တော်လှန်ရေး ကျေးလက်ဆေးခန်းနံရံပေါ်က ပန်းချီကားများ
“ကျွဲကူးရေပါဆိုသလို ကျနော်တို့က ကဗျာဆရာတွေ ပန်းချီဆရာတွေ ဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြစ်ပေမယ့်လည်း ကျနော်တို့နောက်မှာ ကဗျာတွေ၊ ပန်းချီတွေ ပါလာတယ်။ ဒီသဘောပဲ လက်ဆောင်တွေ ရတယ်။ ပန်းချီဆရာတွေကလည်း ပေးတယ်။ အဲဒါနဲ့ စခန်းမှာ ပန်းချီကားတွေ ရှိတယ်။ ဆေးခန်းလေးဖွင့်ဖြစ်တော့ သပ်သပ်ရပ်ရပ်နံရံလေးတွေ ဖြစ်ချင်တော့ ချိတ်ဆွဲမိတယ်။” လို့ MRG က မြေလတ်ဒေသပြောက်ကျား တပ်ဖွဲ့ MRG ရဲ့တာဝန်ခံ ရဲဘော်ပြေဇော် က ပြောပါတယ်။