Podcast

ပဇီကြီးကျေးရွာ နောက်ဆုံးရသတင်းအပါအဝင် တပတ်အတွင်းသတင်းများ

ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရေး ပေါင်းတည်မြို့နယ်ထဲမှာ စည်းရုံးဟောပြောတဲ့သတင်း၊ သွေးကြွေးတောင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်လို့ သေဆုံးမှုများနိုင်တဲ့သတင်း၊ ကြို့ပင်ကောက်မှာ ရက်ပေါင်း၄၀အတွင်း ရေနစ်သေဆုံးသူ ၆ဦးရှိခဲ့တဲ့သတင်း၊ စတဲ့သတင်းများကို နားဆင်နိုင်ပါပြီ။

ကျား/မ မရွေး အကြမ်းဖက်ခံရနိုင်ပါတယ်

ကျား/မရေးရာအခြေပြုအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ ကျား/မရေးရာအခြေပြုအကြမ်းဖက်မှုတွေ ပပျောက်စေဖို့ သင့်မှာလည်းတာဝန်ရှိပါတယ်။

ကျား/မ မရွေး အကြမ်းဖက်ခံရနိုင်ပါတယ်

ကျား/မရေးရာအခြေပြုအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ ကျား/မရေးရာအခြေပြုအကြမ်းဖက်မှုတွေ ပပျောက်စေဖို့ သင့်မှာလည်းတာဝန်ရှိပါတယ်။

စားသုံးဆေးဝင် ကင်ပွန်းချဉ်"လက်တကမ်းကျန်းမာရေး ၁၂"

ကင်ပွန်းချဉ်ဟာ ဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ။ သွားနဲ့ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ ဆံသားဆိုင်ရာပြဿနာ စတာတွေအတွက် ကင်ပွန်းချဉ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေဟာ အထောက်အကူပြုပါသလဲ။ ကင်ပွန်းချဉ်ပင်ကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်းအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၄"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်း အတွက်စာ၊ ပိုင်ဖြိုးသုအတွက်စာ၊ Crush အတွက်စာရင်ဖွင့်ထားတဲ့ စာလေးတွေကိုပါနားဆင်ရမှာပါ။

အင်းတော်တွင် KIA/KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးတဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

စစ်ကောင်စီဘက်က အသေအပျောက်များပေမယ့် သတင်းပေါက်ကြားလို့ စခန်းမသိမ်းနိုင်တဲ့သတင်း၊ ကလေးမှာ တပတ်အတွင်း ထိတွေ့မှုတွေကြောင့် PDF ၁ ဦးနဲ့ စစ်သား ၂၀ ဦးခန့်သေဆုံးတဲ့သတင်း၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်တဲ့သတင်း၊ စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ထုတ်ပြန်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

နွေရာသီမှာအဖြစ်များတဲ့ရောဂါများနှင့်လက်တကမ်းဆေးပညာ(၂)"လက်တကမ်း ကျန်းမာရေး(၁၁)”

နွေရာသီမှာဖြစ်တတ်တဲ့ရောဂါတွေထဲက အသားအရေနေလောင်ခြင်း၊ မူးမောအိပ်မပျော်ခြင်း၊ အစာစားချင်စိတ်လျော့ပါခြင်း စတဲ့ရောဂါတွေကို အနီးအနားက ဆေးဖက်ဝင်အသီး၊ အပွင့်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

တော်လှန်ရေးမှာ လေးစားအားကျရတဲ့ဆရာတဦးအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၃"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မိသားစုရဲ့အချစ်ဆုံးညီမလေး လီလီလုံးအတွက်စာ၊ တော်လှန်ရေးကာလအတွင်း ခင်မင်ခဲ့သူ သူငယ်ချင်းအတွက်စာတွေကိုပါ နားဆင်ရမှာပါ။

စခန်းစီးနင်းခံရလို့ PDF ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ

ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့ နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်းတဲ့သတင်း၊ မင်းကင်းက ရွှေမျှောဖောင် ၅၀ ကျော် မီးရှို့ခံရပြီး ရွှေမျှောလုပ်သား ၇ ဦး အသတ်ခံရတဲ့သတင်း၊ ထီးချိုင့်မှာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရတဲ့သတင်းအပါအဝင် သတင်းများကိုနားဆင်နိုင်ပါပြီ။

နွေရာသီမှာအဖြစ်များတဲ့ရောဂါများနှင့်လက်တကမ်းဆေးပညာ"လက်တကမ်းကျန်းမာရေး ၁၀"

နွေရာသီမှာဖြစ်တတ်တဲ့ရောဂါတွေထဲက ဘယ်လိုရောဂါတွေအဖြစ်များလဲ၊ ဘာကြောင့်ဖြစ်တတ်လဲ၊ ဒီရောဂါတွေကို အနီးအနားက ဆေးဖက်ဝင် အသီး၊ အပွင့်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

တော်လှန်ရေးလမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သူရဲကောင်းမလေးအတွက်စာနဲ့ အခြားစာတွေပါနားဆင်ရမယ့် "မြေလတ်တံတား ၁၂"

တော်လှန်ရေးလမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူငယ်ချင်းမလေးအတွက် အားပေးစကားပြောကြားထားတဲ့စာ၊ တိုက်ပွဲတွေကြားမှာ မားမားမတ်မတ်ရပ်တည်နေတဲ့ မြဝတီမြို့လေးအတွက်စာတွေကိုပါ နားဆင်ရမှာပါ။

တမူးကနယ်မြေရဲစခန်းစီးနင်းခံရပြီး စခန်းမှူးအပါ ၆ဦးအရှင်ဖမ်းမိတဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ

PDF ထောက်ပို့ဆိုပြီးမိသားစုလိုက်ဖမ်းဆီးခံရကာ အသက်မပြည့်သေးတဲ့ သား၊သမီး ၄ ဦး သတင်းပျောက်နေတဲ့သတင်း၊ ၃ လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြောတဲ့သတင်း၊ ဝေါမြို့နယ်ထဲက စစ်ကောင်စီရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ တပတ်အတွင်း နုတ်ထွက်ဖို့ ပကဖ သတိပေးသတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။

ဝဲယားနာနှင့်လက်တကမ်းဆေးပညာ"လက်တကမ်း ကျန်းမာရေး ၉"

ဝဲယားနာဟာ ကူးစက်ရောဂါဖြစ်တာကြောင့် ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ၊ ဝဲယားနာဖြစ်လာရင် အနီးအနားက ဆေးဖက်ဝင် အသီး အပွင့် တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

တော်လှန်ရေးထဲကနာမည်ကျော်အမျိုးသမီးလေးတွေအတွက်စာအပါအဝင် အခြားစာတွေကိုလည်းနားဆင်ရမယ့် "မြေလတ်တံတား ၁၁"

အခုတပတ်မှာ အညာဒေသက ဆုံရှုံးလိုက်ရတဲ့ရက်ကန်းစင်တွေအတွက် ခံစားရတဲ့စာနဲ့ အဆိုတော်အိမ့်ချစ်အတွက် ပြည်သူကပေးတဲ့စာတွေကိုပါ နားဆင်ရမှာပါ ။

စစ်အုပ်စုကထွက်လမ်းကိုပိတ်ထားလို့ ပခုက္ကူမှာ ဒေသခံ ၈ ထောင်ကျော် ပိတ်မိနေတဲ့သတင်း အပါအဝင်တပတ်အတွင်းသတင်းများ

ပဲခူးမှာ စစ်ကောင်စီကကျင်းပမယ့်ဘုရားပွဲသွားမယ့်ပြည်သူတွေ အညာပြည်သူတွေကိုအားနာဖို့ ပကဖသတိပေးတဲ့သတင်း၊ ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တဲ့သတင်း၊ PDF တွေဝင်လာမယ့်သတင်းကြောင့် ဝေါဒေသခံတွေကို စစ်အုပ်စုက ဖိအားပေးကင်းစောင့်ခိုင်းတဲ့သတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10