Kyaw Gyi

မြင်းခြံမှာ စစ်ကောင်စီဗုံးကြဲပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ ၂၀ ဦးဝန်းကျင်သေဆုံး

"ခုလောလောဆယ် အမိန့်ပြန်တမ်းလုပ်နေရတော့ လောလောဆယ်အသေးစိတ်ဖြေပေးဖို့ ခက်သေးတယ်။ ဗုံးတွေက စခန်းအရှေ့ထဲကိုကျတာ။ ရပ်ကျေးပကဖ စခန်းထဲကို ကျတာပါ။ လောလောဆယ် ၁၈ ဦးကျတာတော့ အတည်ပြုထားနိုင်သေးတယ်။"

ရေကြည်ဦး PDF စစ်ဆေးရေးဂိတ်ဟောင်း ဒရုန်းဗုံးသီးချခံရလို့ ခရီးသွား ၅ ဦးထိခိုက်ဒဏ်ရာရ

"ကျောက်ဆည်ကန်ပျူရွာကနေ ဒရုန်းလွှတ်တာ။ ဗုံးလာချတဲ့နေရာက မီတာ ၁၀,၀၀၀ လောက်ရှိမယ်။ သူတို့က လမ်းပေါ်ချတာဆိုတော့ ဖြတ်သွားဖြတ်လာကားတွေပေါ်ကျတာ။ ထိတဲ့သူတွေထဲက အမျိုးသမီး ၁ ယောက်ကတော့ စိုးရိမ်ရတယ်။"

စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမှာ "မန်းမြေက အရှိန်မပျက် လူထုတိုက်ပွဲ" ပြုလုပ်

"မြို့ပေါ်မှာ ကျွန်တော်တို့ သပိတ်အင်အားစုတွေအနေနဲ့ ရရာနည်းနဲ့ ဆက်လက်လှုပ်ရှားမှုတွေပြုလုပ်နေသလို မြို့နေလူထုအနေနဲ့လည်း သွေးမအေးဖို့၊ အတူတူရုန်းပြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုပါ။ စကစဘက်က လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေ အခက်ခဲတွေအများကြီးကြားက လုပ်ခဲ့ရတာပါ။"

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဓားပြတိုက်ခံရ

" ကျနော်တို့သိရသလောက်က ဌာနပိုင်ကားတွေ ပါသွားတယ်။ လူတော့မပါဘူး။ ငွေနည်းနည်းလပါသွားတယ်။ ကားနဲ့မောင်းဝင်လာပြီး လက်နက်နဲ့ဝင်ချလာတာဆိုတော့ ဓားပြဝင်တိုက်တာဖြစ်နိုင်တယ်။"

သံဃာတွေလိုက်ပါတဲ့ ပုဂံဘုရားဖူးပြန် ကား ၁ စီး လမ်းဘေးထိုးကျ၊ သံဃာ ၃ ပါး ဒဏ်ရာရ၊ ၂ ပါး စိုးရိမ်ရ

" ကားက နောက်ဘီးပေါက်ပြီး ကားလမ်းဘေး မြောင်းထဲထိုးကျသွားတာ။ ကားပေါ်ပါ သံဃာ ၂ ပါးကတော့ စိုးရိမ်ရတယ်။ ၁ ပါးကတော့ နည်းနည်းပါးပါးပဲထိတယ်။ ယာဥ်မောင်းကတော့ ဘာမှမဖြစ်ဘူး။"

ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

"၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင် အမှုဖွင့်တာ။ စုစုပေါင်းဆို ၁၇ ယောက်ရှိတယ်။"

အုတ်တွင်းမှာအမျိုးသားတဦး ဓားခုတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းတိုက်နယ်၊ သာယာကုန်းကျေးရွာမှာ အမျိုးသားတဦး ဓါးခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူမှာ ဒရုန်းဗုံးထိမှန်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားကျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တဲ့ ဒရုန်းဗုံးထိမှန်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွှေဘို ကင်းဗျားရွာမှာ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းနဲ့နေအိမ်တချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နေအိမ်နဲ့စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သွားတယ်လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

နမခဌာနချုပ် လုံခြုံရေးတာဝန်ကျ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

" သူတို့မှာပါတဲ့ လက်နက်နဲ့ပစ္စည်းတွေကိုတော့ လုံခြုံတဲ့တနေရာမှာဝှက်ခဲ့တာ။ ကျနော်တို့ ဘက်ထွက်လာတဲ့အချိန်မှာ စစ်ကြောင်းကကင်းလှည့်တဲ့ ရဲဘော်တွေနဲ့တွေ့ပြီး အလင်းဝင်ချင်ကြောင်းပြောပြလို့ လက်နက်လည်း ဘယ်မှာဝှက်ထားဆိုတာပြောလို့ သွားယူခဲ့တယ်။"

၅ နှစ်အရွယ်ကလေးကို တရွာတည်းနေအမျိုးသားက တောထဲခေါ်သတ်ပေမယ့် အသက်မသေဘဲ ပြန်လွတ်ခဲ့

"ကလေးကို တောထဲလည်းရောက်ကော အင်္ကျီအဖြူလက်ရှည်နဲ့ လည်ပင်းကိုအသားကုန် စည်းတာ။ နှစ်ထပ်သုံးထပ်စ ည်းတာ။ ပြီးတော့ သူစောင့်ကြည့်တယ်။ သားက သေချင်ယောင်ဆောင်လိုက်တယ် တဲ့။ အသက်မရှုတဲ့ပုံစံ လုပ်လိုက်တော့ သေပြီဆိုပြီးတော့ သူ့ဆေးလိပ်မီးနဲ့တို့ကြည့်သေးတယ်တဲ့။ လည်ပင်းတချက် ပါးတချက် တို့ကြည့်သေးတယ်။ အဲဲ့ဒီမှာသေပြီဆိုပြီး ခြုံပုတ်ထဲထားခဲ့တာတဲ့။"

ဘတ္ထရီအိုးနဲ့မီးထွန်းရာက မီးလောင်မှုဖြစ်ပြီး နေအိမ် ၅ လုံးမီးလောင်

"မီးထွန်းထားတဲ့ မီးသီးကနေ ရှော့ဖြစ်ပြီး မီးပွားတွေက အောက်ကစာရွက်ပုံပေါ်ကျပြီး မီးက ထရံကိုကူးပြီး မီးလောင်မှုဖြစ်တာ"

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

"မိတ္တထီလာလေတပ်ကလာတဲ့ ပါရာမိုတာ (စက်တပ်လေထီး) ၂ စီးက ဗုံးလာချတာ။ ၆ လုံးလောက် ချသွားတာကို ပြည်သူ ၂ ဦးသေတယ်။ ၁ ဦးဒဏ်ရာရတယ်လို့တော့ သိထားရတယ်။ ဗုံးတွေက ရွာထဲကျတာ။ အဲ့နေရာဝန်းကျင်က တော်လှန်ရေးအဖွဲ့စိုးမိုးမှုရှိပေမယ့် ရွာထဲမနေဘူး။"

မန္တလေးမြို့မှာ စျေးဝယ်စင်တာတတိယထပ်ကနေ ပန်းရံအလုပ်သမတဦး ပြုတ်ကျသေဆုံး

"အလုပ်လုပ်နေရင်း ပြုတ်ကျတာ။ ကြမ်းခင်းချော်ပြီး ပြုတ်ကျတာမျိုး။ သူက ပန်းရံအလုပ်သမားပါ။ သူနေတာက မီးရထားဝန်းလိုင်းခန်းမှာ ငှားနေကြတာ။"

စစ်ကြောင်းနဲ့ပါလာပြီး အိမ်သာတက်ရင်းကျန်နေခဲ့တဲ့ ရဲတပ်သား ၁ ဦးကို PDF ဖမ်းမိ

"သူက အိမ်သာတက်ရင်း နောက်ကျနေတာ။ သူကြည့်လိုက်တော့ စစ်ကြောင်းကမရှိတော့ဘူး။ နောက်ကနေ ပြေးလိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့တွေ့ပြီး ဖမ်းမိလာတာ။ ကျနော်တို့လည်း စစ်ကြောင်းနောက်ကိုလိုက်နေတာကိုး။ သူက ရွာဘုန်းကြီးကျောင်းအိမ်သာမှာ အိမ်သာတက်ရင်းကျန်ခဲ့တာ။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10