မတ္တရာနဲ့ စဉ့်ကူးက နောက်ထပ်တပ်စခန်းသုံးခုကို PDF က ထပ်သိမ်း
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီစခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက် ကြောင်း ထုတ်ပြန်ပြီးနောက် ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲမှာ နောက်ထပ် စစ်ကောင်စီဂိတ်စခန်းသုံးခုကို PDF တွေက ထပ်မံသိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။