ဝက်လက်မြို့ခံ ၂၀ ကျော်ကို စစ်ကောင်စီကထွေအုပ်ရုံးမှာဖမ်းဆီးထား
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၈ ရက် ညပိုင်းမှာလိုက်လံဖမ်းဆီးပြီး ရွှေဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပို့ထားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖေဖော်ဝါရီဝမ်းက ပြောပါတယ်။