Podcast

“ဆီးချိုရောဂါနှင့် လက်တကမ်းဆေးပညာ”

အခုတပတ် “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ ဆီးချိုရောဂါနဲ့ လက်တကမ်းဆေးပညာ အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

နှင်းဆီပွင့်လို မိန်းကလေးတွေအတွက်စာလွှာလေးတွေနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၂"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုအပြည့်အဝရရှိထားတဲ့ ဒေါက်တာဖြိုးသီဟအတွက်စာနဲ့ နှင်းဆီပွင့်လိုကောင်မလေးတွေအတွက် စာလေးတွေကို နားဆင်ရပါမယ်။

အုပ်ချုပ်ရေးမှူး ၇၀ကျော် နှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ် သတိပေးတဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ညောင်ပင်ကြီးရဲစခန်းတခုလုံးနီးပါး သိမ်းနိုင်ခဲ့ပြီး ရဲ ၂ ဦးဖမ်းမိ၊ လက်နက်တချို့ရတဲ့သတင်း၊ ကနီ CDMဆင်စခန်းကို ပြည်သူတွေက ကျပ်သိန်း ၇၀ကျော်လှူဒါန်းတဲ့သတင်း၊ ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေတဲ့သတင်း အပါအဝင် အခြားသတင်းတွေကို နားဆင်ပါ။

“ဆေးဖက်ဝင် နှမ်း”

အာရုံကြောနဲ့မှတ်ဉာဏ်ကောင်းမွန်စေဖို့ နှမ်းကိုဘယ်လိုအသုံးချမလဲ။ အဆစ်အမြစ် ကိုက်ခဲတတ်သူတွေအတွက် နှမ်းက ဘယ်လိုအသုံးဝင်သလဲ။ လိပ်ခေါင်းသွေးယိုအတွက် နှမ်းဆီကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရပါမယ်။

မွေးနေ့ဆုတောင်းစာလေးတွေနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၁"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မွေးနေ့ဆုတောင်းစာလေးတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။

ပျူဘုန်းကြီးဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေလို့ လေကြောင်း ပစ်ကူနဲ့တိုက်ခိုက် တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထားတဲ့ သတင်း၊ ကရင်နီတိုက်ပွဲမှာ မင်းလှ ခလရ ၁ က ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊တပ်ရင်းမှူး ထွက်ပြေးလို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်တဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါများနှင့် လက်တကမ်းဆေးပညာ

မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေက ဘာတွေလဲ၊ ဒီလိုရောဂါတွေမဖြစ်အောင် ဘာတွေကိုဆောင်ရ၊ ရှောင်ရမလဲ။ ဒီလိုရောဂါတွေဖြစ်လာခဲ့ရင် လက်တကမ်းမှာရှိတဲ့ ဆေးဖက်ဝင်အသီး၊အပွင့်တွေနဲ့ ဘယ်လိုမျိုးပြုစုကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို ရရှိနေတဲ့ နုကြည်အတွက်စာနဲ့ အခြားစာတွေနားဆင်ရမယ့် မြေလတ်တံတား ၂၀

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို တပြိုင်တည်း ရရှိနေတဲ့ နုကြည်အတွက်စာ၊ သင်တန်းမှာ ခင်မင်ခဲ့ရတဲ့ အစ်မတစ်ယောက်အတွက်စာနဲ့ အခြားစာလေးတွေကို နားဆင်ရမှာပါ။

တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ဦး PDFတပ်ရင်းတွေမှာ ပြန်လည်တာဝန် ထမ်းဆောင်မယ့်သတင်းအပါ တပတ်အတွင်းသတင်းများ

ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်တဲ့သတင်း၊ ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့သတင်း၊ ဝမ်ပေါင်ဂိတ်က ကင်းသမားတွေပစ်ခံရလို့ ၃ဦးသေ ၅ဦးဒဏ်ရာရတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

ကျန်းမာရေးအတွက် ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဝက်ခြံမှဲ့ခြောက်၊ ဆံပင်ကျွတ် ဦးရေပြားသွေ့ခြောက်ရောဂါနဲ့ နားကိုက်နားနာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။ခန္ဓာကိုယ်အလေးချိန်ကိုဘယ်လို ကျစေသလဲ။ ကြက်သွန်ဖြူမှာရှိတဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲဆိုတာကို နားဆင်ရပါမယ်။

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်ချခံရတဲ့ သတင်းအပါ တပတ်အတွင်းသတင်းများ

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိတဲ့သတင်း၊ ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွာတဲ့သတင်း၊ ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုက ၆၀ ဝန်းကျင်နဲ့ PDFဘက်က ၂ဦး သေဆုံးတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

ကျန်းမာရေးအတွက် ကြက်သွန်နီ

ကြက်သွန်နီဟာ မျက်နှာအဆီပြန်ခြင်းနဲ့ ပန်းနာရင်ကြပ်တို့ကိုဘယ်လိုထိန်းချုပ်နိုင်လဲ။ ကိုယ်အလေးချိန်ကျဖို့ ဘယ်လိုအသုံးပြုလို့ရသလဲ။ နားကိုက် နားပြည်ယိုခြင်းကို ကြက်သွန်နီက ဘယ်လိုဖြေရှင်းပေးနိုင်သလဲဆိုတာတွေကို နားဆင်ရပါမယ်။

တော်လှန်ရေးမိခင်တဦးအတွက်စာအပါအဝင် အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၁၉"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ တော်လှန်ရေးမိခင်တဦးအတွက်စာ၊ PDF ရဲဘော်လေးအတွက် သူ့ကောင်မလေးက ပေးပို့ထားတဲ့စာနဲ့အတူ အခြားစာတွေကိုပါနားဆင်ရမှာပါ။ စာလွှာတွေပေးပို့ရင်း တော်လှန်ရေးအတွက်အထောက်အပံ့ဖြစ်စေဖို့ ပါဝင်ထောက်ပံ့ပေးကြပါဦးနော်။

အင်းတော်အဝင်ဂိတ်မှာ စစ်ကောင်စီက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးမှုတွေပြုလုပ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ကန်းဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရတဲ့သတင်း၊ စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရတဲ့သတင်း၊ ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

ဆေးဖက်ဝင် ဆင်တုံးမနွယ်

ဆင်တုံးမနွယ်ဟာ နာတာရှည်အဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အစာလမ်းကြောင်း ရောဂါတွေကိုဘယ်လိုကုသနိုင်လဲ။ ဆင်တုံးမနွယ်မှာရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေလဲဆိုတာကို နားဆင်ရပါမယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10