ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး
"ရွာထဲ လူဝင်လာတာနဲ့ ပစ်တာ အစစ်ဆေးအမေးမြန်းမရှိဘဲ။ အဲ့တော့ အခုထိ ဘယ်သူမှမပြန်ရဲကြသေးဘူး။”
"ရွာထဲ လူဝင်လာတာနဲ့ ပစ်တာ အစစ်ဆေးအမေးမြန်းမရှိဘဲ။ အဲ့တော့ အခုထိ ဘယ်သူမှမပြန်ရဲကြသေးဘူး။”
"တိုက်ပွဲကြာချိန်ကတော့ မိနစ် ၂၀ လောက်ပဲ။ ၁၀ တောင် ၁၅ တောင် အကွာအဝေးကနေ ပစ်ကြတာဆိုတော့ စကစဘက်က ထိခိုက်သေဆုံးက မျက်မြင် မြင်ရတာပါ။ ဘုန်းကြီးကျောင်း အုတ်တံတိုင်းကခံနေတော့ လက်နက်တွေက ဝင်ကောက်လို့မလွယ်လို့ မကောက်လာရဘူး။"
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာတရွာအနီးတောစပ်မှာ ကာလတန်ဖိုး ဒေါ်လာ ၂၆၀၀၀ ကျော်တန်ဖိုးရှိ စစ်ကောင်စီသုံး တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်း ၁ စီးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ Salingyi Border Task Force - SBTF အဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီဒရုန်းတွေဟာ လေထဲမှာ ၈ နာရီလောက်အထိ ပျံသန်းနိုင်သလို အမြန်နှုန်း တနာရီကို ကီလိုမီတာ ၉၀-၁၄၀ လောက်အထိရှိကာ အကွာအဝေး ၁၆၀ ကီလိုမီတာအထိ Data link ချိတ်ဆက်ပြီး ထိန်းချုပ်မောင်းနှင်နိုင်ပြီး ဒရုန်းမှာအသုံးပြုထားတဲ့ ကင်မရာတွေကလည်း အဆ ၃၀ ထိ တိုးချဲ့ မြင်နိုင်တဲ့အတွက် မြေပြင်မြင်ကွင်းတွေကိုလည်း ရှင်းလင်းပြတ်သားစွာမြင်နိုင်တယ်လို့ သိရပါတယ်။
"ကျနော့်အသိတယောက်ရဲ့ မိတ်ဆွေက ပြည်က။ သူက ပြည်ကနေမန္တလေးသွားဖို့ညကားနဲ့သွားတာ။ စကစ ဘွတ်ကြီးတံတားမှာ ည ၇ နာရီလောက်မှာ ဖမ်းခံလိုက်ရတာ။ သူတို့စီးတဲ့ကားပေါ်ကနေ အသက် ၅၀ အောက် အမျိုးသား ၁၂ ယောက် ဖမ်းခံထိတဲ့အထဲ ပါသွားတာ။ ပြန်လွတ်လာဖို့ လိုက်လုပ်နေကြတယ်။"
"ဒရုန်းဗုံးသီးကျတာ၊ အိမ်ပေါ်ကိုကျတာ (ကိုသွယ်က) ရင်ဘတ်ကပွင့်ထွက်သွားတယ်ပြောတယ်။ အဲ့ဒါကို ငဖြူကပွေ့ချီတာ။ သေသွားတဲ့အလောင်းကိုပွေ့ချီရင်း လန့်ပြီးသေသွားတာ။”
"ရွာထဲကျတဲ့တလုံးက လက်နက်ကြီးလား၊ ဗုံးသီးလားတော့မပြောတတ်ဘူး။ အိမ် ၃ လုံးကြားထဲ ကျတယ်။ အိမ်တွေက ကျူထရံကာဆိုတော့ မြေပြင်ကိုကျပြီးမှာ ပေါက်ကွဲထွက်လာတဲ့အစတွေက ထရံတွေကိုဖောက်ပြီး အိမ်ထဲ အိပ်နေတဲ့သူတွေကို ထိတာ"
"နားနေခန်းထဲမှာ တရားနာဖို့ ထွက်မလာထွက်မလာနဲ့ သွားကြည့်တော့တွေ့တာ။ ဝက်အူလှည့်နဲ့ ထိုးထားတာ၊ ရှေ့နဲ့နောက် ၂ ချက်လို့ ပြောတယ်။ နားရွက်ပဲ့သွားသေးတယ်လို့လည်း ပြောတယ်။" လို့ ဘုန်းကြီးကျောင်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်ကိုကိုးကားပြီး ဒေသခံတဦးက ပြောပါတယ်။
စက်တင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ကသစ်တန်းရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်အောင်ခန့်ကျော်ဟာ ရပ်ကွက်ထဲကနေ တဦးတည်းလာပြီး ရပ်ကွပ်အနီးရှိ ရိုးလေးချောင်းထဲကို ခုန်ချသွားတာလို့ ဒေသခံတဦးကပြောပါတယ်။
" သူက သူ့လုပ်ရပ်တွေကိုသိတော့ သတိအမြဲရှိနေတယ်။ ကျနော်တို့အဖွဲ့တွေရောက်သွားချိန် နေအိမ်ကနေ ထွက်ပြေးတာက လိုက်ဖမ်းပြီးပစ်ခတ်ရှင်းလင်းခဲ့တာ။ ရင်ဘတ်တည့်တည့်ကိုတချက်တည်း ပစ်ခဲ့တာ"
" ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျရာကနေ တိမ်းမှောက်သွားတာလို့တော့သိရတယ်။ အရှိန်လည်းပါတာဆိုတော့ ကားပေါ်ကပါတဲ့သူတွေ ထိခိုက်တာများသွားတယ်"
" လှေချင်းချိတ်မိကြတော့ တဖက်နဲ့တဖက်က စကားများကြတော့ ရိုက်ပွဲတွေဖြစ်ကုန်တာ။ အရိုက်ခံရတဲ့ နှစ်ယောက်က ညီအကိုတော်တယ်။ သူတို့က ရိုက်ပွဲထဲမပါဘူး ကြားထဲကဖြေရှင်းပေးတာကနေ အရိုက်ခံရတာ"
" သူက အရက်ဖြတ်ထားကာစ။ ဘယ်လိုဖြစ်ပြီးနစ်လဲတော့ မသိရဘူး။ ရေဆင်းကူးတာကြာတယ် မတက်လာတော့မှ သူအိမ်ကလူတွေကနေ လိုက်ရှာ၊ မတွေ့တော့ ပတ်ဝန်းကျင်အကြောင်းကြားရာကနေ မီးသတ်တို့၊ ပရဟိတအဖွဲ့တွေက ဝိုင်းရှာကြရတာ။"
"ကျနော်တို့လုပ်ငန်းက လျှပ်စစ်နဲ့ကောစက်သုံးဆီနဲ့ပါသုံးပြီး တွဲလုပ်နေရတာ။ အရင်ကတောင် တလ ၃ သိန်းလောက်မီတာခ ပေးနေရတာ။ အခုဆို ၆ သိန်း ၇ သိန်းလောက် ကျတော့မယ်။ စက်သုံးဆီစျေး တက်တာ၊ ပဲစျေးတက်တာတွေကြောင့် လုပ်ငန်းကအခြေနေမကောင်းရတဲ့အထဲ အခုဆိုပိုဆိုးပြီ"
"အဓိက လိုနေတာကတော့ အိမ်တွေမှာကျန်နေတဲ့သူတွေ၊ ကူညီထောက်ပံ့ရေး မသွားနိုင်တဲ့နေရာကသူတွေက ပိုလိုအပ်နေတယ်။ ကျနော်တို့တွေကျတော့လည်း သွားလာဖို့က အခက်ခဲတွေကြောင့် အကန့်အသတ်နဲ့ နိုင်သလောက်ကူပေးနေတာဆိုတော့ နေရာစုံမရောက်ဘူး။ မြို့ပေါ်က ကယ်ဆယ်ရေး စခန်းကလူတွေကျတော့ အခက်အခဲရှိပေမယ့် ကျန်တဲ့ရွာတွေဘက်ကလူတွေထက်တော့ နည်းနည်းပိုအဆင်ပြေတယ်ပြောရမယ်"