လုပ်ငန်းက လျှပ်စစ်နဲ့ကောစက်သုံးဆီနဲ့ပါသုံးပြီး တွဲလုပ်နေရတာ။ အရင်ကတောင် တလ ၃ သိန်းလောက်မီတာခ ပေးနေရတာ။ အခုဆို ၆ သိန်း ၇ သိန်းလောက် ကျတော့မယ်။ စက်သုံးဆီစျေး တက်တာ၊ ပဲစျေးတက်တာတွေကြောင့် လုပ်ငန်းကအခြေနေမကောင်းရတဲ့အထဲ အခုဆိုပိုဆိုးပြီ"

တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိလာပြီး ရေနဲ့ရိက္ခာလိုအပ်နေ

"အဓိက လိုနေတာကတော့ အိမ်တွေမှာကျန်နေတဲ့သူတွေ၊ ကူညီထောက်ပံ့ရေး မသွားနိုင်တဲ့နေရာကသူတွေက ပိုလိုအပ်နေတယ်။ ကျနော်တို့တွေကျတော့လည်း သွားလာဖို့က အခက်ခဲတွေကြောင့် အကန့်အသတ်နဲ့ နိုင်သလောက်ကူပေးနေတာဆိုတော့ နေရာစုံမရောက်ဘူး။ မြို့ပေါ်က ကယ်ဆယ်ရေး စခန်းကလူတွေကျတော့ အခက်အခဲရှိပေမယ့် ကျန်တဲ့ရွာတွေဘက်ကလူတွေထက်တော့ နည်းနည်းပိုအဆင်ပြေတယ်ပြောရမယ်"

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာမှ ကားချင်းတိုက်မိလို့ ၇ ဦးဒဏ်ရာရ

"ခရီးသည်တင် ယာဥ်မောင်းက အိပ်ငိုက်သွားတာ။ ကားကလမ်းဘေးထိုးကျချိန် ပြန်ဆွဲတင်ရာကနေ လမ်းတဖက်ရောက်သွားပြီး အိမ်စီးကားကို သွားဝင်တိုက်တာ”

မိုင်းထောင်နေချိန် မတော်တဆဖြစ်ပြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံး

"မိုင်းက ဘယ်လိုဖြစ်ပြီး ထကွဲလဲဆိုတာတော့ သေချာမသိရသေးဘူး။ သွားတာက ၃ ဦး။ ခုလောလောဆယ်မှာ မိုင်းပေါက်ကွဲလို ၂ ဦးသေတယ်။ ၁ ဦးပျောက်နေတယ်လို့တော့ သိထားရတယ်"

အမြန်လမ်းမှာ ကုန်တင်ကားချင်းကျော်တက်ရာက တိုက်မိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

" Hino Ranger ယာဥ်ကို Nissan Condor ယာဥ်က ကျော်တက်ရာကနေ ခေါင်းနဲ့ချိတ်ပြီး တိုက်မိသွားတာ။ အရှိန်လည်းပါတာဆိုတော့ ကျော်တက်နဲ့ယာဥ်က ယာဥ်မောင်းသေတယ်။ ယာဥ်နောက်လိုက် ဒဏ်ရာရတယ်"

လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

"စကစ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်က အထိနာထားတော့ အခဲမကျေဘဲ ထပ်ဝင်လာရာကနေ တနေကုန် တိုက်ပွဲဖြစ်တာ။ ညနေလောက်မှာ စကစဘက်က အင်အားထပ်တိုးလာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာ။"

တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ

"အနိမ့်ပိုင်းတွေဆို လူတရပ်ကျော်တယ် ရေမြုပ်နေတာ။ အချို့နေရာကျတော့ လမ်းပေါ်ရေ ၂ ပေ ကျော်လောက် တက်နေတာရှိတယ်။ ရေဝင်ပြီးနေမရတဲ့သူတွေကတော့ အမြင့်ပိုင်းတွေ ပြောင်းနေရတာတွေရှိတယ်"

မုံရွာမှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ် အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလု

" ကလစ်ဆိုင်ကယ်တစီး၊ ဘေးတွဲတစီးနဲ့ သူတိူ့အနားကိုရောက်လာပြီး နင်တို့က PDF တွေ မဟုတ်လားဆိုပြီး ရပ်ခိုင်းတယ်။ ပြီးတော့ကောင်လေးကို ထုရိုက်တယ်။ ကောင်လေးက ခေါင်းနဲ့နားထင်ချည်းဘဲထိုးခံရတော့ မေ့သွားတဲ့အချိန် ကောင်မလေးကို နင်ငါတို့နဲ့လိုက်မလား၊ မလိုက်ရင် နင့်ယောကျ်ားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်" လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေစီးနဲ့မျောသွားတဲ့ မောင်ဖြစ်သူကိုလိုက်ဆယ်ရင်း မောင်နှမ နှစ်ဦးစလုံးရေနစ်သေဆုံး

"ရေနစ်တဲ့ကလေးတွေရဲ့နေအိမ်အရှေ့နားလောက်မှာက ရေမြောင်းက လူကြီးခါးလောက်ရှိတယ်။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းနေ၊ တောင်ကျရေကလည်းစီးနေချိန် ကလေးက မြောင်းနား သွားဆော့တာနေမယ် မျောပါသွားတာ။ အမကလည်းလိုက်ဆယ်ရင်း မျောပါသွားတာ"

စေတုတ္တရာမှာ စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး နေအိမ်မှာပစ်သတ်ခံရ

" သူ့နေအိမ်မှာပဲ ဝင်ရှင်းခံရတယ်လို့တော့ လတ်တလောသိထားရတယ်။ သူက အဲ့ဘက်တကြောမှာ စစ်ကောင်စီက အားထားရတဲ့ အုပ်ကြီးတယောက်ပဲ။ ဘယ်အဖွဲ့ကရှင်းလဲဆိုတာတော့ လတ်တလောမသိရသေးဘူး"

စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားတဲ့ PDF ၂ ဦး သတ်ဖြတ်ခံရ

" သူတို့လာတာကိုမြင်လို့ စစ်ဆေးရေးလုပ်နေတဲ့ ကျနော်တို့အဖွဲ့က လှမ်းခေါ်သေးတယ်။ အဲ့ဒါကို မရပ်ဘဲနဲ့ လှည့်ကြည် လှည့်ကြည်လုပ်ပြီး ဆက်မောင်းသွားတာ။ ကားသမားတွေကလည်း ဟွန်းတီးပြီး သူတို့ကိုသတိလှမ်းပေးကြသေးတယ်။ မကြားဘဲနဲ့ ဆက်မောင်းသွားတာ။ စကစဂိတ်မှာ လမ်းသွားမေးတယ်နဲ့ တူပါတယ်။ အဲဒီမှာ ဖမ်းဆီးခံလိုက်ရတာပဲ"

စစ်ရှောင်ရာကနေ အိမ်အခြေအနေပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့သေဆုံး

"အိမ်အခြေအနေ ပြန်ကြည့်မယ်ဆိုပြီး ပြန်သွားရာကနေ ရွာအရောက်မှာ မိုင်းထိသွားတဲ့အခြေအနေပဲ သိရ တယ်။ ရွာတွေထဲမှာ မိုင်းတွေ ထောင်ထားတယ်ဆိုတာ သတင်းရလို့ ရွာသားအချင်းချင်းက မပြန်ကြဖို့ တယောက်နဲ့ တယောက်အသိပေးထားကြတာ။"

ပဲခူး-မွန်နယ်စပ်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ သေဆုံးမှုရှိ

"၆၀ သီးတွေက ကျည်'အ'ကုန်လို့ ထိရောက်မှုမရှိဘူး။ ဒုံးသီးတွေကျတော့ အမြောက်တပ်ဝန်းထဲကို နှစ်လုံးကျတယ်။ သတင်းရတဲ့ အခါမှာတော့ စကစဘက်ကသေဆုံးတာတွေရှိတယ်"

ပြည်နဲ့အောင်လံအစပ်မှာ တိုက်ပွဲဖြစ်၊ စစ်တပ်က တောနင်းရှာနေလို့ စစ်ရေးတင်းမာနေ

" စကစကား တက်လာတာကို မိုင်းဆွဲပြီး ချောင်းပစ်တာ။ စကစဘက်ကလည်း အင်အားများတော့ သူ့ဘက် ကိုယ့်ဘက် ထိကုန်တာ။ အကျဆုံးတွေလည်း ရှိတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10