ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်းအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၄"
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်း အတွက်စာ၊ ပိုင်ဖြိုးသုအတွက်စာ၊ Crush အတွက်စာရင်ဖွင့်ထားတဲ့ စာလေးတွေကိုပါနားဆင်ရမှာပါ။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်း အတွက်စာ၊ ပိုင်ဖြိုးသုအတွက်စာ၊ Crush အတွက်စာရင်ဖွင့်ထားတဲ့ စာလေးတွေကိုပါနားဆင်ရမှာပါ။
စစ်ကောင်စီဘက်က အသေအပျောက်များပေမယ့် သတင်းပေါက်ကြားလို့ စခန်းမသိမ်းနိုင်တဲ့သတင်း၊ ကလေးမှာ တပတ်အတွင်း ထိတွေ့မှုတွေကြောင့် PDF ၁ ဦးနဲ့ စစ်သား ၂၀ ဦးခန့်သေဆုံးတဲ့သတင်း၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်တဲ့သတင်း၊ စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ထုတ်ပြန်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။
နွေရာသီမှာဖြစ်တတ်တဲ့ရောဂါတွေထဲက အသားအရေနေလောင်ခြင်း၊ မူးမောအိပ်မပျော်ခြင်း၊ အစာစားချင်စိတ်လျော့ပါခြင်း စတဲ့ရောဂါတွေကို အနီးအနားက ဆေးဖက်ဝင်အသီး၊ အပွင့်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ မိသားစုရဲ့အချစ်ဆုံးညီမလေး လီလီလုံးအတွက်စာ၊ တော်လှန်ရေးကာလအတွင်း ခင်မင်ခဲ့သူ သူငယ်ချင်းအတွက်စာတွေကိုပါ နားဆင်ရမှာပါ။
ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့ နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်းတဲ့သတင်း၊ မင်းကင်းက ရွှေမျှောဖောင် ၅၀ ကျော် မီးရှို့ခံရပြီး ရွှေမျှောလုပ်သား ၇ ဦး အသတ်ခံရတဲ့သတင်း၊ ထီးချိုင့်မှာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရတဲ့သတင်းအပါအဝင် သတင်းများကိုနားဆင်နိုင်ပါပြီ။
နွေရာသီမှာဖြစ်တတ်တဲ့ရောဂါတွေထဲက ဘယ်လိုရောဂါတွေအဖြစ်များလဲ၊ ဘာကြောင့်ဖြစ်တတ်လဲ၊ ဒီရောဂါတွေကို အနီးအနားက ဆေးဖက်ဝင် အသီး၊ အပွင့်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။
တော်လှန်ရေးလမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူငယ်ချင်းမလေးအတွက် အားပေးစကားပြောကြားထားတဲ့စာ၊ တိုက်ပွဲတွေကြားမှာ မားမားမတ်မတ်ရပ်တည်နေတဲ့ မြဝတီမြို့လေးအတွက်စာတွေကိုပါ နားဆင်ရမှာပါ။
PDF ထောက်ပို့ဆိုပြီးမိသားစုလိုက်ဖမ်းဆီးခံရကာ အသက်မပြည့်သေးတဲ့ သား၊သမီး ၄ ဦး သတင်းပျောက်နေတဲ့သတင်း၊ ၃ လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြောတဲ့သတင်း၊ ဝေါမြို့နယ်ထဲက စစ်ကောင်စီရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ တပတ်အတွင်း နုတ်ထွက်ဖို့ ပကဖ သတိပေးသတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။
ဝဲယားနာဟာ ကူးစက်ရောဂါဖြစ်တာကြောင့် ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ၊ ဝဲယားနာဖြစ်လာရင် အနီးအနားက ဆေးဖက်ဝင် အသီး အပွင့် တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။
အခုတပတ်မှာ အညာဒေသက ဆုံရှုံးလိုက်ရတဲ့ရက်ကန်းစင်တွေအတွက် ခံစားရတဲ့စာနဲ့ အဆိုတော်အိမ့်ချစ်အတွက် ပြည်သူကပေးတဲ့စာတွေကိုပါ နားဆင်ရမှာပါ ။
ပဲခူးမှာ စစ်ကောင်စီကကျင်းပမယ့်ဘုရားပွဲသွားမယ့်ပြည်သူတွေ အညာပြည်သူတွေကိုအားနာဖို့ ပကဖသတိပေးတဲ့သတင်း၊ ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တဲ့သတင်း၊ PDF တွေဝင်လာမယ့်သတင်းကြောင့် ဝေါဒေသခံတွေကို စစ်အုပ်စုက ဖိအားပေးကင်းစောင့်ခိုင်းတဲ့သတင်းအပါအဝင် သတင်းများနားဆင်လို့ရပါပြီ။
အခုတပတ် “လက်တကမ်း ကျန်းမာရေး”အစီအစဉ်မှာ မီးယပ်အဖြူဆင်းခြင်းနဲ့ လက်တကမ်းဆေးပညာ အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။
အခုအချိန်ကာလမှာ လွတ်လပ်စွာဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ်။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေအနေနဲ့ စိတ်ချလက်ချ စကားလက်ဆောင်ပါးနိုင်ဖို့ "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။
မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေရတဲ့သတင်း၊ မြောင်နယ်က ကျောင်း ၁၅ ကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲပြုလုပ်တဲ့သတင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမှာ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့သတင်း၊
မြေလတ်ဒေသအတွင်းမှာ တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းအချို့ကို ကောက်နုတ်ပြီး Podcast အစီအစဥ်အနေနဲ့ တင်ဆက်ထားပါတယ်။