အမေချက်သည့် မုန်လာဥချဉ်ရည်ဟင်း တခွက် (ရသစာတမ်း)
အမေသည် ရာသီစာလည်းဖြစ် အချဉ်ဓါတ်များများပါသည့် ဟင်းများကို ချက်ကျွေးသည်။ ထိုဟင်းများထဲတွင် ငါးနှင့်မုန်လာဥချဉ်ရည်ဟင်းကို ကျနော့်လျှာတွင် ယနေ့ထိတိုင် စွဲလျှက်မှတ်မိနေသည်။ မုန်လာဥကို ကြက်ဥနှင့်ကြော်စားတာသာလျှင်သိသည့် ကျနော့်အတွက် အတော်ပင် ခံတွင်းမြိန်ခဲ့သည့် ဟင်းဖြစ်သည်။