ရိက္ခာပို့ပြီး ပြန်လာတဲ့စစ်ကြောင်းက ကျေးရွာ ၂ ရွာက နေအိမ်အလုံး ၃၀ ကို မီးရှို့
“ကန်နီကနေ အပြန်ဆိုတော့ ကျောင်းကုန်းကို အရင်တွေ့တယ်။ အဲ့မှာ ကျောင်းကုန်းက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျောင်းကုန်းက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးပြီးတော့ အဲ့မှာတဆက်တည်း သူ့ရဲ့တောင်ဘက်မှာရှိတဲ့ သံပုရာခြံက နေအိမ် ၃ လုံးကိုပါ တပြိုင်တည်း မီးရှို့ခဲ့တယ်။”