လက်နက်ကိုင် ကဗျာဆရာတွေ အားကောင်းရာ မြိုင်မှာ ကမ္ဘာ့ကဗျာနေ့ကို လွတ်လပ်စွာကျင်းပ
"ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ အခြေချတာ နယ်မြေမစိုးမိုးသေးတာတွေကြောင့်ပါ။ ဒီနှစ်မှာတော့ ကျနော်တို့စိုးမိုးမှု အထိုက်အလျှောက်ရလို့ တော်လှန်ရေးအင်အားစုအားကောင်းလာလို့ လုပ်နိုင်ခဲ့တယ်။ လက်နက်ကိုင် ကဗျာဆရာတယောက်အနေနဲ့ဆိုရင်တော့ ကဗျာမရွတ်ရတာ လေးနှစ်လောက်ရှိပြီ။ အခုတော့ပျော်တာပေါ့"