MLAT

မိုးရာသီမှာ အဖြစ်များတဲ့ရောဂါများနှင့် လက်တကမ်းဆေးပညာ

မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေက ဘာတွေလဲ၊ ဒီလိုရောဂါတွေမဖြစ်အောင် ဘာတွေကိုဆောင်ရ၊ ရှောင်ရမလဲ။ ဒီလိုရောဂါတွေဖြစ်လာခဲ့ရင် လက်တကမ်းမှာရှိတဲ့ ဆေးဖက်ဝင်အသီး၊အပွင့်တွေနဲ့ ဘယ်လိုမျိုးပြုစုကုသလို့ရသလဲဆိုတာတွေကို နားဆင်ရမှာပါ။

"သမချေးငွေ နဲ့ တောင်သူဘဝ" (ရုပ်/သံ)

မြန်မာတနိုင်ငံလုံးက ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားတွေဟာ ခေါင်းစဉ်အမျိုးမျိုးသော ချေးငွေများနဲ့ အကြွေးသံသရာ လည်နေတာတွေ့ရပါတယ်။ ဒီအထဲမှာ သမချေးငွေ လို့ အများသိထားတဲ့ သမဝါယမအသင်းများဆိုင်ရာ ချေးငွေကဏ္ဍလဲ ပါဝင်ပါတယ်။ သမ ချေးငွေစနစ်က ဘယ်လိုလဲ၊ သမချေးငွေကြောင့် တောင်သူလယ်သမားတွေရဲ့ ဘဝ တကယ်ပဲ တိုးတက်ပြောင်းလဲစေခဲ့လား၊ တောင်သူလယ်သမားတွေရဲ့ တကယ့်လိုအပ်ချက်က ဘာဖြစ်မလဲ စတာတွေကို ဒီတပါတ် မြေလတ်ဒေသ လူမှု စီးပွါး အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ပေးထားပါတယ်။

ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို ရရှိနေတဲ့ နုကြည်အတွက်စာနဲ့ အခြားစာတွေနားဆင်ရမယ့် မြေလတ်တံတား ၂၀

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူတွေရဲ့အချစ်အနဲ့အမုန်းကို တပြိုင်တည်း ရရှိနေတဲ့ နုကြည်အတွက်စာ၊ သင်တန်းမှာ ခင်မင်ခဲ့ရတဲ့ အစ်မတစ်ယောက်အတွက်စာနဲ့ အခြားစာလေးတွေကို နားဆင်ရမှာပါ။

တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ဦး PDFတပ်ရင်းတွေမှာ ပြန်လည်တာဝန် ထမ်းဆောင်မယ့်သတင်းအပါ တပတ်အတွင်းသတင်းများ

ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်တဲ့သတင်း၊ ဆားတောင်မြို့မရဲစခန်း စီးနင်းခံရလို့ စစ်အုပ်စုဘက်က အရာရှိတဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့သတင်း၊ ဝမ်ပေါင်ဂိတ်က ကင်းသမားတွေပစ်ခံရလို့ ၃ဦးသေ ၅ဦးဒဏ်ရာရတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

"ထိုင်းရွေးကောက်ပွဲကြောင့် သွေးတက်နေတဲ့ မအလ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံ သတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ထဲက ဒီတပါတ်မှာတော့ "ထိုင်းရွေးကောက်ပွဲကြောင့် သွေးတက်နေတဲ့ မအလ "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်းအစီအစဉ်

- သင်တန်းတက်ပြီး ပြန်လာတဲ့ Non-CDM ပညာရေးဝန်ထမ်းတွေကို PDF က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ - စစ်ဆေးရေး တင်းကြပ်ထားတဲ့ မုံရွာမှာ သပိတ်ပြုလုပ် - ပျူရွာက ကလေး ၂ ဦးအပါအဝင် ၇ ဦးကို ပေါက် PDFက ရှင်ပြုနားသပြုလုပ်ပေး - မုန်တိုင်းဒဏ်နဲ့ ဆက်သွယ်ရေးခက်ခဲနေပေမယ့် ရိက္ခာအထောက်မပြတ်တဲ့ ပြည်သူတွေ - ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူထဲက ၂ ဦးသေဆုံး - စခန်းသိမ်းကာနီး ပြန်ဆုတ်ခဲ့ရတဲ့ ၃ရက်တာ ပဒူရွာတိုက်ပွဲ - မီးရှို့ခံရတဲ့ အညာဒေသက ပြည်သူတွေ မှတ်ပုံတင်မရှိလို့ ဖုန်းဆင်းကဒ်မှတ်ပုံတင်ရန် အခက်ဖြစ်နေ - ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင် - ဘီလူးစစ်ကြောင်းက ဖမ်းထားတဲ့ ရဲဘော်ကို သွားကယ်ရင်း တိုက်ပွဲဖြစ်လို့ စကစဘက်က ၁၀ ဦးသေဆုံး ဟုဆို - စစ်ရှောင်ပဒူရွာဒေသခံ ၁၀၀၀ ခန့်ကို PDF က စားသောက်ကုန်များ လှူဒါန်းပြီး ကျန်းမာရေး စောင့်ရှောက်ပေး - ကန့်ဘလူ စစ်ရှောင် တသောင်းကျော်အတွက် အမိုးအကာ၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ် #မြေလတ်အသံ #စစ်ကိုင်း #မကွေး #ပဲခူး #တပတ်အတွင်းမြေလတ်သတင်း

ကျန်းမာရေးအတွက် ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဝက်ခြံမှဲ့ခြောက်၊ ဆံပင်ကျွတ် ဦးရေပြားသွေ့ခြောက်ရောဂါနဲ့ နားကိုက်နားနာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။ခန္ဓာကိုယ်အလေးချိန်ကိုဘယ်လို ကျစေသလဲ။ ကြက်သွန်ဖြူမှာရှိတဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲဆိုတာကို နားဆင်ရပါမယ်။

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်ချခံရတဲ့ သတင်းအပါ တပတ်အတွင်းသတင်းများ

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိတဲ့သတင်း၊ ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွာတဲ့သတင်း၊ ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုက ၆၀ ဝန်းကျင်နဲ့ PDFဘက်က ၂ဦး သေဆုံးတဲ့သတင်းအပါအဝင် အခြားသတင်းတွေကို နားဆင်နိုင်ပါပြီ။

PDF လက်ထဲက အညာဒေသ

“လက်နက်ခဲယမ်းတွေ တောင့်တင်းအားကောင်းဖို့လိုပါတယ်။ လက်နက်ခဲယမ်းမရှိဘဲနဲ့လည်း နယ်မြေစိုးမိုးရေးတွေ လုပ်လို့မရဘူး။ စစ်ကောင်စီကို တိုက်လို့ မရဘူး။ လက်နက်ခဲယမ်းရဖို့ အရေးကြီးပါတယ်။ အဲတော့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်နက်ခဲယမ်းထောက်ပံ့မှုတွေကို ဒီထက်ပိုပြီး ကြိုးစားဆောင်ရွက်ပေး ပါလို့ ကျနော် အနူးညွတ်တောင်းဆိုပါတယ်”

မိုခါက ယတြာမကြောက်ဘူး

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "မိုခါက ယတြာမကြောက်ဘူး "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို သေဒဏ်ချမှတ်နိုင်တဲ့ အမှု ၂မှုနဲ့ တရားထပ်စွဲ - လူ ၁၉ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်မှု ကမ္ဘာသိအောင် လုပ်ဆောင်သွားမယ်လို့ဆို - စစ်အင်အားရာချီပါတဲ့ YDF ၂ နှစ်ပြည့် အခမ်းအနားကို လက်နက်အပြည့်အစုံနဲ့ ကျင်းပ - မိုခါမုန်တိုင်းဒဏ်ကြောင့် PDF စခန်းအချို့ ထိခိုက်ဆုံးရှုံးမှုတွေရှိ - မုန်တိုင်းတိုက်နေချိန် စစ်တပ်က စစ်ကြောင်းထိုးလို့ ပြည်သူ ၁ သောင်းကျော်ထွက်ပြေးနေရ - ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူ မရှိလို့ ပြည်သူအချင်းချင်းပြန်ကူနေရ - ကနီနယ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ - စစ်တောင်းမြစ်အတွင်း ငါးမဖမ်းရ ရာသီမှာ ငါးဖမ်းဆီးသူပိုများလာ - မီးဘေးရှောင်ရင်း ရေဘေးကြုံနေရတဲ့ ပြည်သူနေအိမ်တွေကို PDF က ကူညီရှင်းလင်းပေး - တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ ၈ ဦးထက်မနည်းသေဆုံး - ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့ ၂ ဦးခန့် သေဆုံးဟုဆို

ကျန်းမာရေးအတွက် ကြက်သွန်နီ

ကြက်သွန်နီဟာ မျက်နှာအဆီပြန်ခြင်းနဲ့ ပန်းနာရင်ကြပ်တို့ကိုဘယ်လိုထိန်းချုပ်နိုင်လဲ။ ကိုယ်အလေးချိန်ကျဖို့ ဘယ်လိုအသုံးပြုလို့ရသလဲ။ နားကိုက် နားပြည်ယိုခြင်းကို ကြက်သွန်နီက ဘယ်လိုဖြေရှင်းပေးနိုင်သလဲဆိုတာတွေကို နားဆင်ရပါမယ်။

တော်လှန်ရေးမိခင်တဦးအတွက်စာအပါအဝင် အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၁၉"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ တော်လှန်ရေးမိခင်တဦးအတွက်စာ၊ PDF ရဲဘော်လေးအတွက် သူ့ကောင်မလေးက ပေးပို့ထားတဲ့စာနဲ့အတူ အခြားစာတွေကိုပါနားဆင်ရမှာပါ။ စာလွှာတွေပေးပို့ရင်း တော်လှန်ရေးအတွက်အထောက်အပံ့ဖြစ်စေဖို့ ပါဝင်ထောက်ပံ့ပေးကြပါဦးနော်။

တောင်သူကို အခက်တွေ့စေတဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများ

ခေတ်အဆက်ဆက်မှာ အစိုးရစီမံကိန်းဆိုပြီး စိုက်ပျိုးရေးကိုခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြည်သူလူထုတွေကို မဖြစ်မနေအကောင်အထည်ဖော်စေခဲ့တဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများစွာ ရှိခဲ့ဘူးပါတယ်။ ယခုလည်း စကစ ကလုပ်နေတဲ့ ဝါစိုက်ပျိုးရေးအထူးစီမံကိန်းနဲ့ နေကြာ စီမံကိန်းတွေကရော ဘယ်လောက်အထိ ထိရောက် အောင်မြင်မလဲ ဆိုတာ စောင့်ကြည့်နေရတဲ့အခြေအနေပါ။

အင်းတော်အဝင်ဂိတ်မှာ စစ်ကောင်စီက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးမှုတွေပြုလုပ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ကန်းဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရတဲ့သတင်း၊ စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရတဲ့သတင်း၊ ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10