MLAT

မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ချီတက်ဆန္ဒပြ (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက '' ကယ်တင်ရှင်မရှာဒို့ကျေးရွာ'' သပိတ်စစ်ကြောင်းက '' မတရားတဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ '' ၊ ''စစ်အာဏာရှင်ကျရှုံးရေး '' ၊ "ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး" စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ညနေဆည်းဆာ လမ်းလျှေက်သပိတ်နှင့် ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

“အိုမင်းခြင်းကိုအံတုနိုင်တဲ့ မရမ်း” (Podcast)

ကင်ဆာနဲ့ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ မရမ်းစေ့ကို ဘယ်လိုသောက်သုံးရမလဲ။ အိုမင်းခြင်းကို ဆန့်ကျင်နိုင်ဖို့ မရမ်းပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုရမလဲ။ အစာလမ်းကြောင်းကောင်းမွန်စေဖို့ မရမ်းသီးကို ဘယ်လိုစားသင့်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရ၊ စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေ

“ ဘဏ်ကိုဝင်စီးပြီး မန်နေဂျာကို ဖမ်းသွားတယ်လို့သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိဘူး။ ခု မြို့ထဲမှာ ရှုပ်ယှက်တွေခတ်နေတယ်”

မြေလတ်ပေးစာ (Podcast)

- ပွင့်ဖြူကအုပ်ကြီးခင်မောင်ရွေ ပြည်သူတွေအပေါ်ဘယ်လိုပြုမူနေသလဲ - မုံရွာမှာဖမ်းဆီးခံထားရသူတွေ ၁ နှစ်ကျော်တဲ့အထိ အမှုရင်ဆိုင်ရခြင်းမရှိသေး - ပဲခူးတိုင်း၊ မင်းလှမြို့နယ်က မူးယစ်ဆေးဝါးအန္တရာယ်

ပလဖကို ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို ဆားလင်းကြီး ပလဖအဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ပစ်

ဆန္ဒဖော်ထုတ်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ဆားထုံးရွာက အမျိုးသမီး ၁ ဦးကို ပလဖ အဖွဲ့က ယနေ့ မတ် ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ နေအိမ်ကို လာရောက်ပြီး မေးမြန်း လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုတာအပြင် လာရောက်ဖမ်းဆီးတဲ့ ပလဖ ရဲမေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပါလာတဲ့ ရဲဝတ်စုံနဲ့ ပြောက်ကျားဝတ် သေနတ်ကိုင် အမျိုးသားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခဲ့တဲ့ကနီမှာ စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ် - ကောလင်းမြို့နယ် ခံသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁ လက်ရ - PDF တွေ မြို့ကိုတက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်က ကျေးလက်လမ်းပိုင်းတွေကို ဖျက်ဆီး - ပခုက္ကူ တပ်မ ၁၀၁ စစ်ကြောင်း မိုင်း ၄ ကြိမ်ဆွဲခံရပြီး စစ်သား ၇ ဦးသေဆုံး - တန့်ဆည်မှာ ရပ်ကျေး ပကဖ၊ ပအဖ ၂ ဦးအပါ ပြည်သူ ၁၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ပြီးသတ်ဖြတ် - ရေစကြိုနဲ့ဘုတလင်မှာ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ - စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ - ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး - မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး - ဂန့်ဂေါနယ်မှာ PDF တပ်ရင်း ၂၁ ရင်းကို Global Yaw Funding က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ - လူထုသပိတ်တိုက်ပွဲတွေ ပြန်အားကောင်းလာဖို့ လူငယ် ၂၀၀ နီးပါးကို သင်တန်းပို့ချ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပါဝင်လှုပ်ရှားတဲ့ ABSDF အမျိုးသမီးရဲဘော်များ (Photo News)

ယနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး- ABSDF မှ အမျိုးသမီးရဲဘော်များ ပါဝင်လှုပ်ရှားခဲ့တဲ့ မြင်ကွင်းများဖြစ်ပါတယ်။

“ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” (Podcast)

အခုတပတ် လက်တကမ်း ကျန်းမာရေးအစီအစဉ်မှာ “ခံတွင်းအနံ့ဆိုးခြင်းနှင့် လက်တကမ်းဆေးပညာ” အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။

ဖောင်းပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခေါင်းစဥ်မရှိတဲ့သီချင်း (ရုပ်/သံ)

“သီချင်းက ဒီတိုင်းပဲ စပ်ဆိုထားကြတာ၊ ခေါင်းစဉ်တောင် ပေးမထားကြဘူး။ ဝိုင်းပြီးတော့ စပ်ကြတာပေါ့။”

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး - တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး - ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး - စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ - ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး - ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ - စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ - လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး - မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး - ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့် - ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

“မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်တယ်”

ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။

“သဘာဝအိပ်ဆေးတခွက် မြင်းခွါရွက်” (Podcast)

နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ မြင်းခွါရွက်ကိုဘယ်လိုအသုံးပြုမလဲ။ ကလေးများချောင်းဆိုးအချွဲထရင် မြင်းခွါရွက်နဲ့ ဘယ်လိုကုသပေးနိုင်သလဲ။ သွေးဝမ်းသွားခြင်းကိုကုသဖို့ မြင်းခွါရွက်ကို ဘယ်လိုအသုံးပြုမလဲ။ မြင်းခွါရွက်ကို ဘယ်လိုလူမျိုးတွေမသုံးသင့်ဘူးလဲ စတာတွေကို နားဆင်ရမှာပါ။

ပေါ်ဦး (သို့မဟုတ်) သားသေ၊ ဘဝပျက်၊ ပကဖရန်ကြောက်လို့ ရွာစဉ်လှည့်ပြေးနေရသူ

“ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲ ရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကို မေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှ မကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကို ကြုံတွေ့နေရတာပါ”

စစ်ဗိုလ်ကြီး အိပ်မက်

မကွေး အဝေးသင်ကျောင်းသားဘဝက တပ်ကြပ်တယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်။ သူက အဝေးသင်မှာ နှစ်ကြီးသမား။ ကျတော်ထက်လည်း အသက် ၄ နှစ်လောက်ကြီးတယ်။နောက်ဆုံးနှစ်အင်္ဂလိပ်စာ မေဂျာကျောင်းသား။ နောက်မှ သိရတာက နောက်ဆုံးနှစ်မှာ စာမေးပွဲ မဖြေဘဲ နေနေတာ သုံးနှစ်လောက် ရှိပြီတဲ့။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10