ONE နဲ့ ပထမဆုံးပွဲဦးထွက်မှာ ဘရော်နီကာ အမှတ်နဲ့ရှုံးနိမ့်ခဲ့ (အားကစားသတင်း)
ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညမှာကျင်းပနေတဲ့ ONE Friday Fights 97 အက်တမ်ဝိတ်တန်းမှာ ဘရော်နီကာဟာ ပြိုင်ဘက်ဖြစ်သူ ဖရန်ဆီကာဗီယာကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညမှာကျင်းပနေတဲ့ ONE Friday Fights 97 အက်တမ်ဝိတ်တန်းမှာ ဘရော်နီကာဟာ ပြိုင်ဘက်ဖြစ်သူ ဖရန်ဆီကာဗီယာကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဘရော်နီကာဟာ ဒီပွဲအတွက်အားခဲထားပြီး သူဟာ ထိုင်းဘုရင်ဖလားမွေထိုင်းပြိုင်ပွဲ ၂ နှစ်ဆက်ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ONE ကိုကူးပြီး ချန်ပီယံခါးပတ်တွေ ကိုင်မြှောက်ဖို့အထိ မျှော်မှန်းထားသူတယောက်ဖြစ်ပါတယ်။
စပိန်လာလီဂါဇယားရပ်တည်မှုမှာ အဆင့် ၁ နေရာက ရီရဲလ်မက်ဒရစ်နဲ့ အဆင့် ၂ နေရာက အက်သလက်တီကိုမက်ဒရစ် အသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲကို မြန်မာစံတော်ချိန် မနက်ဖြန်မနက် ၂ နာရီခွဲအချိန် ရီရဲလ်မက်ဒရစ်အိမ်ကွင်း ဘာနေဗျူး မှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးအသင်းကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရယူခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက် ဒီနေ့ညမှာ ထိုးသတ်ခဲ့တဲ့ ONE Friday Fights 95 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာဖိုက်တာ ၃ ဦးမှာ အဲမွီနဲ့ စူပါရေချမ်း ပြိုင်ဘက်တွေကို အလဲထိုးအနိုင်ရပြီး မိုးထက်အောင်ကတော့ အမှတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်အစမှာ မြန်မာဖိုက်တာတွေကို တောက်လျှောက်ပွဲသွင်းနေတဲ့ ONE Championship ကတော့ ONE Friday Fights 95 မှာလည်း မြန်မာဖိုက်တာ ၃ ဦးရဲ့ပွဲစဉ်တွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
ယခုရာသီမှာ အသင်း ၃၆ သင်းပါဝင်ပြီး ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားပွဲစဉ် ၈ ပွဲ ပြီးဆုံးခဲ့ပြီဖြစ်လို့ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားခဲ့တဲ့ ၈ သင်းနဲ့ Play-off ကန်ရမယ့် ၁၆ သင်းစာရင်း ထွက်ပေါ်လာခဲ့သလို ဇယားအောက်ဆုံး ၁၂ သင်းကလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။
ဘရော်နီကာ ONE နဲ့လက်တွဲလိုက်ပြီဖြစ်ကြောင်းကို ဇန်နဝါရီ ၂၈ ဒီနေ့ည ၆း၃၀ အချိန်မှာ ONE Championship ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေက ကြေညာခဲ့ပါတယ်။
ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ပြိုင်ဘက် ဆက်ဆန်ကို ၃ ချီအပြည့်ထိုးသတ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ အရှုံးပေးခဲ့ရပါတယ်။
ဇန်နဝါရီ ၂၄ ရက်၊ ယခုလက်ရှိကျင်းပနေတဲ့ ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက် ဒီနေ့ည ဘန်ကောက်မြို့၊ Impact Arena မှာ ကျင်းပသွားမယ့် ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်ညမှာကျင်းသွားမယ့် ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ထိုင်းနိုင်ငံရဲ့ဝါရင့်ဖိုက်တာတဦးဖြစ်တဲ့ ဆက်ဆန်နဲ့ထိုးသတ်ရမှာဖြစ်ပြီး ဆက်ဆန်ဟာ မွေထိုင်းပွဲစဉ်ပေါင်း ၂၀၀ ကျော်ထိုးသတ်ထားကာ ONE ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ၁၀ ပွဲထိုး ၉ ပွဲနိုင် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက အနီကဒ်နဲ့ ၁ ယောက်အထုတ်ခံခဲ့ရပေမယ့် ဂိုးပြတ်ရလဒ်နဲ့ ဖလားရယူနိုင်ခဲ့သလို FA Cup 3rd Round ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ၁ ယောက်ထုတ်ခံခဲ့ရပေမယ့် နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။
စပိန်စူပါဖလား ၂၀၂၄ ဗိုလ်လုပွဲကို ဒီနေ့ည ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်မှာ ရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။