နေ့စဥ်သတင်း

၂၀၂၃ မှာ အဆုံးသတ် တိုက်ပွဲတွေကို အသင့်ဖြစ်နေပြီလို့ PDF တွေပြော (ရုပ်/သံ)

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အဆုံးသတ်နှစ်ဖြစ်လာမလားဆိုတာကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေသေးလို့ ယတိပြတ်ပြောဖို့ ခဲရင်းနေပေမယ့် သူတို့က အဆုံးသတ်တိုက်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

အာဏာသိမ်း ၂ နှစ်ထဲကနေ ရုန်းထွက်နေတဲ့ အညာ (ရုပ်/သံ)

စစ်ကောင်စီက အာဏာသိမ်းပြီး တော်လှန်ရေးအားကောင်းလာတဲ့ စစ်ကိုင်းတိုင်းထဲကို စစ်ကြောင်းထိုး ရည်ရွယ်ချက်ရှိရှိ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သလို အခုထက်ထိလည်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်ပြည့်ချိန် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ စစ်ဒဏ်ကို အလူးအလဲ အခံရဆုံးဖြစ်ပြီး အဲဒီက အရပ်သားပြည်သူတွေဟာ စစ်ဘေး၊ မီးဘေး၊ ဗျူဘေး ဆိုပြီး တိုက်ပွဲကြားက မြေဇာပင်တွေ ဖြစ်ခဲ့ကြရတာပါ။

ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြရင်း အသံတိတ်သပိတ်ပါဝင်ဖို့ တိုက်တွန်း ( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း ဒီနေ့ဇန်နဝါရီလ ၃၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဟန်ပြအတုအယောင် ရွေးကောက်ပွဲ (လုံးဝ) လက်မခံကြောင်းနဲ့အတူ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ၅/ခဥန သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြရင်း အသံတိတ်သပိတ် ပါဝင်ဖို့တိုက်တွန်း ( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း ဒီနေ့ဇန်နဝါရီလ ၃၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဟန်ပြအတုအယောင် ရွေးကောက်ပွဲ (လုံးဝ) လက်မခံကြောင်းနဲ့အတူ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ၅/ခဥန သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

မင်းတုန်းနယ်မှာ ကျဆုံးတဲ့ ရဲဘော် ၂ ဦး တနှစ်ပြည့်ပြုလုပ် (ရုပ်/သံ)

သူတို့အဖွဲ့မှာ တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော် ၄ ဦး ရှိနေပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေလည်းရှိနေသလို စစ်ကောင်စီကဖမ်းဆီးထားတဲ့ ရဲဘော် ၁၀ ဦးအထက် ရှိနေပြီလို့သိရပါတယ်။

ပျုစောထီးအဖွဲ့ကို PDF က ကြားဖြတ်တိုက်လို့ ပျူ ၁၃ ဦး သေဆုံးဟုဆို (ရုပ်/သံ)

တည်တီးတောရွာကနေ ဇီးဖြူကုန်းရွာဘက်ကိုထွက်လာတဲ့ အင်အား ၂၅ ဦးဝန်းကျင်ပါတဲ့ ပျူစောထီးအုပ်စုကို မင်းဘေးကျေးရွာနဲ့ ဂျိူးမြေဇင်းအကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပျူဘက်က ၁၃ ဦးသေဆုံးခဲ့သလို ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့ ရဲဘော် ဗလကြီးက ပြောပါတယ်။

အဆုံးသတ်တိုက်ပွဲ ဘာတွေပြင်ဆင်ထားမလဲ ပေါက် PDF ခေါင်းဆောင်ပြော (ရုပ်/သံ)

၂၀၂၃ နှစ်ဟာ တော်လှန်ရေးအတွက် အဆုံးသတ်နှစ်ဖြစ်လာမလားဆိုတာကတော့ ကာကွယ်ရေးတပ်ဖွဲ့အများစုမှာ လက်နက်လိုအပ်ချက်တွေ ရှိနေသေးလို့ ယတိပြတ် ပြောဖို့ ခဲရင်းနေတယ်လို့ စစ်ကိုင်းတိုင်း PDF အဖွဲ့တွေဆီက သိရပါတယ်။ မကွေးတိုင်း အခြေစိုက် Pauk PDF ဦးဆောင်သူလည်းဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကို ကူညီပေးနေသူလည်းဖြစ်တဲ့ ဒေါ်လွင်လွင်မြင့်ကတော့ သူ့ရဲ့ အမြင်ကို မြေလတ်အသံ အင်တာဗျူးရုပ်သံမှာ အခုလို ဖြေဆိုထားပါတယ်။

ရတက်မအေးနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက ပြည်သူများ (ရုပ်/သံ)

မီးဘေးသင့်ဒေသခံပြည်သူတွေထဲမှာ အမျိုးသမီးတွေအများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်‌တွေပါဝင်တာကြောင့် အမိုးအကာ အစားအသောက်ပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပြီး အလှူရှင်တွေပဲ အားကိုးနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ပျုရွာကို PDF တွေဝင်တိုက်ခိုက်လို့ ၁၀ဦးသေ ၁၈ဦးအရှင်ဖမ်းမိ( ရုပ်/သံ)

အဲ့ဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က စုစုပေါင်း ၁၀ဦးသေဆုံးခဲ့ပြီး ၁၈ဦးကို အရှင်ဖမ်းမိကာ လက်ရှိမှာ NUG ရဲ့ လမ်းညွှန်ချက်နဲ့ ဆက်ပြီးအရေးယူသွားဖို့စီစဥ်ထားတယ်လို့ FIRE Dragon (KU) ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

၆၀ မမ ပြောင်းနဲ့ ထည့်ပစ်လို့ရတဲ့ အငွေ့ဗုံးသီး ထုတ်လုပ်အောင်မြင်

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ချင်းတွင်း တိုးနယား PDF အဖွဲ့က ၆၀ မမ လက်နက်ကြီးပြောင်းမှာ ထည့်ပစ်လို့ရတဲ့ အငွေ့ဗုံးကိုစမ်းသပ်အောင်မြင်ခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် ကျည်အစစ်တွေသုံးကာ လေ့ကျင့်ရေးဆင်း

NUG လက်အောက်ခံ ၉၀၁ တပ်ရင်းမှာ မွမ်းမံသင်တန်းပေးတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေကို အပြင်းထန်လုပ်နေပြီး ၂၀၂၃ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စုံညီပွဲတော်မှာ သီချင်းဝင်ဆိုပြီး ရတဲ့ဆုငွေတွေ ပြန်လှူခဲ့တဲ့ PDF

သီချင်းဆိုရာမှာ ရရှိတဲ့ဆုချီးမြှင့်ငွေတွေကို ကလေးငယ်တွေရဲ့ပညာရေးအတွက်ပြန်လည် အသုံးပြုဖို့ ရဲဘော်ယက္ခက လှူဒါန်းပေးခဲ့ပါတယ်။

နယ်မြေလာရှင်းတဲ့စစ်ကား မိုင်းဆွဲခံရလို့ ၅ ဦးခန့် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ တပ်မ ၃၃က မိုင်းရှင်းဖို့ လာတဲ့ စစ်ကား ၁ စီး မိုင်းဆွဲခံရလို့ ကားပေါ်ပါတဲ့ စစ်သား ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10