Podcast

“စားသုံးဆေးဝင် လက်ပံပင်” (Podcast)

လိပ်ခေါင်းသွေးယိုခြင်းသက်သာစေဖို့ လက်ပံပွင့်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ သရက်ရွက်ကြီးခြင်းရောဂါသက်သာပျောက်ကင်းစေဖို့ လက်ပံပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းရောဂါအတွက် လက်ပံသီးကို ဘယ်လိုအသုံးပြုကုသနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- PDF ထဲဝင်မယ့်လူငယ်တွေကို ဘာတွေအကြံပေးထားလဲ။ - ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်ကတည်းက ဘယ်လိုအနိုင်ကျင့်ခံရသလဲ။ - ခက်ခဲချိုတဲ့နေတဲ့ CDM သူရဲကောင်းတွေကို ဘယ်သူတွေကူညီမှာလဲ စတဲ့ စာတွေကို နားဆင်ရပါမယ်။

“ဆေးဖက်ဝင် အုန်းပင်” (Podcast)

ကိုယ်ဝန်ဆောင်မိခင်တွေကို အုန်းရေက ဘယ်လိုအာဟာရတွေပေးသလဲ။ အုန်းသီးစားသုံးခြင်းဟာ ဝိတ်ချနေသူတွေအတွက် ဘယ်လိုအထောက်အကူပြုသလဲ။ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါ အုန်းရွက်ပြုတ်ရေဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအဆိပ်သင့်တဲ့အခါ အုန်းပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် ဝါးပင်” (Podcast)

သွေးတိုး၊ ဆီးချိုထိန်းသိမ်းနိုင်ဖို့ ဝါးရွက်ကို ဘယ်လိုအသုံးပြုမလဲ။ ဝါးရွက်လက်ဖက်ခြောက်ပြုတ်ရည်နဲ့ ပျားရည်ရောနှောသောက်သုံးရင် ဘယ်လိုရောဂါတွေကို သက်သာပျောက်ကင်းစေသလဲ။ ဝါးလုံးထဲကရတဲ့ ဝါးရေကရော လူ့ခန္ဓာကိုယ်ကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“မျက်စိနာရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

မျက်စိနာရောဂါ ဘာကြောင့်ဖြစ်ရသလဲ။ အုန်းဆီ၊ နှမ်းဆီ၊ ပျားရည်တို့နဲ့ မျက်စိနာရောဂါကို ဘယ်လို ကုသလို့ရသလဲ။ မျက်စိနာရောဂါ သက်သာဖို့အတွက် ရှားစောင်းလက်ပတ်နဲ့ မာလကာရွက်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“စားသုံးဆေးဝင် သရက်ပင်”

ဆီးချိုသွေးချိုရောဂါတွေသက်သာအောင် သရက်ရွက်အရင့်ကို ဘယ်လိုသုံးမလဲ။ သွားကိုက်၊ သွားဖုံးသွေးယိုစတဲ့ရောဂါတွေအတွက် သရက်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ခြေဖဝါးကွဲအက်ဒဏ်ရာတွေကို သရက်စေးနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကိုနားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်က စခန်းမှူးတဦး ပြည်သူကိုဘာတွေလုပ်နေလဲ။ - မန္တလေးက ဆီဆိုင်တွေ ဆီရောင်းမပေးကြတဲ့အကြောင်း။ - PDF ဂိတ်တွေဟာ ပြည်သူ့ရေယာဉ်တွေဆီက အခွန်ကောက်နေတာလား၊ ဆက်ကြေးကောက်နေတာလား ဆိုတဲ့ စာတွေကို နားဆင်ရပါမယ်။

“ရေစီးကမ်းပြိုရောဂါနှင့် လက်တကမ်းဆေးပညာ”

ရေစီးကမ်းပြိုရောဂါဘာကြောင့်ဖြစ်ရသလဲ။ ရေစီးကမ်းပြိုရောဂါကို သဖန်းခေါက်၊ ဂျာမဏီရွက်တို့နဲ့ ဘယ်လိုကုလို့ရသလဲ။ အုန်းသီးကင်းနှင့် ကွမ်းသီးကင်းတွေဟာ ရေစီးကမ်းပြိုရောဂါကို ဘယ်လိုသက်သာစေသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် တောင်မရိုးပင်”

တောင်မရိုးပင်ဟာ ခန္ဓာကိုယ်ဖောရောင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ။ ငှက်ဖျားရောဂါဖြစ်ရင် တောင်မရိုးပင်နဲ့ ဘယ်လိုကုသနိုင်သလဲ။ တောင်မရိုးရွက်ရေနွေးကြမ်းဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲဆိုတာတွေကိုနားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

“မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။”

“မီးယပ်သွေးဆုံးခြင်းနှင့် လက်တကမ်းဆေးပညာ”

မီးယပ်သွေးဆုံးချိန် လက္ခဏာများ။ မီးယပ်သွေးဆုံးခြင်းကို ထိန်းချုပ်နိုင်ဖို့ လက်တကမ်းက ဆေးဝါးတွေအကြောင်း။ မီးယပ်သွေးဆုံးချိန်မှာပေါ့ဆရင် နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်နိုင် သလဲဆိုတာကို နားဆင်ရမှာပါ။

အင်မထီးပျူစခန်းကနေ ကလေးငယ် ၁၁ ဦးအပါ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ (Podcast)

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်သားတွေအလင်းဝင်တဲ့သတင်း၊ အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံးတဲ့သတင်း၊ ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေးတဲ့သတင်းနဲ့အခြားသတင်းတွေကို နားဆင်ရမှာပါ။

“ဆေးဖက်ဝင် တမာပင်”

တမာကိုအသုံးပြုပြီး ဆီးချိုရောဂါကိုဘယ်လိုကုသနိုင်သလဲ။ အဆုတ်နဲ့တီဘီရောဂါကုသနိုင်ဖို့ တမာဟာ ဘယ်လိုအရေးပါသလဲ။ တမာဆီကို ဦးရေပြားမှာလိမ်းကြံပေးပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ စတာတွေကိုနားဆင်ရမှာပါ။

ဝက်လက်မှာ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့၊ စစ်ဗိုလ် ၁ ဦးအပါ ၇ ဦးသေဆုံးတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ (Podcast)

စားအုန်းဆီစျေးကို စစ်တပ်ကထိန်းချုပ်ပြီးနောက် စျေးကွက်အတွင်း ဆီပြတ်လပ်တဲ့သတင်း၊ ကလေးမြို့မှာ ရပ်ကွက် ၁၀ ခုကျော် ရေကြီးနစ်မြုပ်နေတဲ့သတင်း၊ မုံရွာထောင်မှ ရွှေ့ပြောင်းခံရတဲ့ နိုင်ကျဥ်း ၁၀၀ ကျော် အိုးဘိုထောင်အရောက်မှာ ရိုက်နှက်နှိပ်စက်ခံရတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

“ငှက်ဖျားရောဂါနှင့် လက်တကမ်းဆေးပညာ”

ငှက်ဖျားရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ ငှက်ဖျားရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲ။ ငှက်ဖျားရောဂါကိုမကုသပဲ ပေါ့ဆရင် နောက်ဆက်တွဲဘယ်လိုဆိုးကျိုးတွေရင်ဆိုင်ရနိုင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10