နေ့စဥ်သတင်း

နောင်ကြီးအိုင် စစ်စခန်း ၃ ရက်ဆက်တိုက်ခိုက်ခံရလို့ စစ်သား ၆ ဦးခန့်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းကာ ၃ ရက်ဆက်တိုက် အနီးကပ်ဝင်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့လည်ပိုင်းကစပြီး စစ်ကောင်စီအင်အား ၃၀ ကျော် စခန်းချနေတဲ့ အဲ့ဒီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများခဲ့တယ်လို့ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒီမို က ပြောပါတယ်။

စစ်တပ်က တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခံရလို့ ၅ဦးထက်မနည်းသေဆုံးနိုင်( ရုပ်/သံ)

PDF တွေဘက်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဘက်ပေါင်းစုံက တိုက်ခိုက်လို့ စစ်ကောင်စီဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပြီး ကျေးရွာထဲကနေ ထွက်တိုက်တာမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို သိမ်းပိုက်ဖို့ ကြိုးစာခဲ့ပေမယ့် ကျေးရွာဝန်းကျင်မှာ နင်းမိုင်း၊ လက်နက်ကြီးအထိုင်နေရာတွေနဲ့ စနိုက်ပါသမားတွေ ရှိနေလို စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)

“အင်အား၂၀၀ ဝန်းကျင်နဲ့တပ်စွဲထားတဲ့ စစ်အုပ်စုကြွယ်ပုံရွာစခန်းက စစ်သား နဲ့ ပျူစောထီးတွေကို ၅ နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ဝင်ရောက်တိုက်ခိုက်တာ။ လုံခြူံရေးအခြေနေကြောင့် ဒီနေ့မှထုတ်ပြန်တာပါ။"

စာသင်ကျောင်းထဲ တပ်စွဲနေတဲ့ တပ်မ ၁၀၁ က စစ်သားတွေ ပစ်ခတ်ခံရလို့ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

"အစီအစဉ်စွဲထားတာ ၃ ရက်လောက်ရှိပြီ၊ နေ့လည် ၂ နာရီလောက်စပစ်တာ၊ ပထမတော့ ရည်ရွယ်ထားတာတော့ အပိုင်သိမ်းဖို့ ဆိုပြီးသွားတာ၊စာသင်ကျောင်းရဲ့မြောက်ဘက်မိတာ ၃ ရာ အကွာမှာ GTC ကျောင်းရှိတယ်၊ ချည်မျှဉ်အထည်ချုပ်ရှိတယ်၊ အဲဒီ ၂ ခုကြားထဲမှာတပ်စွဲထားတဲ့ ပန်းတိုင်းခြုံစာသင်ကျောင်းကို ဝင်တိုက်တာဆိုတော့ စစ်ခွေးတွေ ထပ်ရောက်လာတာမလို့ ကျနော်တို့ နောက်ပြန်ဆုတ်ပေးလိုက်ရတာ၊ သိမ်းတော့မသိမ်းနိုင်ခဲ့ဘူး"

PDF ရဲဘော်တွေကိုယ်တိုင် ပဲပြုတ်နံပြား လုပ်စားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ရုပ်/သံ)

"မနေ့ကတော့အားခြင်းပဲ အလှူရှင်လည်းရှိတော့ ဗိုလ်ချုပ်အောင်ဆန်မွေးနေ့ကို ပဲပြုတ်နံပြားကျွေးမယ်ပေါ့။ အဲမှာအခက်ခဲက တောထဲမှာပဲပြုတ်က ရတယ်။ နံပြားကျတော့ ခက်နေတာ။ ဘယ်လိုလုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတော့ ရဲဘော်တယောက်က နံပြားလုပ်တတ်တယ်ဆိုတော့ ဂျုံမှာလိုက်ပြီးတော့ ရေအိုးကိုပဲ မီးဖိုပေါ်တင်ပြီးရွံ့အုပ် လုပ်လိုက်ကြတာ။"

တိုက်ပွဲနားချိန်မှာ တုတ်သိုင်းပြန်သင်ပေးနေတဲ့ PDF ရဲဘော် (ရုပ်/သံ)

ရဲဘော်ကရင်ဟာ ငယ်စဉ်ကတည်းကသိုင်းပညာကို လေ့လာလိုက်စားပြီးလက်ဝှေ့သမား ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြကြရင်း သူ့ငယ်ချင်းတွေကို စစ်တပ်ကပစ်သတ်ခဲ့တာကြောင့် စစ်တပ်ကိုနားကျည်းစိတ်နဲ့ ပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ကနေ စစ်ကိုင်းတိုင်းထဲကို ၂၀၂၁ ခုနှစ်က ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရဲဘော်စောလေးထူး(ခေါ် )ကရင်ဟာ ကျားသစ်နက်တပ်မတော်မှာ အထူးကွန်မန်ဒိုအဖြစ် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

စစ်တပ်က မီးရှို့တဲ့အထဲ PDF ရဲမေရဲ့ အိမ် ၂ လုံးပါ မီးလောင်ဆုံးရှုံး (ရုပ်/သံ)

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေထဲမှာ ၅/99 PDF က ရဲမေတဦးရဲ့ အိမ် ၂ လုံးလည်း မီးထဲပါသွားခဲ့ပါတယ်။ အခုလို အိမ်တွေ မီးထဲပါသွားပေမယ့် စိတ်ဓာတ်ကျနေမှာ မဟုတ်သလို စစ်ကောင်စီက ဘယ်လောက်ပဲ ဖိအားတွေပေးပေး အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ၅/99 PDF ရဲမေက ဆိုပါတယ်။

ကိုင်းတောမရဲစခန်းကို PDF ၃ ဖွဲ့က လက်နက်ကြီးတွေနဲ့ပစ်ခတ် (ရုပ်/သံ)

“၃ ဖွဲ့ခွဲပြီး အချက် ၁၀၀ ခန့်ပစ်ခတ်နိုင်ခဲ့တယ်၊ ပခုက္ကူဘက်ကလာတဲ့ စစ်*တွေပါ၊ အရင်တုန်းက ရဲစခန်းမှာအထိုင်ချနေတာက ၃၀ ပတ်ချာလည်ပဲရှိတာ၊ အင်အားနောက်ထပ်တိုးတာ ၁၀၀ ပတ်ချာလည်ရှိတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရှိရသေးဘူး"

ယင်းမာပင် PDF စခန်း၂ခု ဝင်စီးခံရလို့ ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံး ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ခရိုင်တပ်ရင်း ၁၆ လက်အောက်ခံ တပ်ခွဲ ၃ရဲ့ စခန်း၂ခုကို စစ်ကောင်စီက ဝင်စီးနင်းပြီး စခန်းတွေကိုမီးရှို့ခဲ့လို့ ငွေကျပ်တန်ဖိုး သိန်း ၃၀၀ နီးပါးဆုံးရှုံးလိုက်ရတယ်လို့ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲဆီက သိရပါတယ်။ ဆားလင်းကြီးမြို့ပေါ်က ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ၇ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရုတ်တရတ် ဝင်ရောက်စီးနင်းခဲ့တာဖြစ်လို့ စခန်းမှာရှိတဲ့ ရဲဘော်တွေ စခန်းစွန့်ခွာခဲ့ကြရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ဗုံးခိုကျင်းတွေတူးထားဖို့ ဗိုလ်နဂါး သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့တွေကို စစ်ကောင်စီဘက်က တိုက်ပွဲတွေပိုပြီးလုပ်ဆောင်လာနိုင်သလို လေကြောင်းနဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်လို့ အဲဒီကဒေသခံတွေကို ကတုတ်ကျင်းတွေ တူးထားကြဖို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက သတိပေးလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့တွေမှာ ပြည်သူတွေသာ အများဆုံး ထိခိုက်နစ်နာမှုတွေဖြစ်လာမယ်လို့ ဆိုပါတယ်။

စစ်ကျွန်ပညာ မခံတဲ့ စစ်ကိုင်းက စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ရွာတွေက ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ပညာရေးတပိုင်းတစနဲ့ ဆက်လက်မသင်ကြားနိုင်ခဲ့တာ နှစ်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်၊။ မြန်မာနိုင်ငံမှာ ကိုဗစ် နိုင်တင်းဖြစ်ခဲ့ပြီးနောက် ကျောင်းတွေပိတ်ထားရခဲ့သလို ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်မှာလည်း စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရလို့ ကျောင်းမတက်နိုင်ကြတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် ရှိလာနေပါပြီ။

ဆပ်ကြေးကောက်နေတဲ့စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ဆိုင်နိုင်ကွေ့မှာအင်အား ၂၀ နဲ့ ၃၀ အကြား တပ်စွဲထားတဲ့တွေက လူစီးကားတွေကို အခွန်ကောက်တာတွေ ဆပ်ကြေးကောက်တာတွေမျိုးတွေ လုပ်တယ်၊ အဲဒါ‌ကြောင့် ညနေ ၄ နာရီကစကပ်ပြီး ၄ နာရီခွဲလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ သွားရောက်ချောင်းမြောင်းပစ်ခတ်တာ၊ သူတို့ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရော တန်ပြန်ပစ်ခတ်တယ်၊ အပြန်အလှန်ပစ်ခတ်တာ မိနစ် ၃၀ လောက်ဖြစ်ပြီး ကျနော်တို့ဘက်ကပြန်ဆုတ်လာတယ်၊ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်" လို့ Wetlet Revolution Front ရဲဘော်လင်းညိုက ပြောပါတယ်။

စစ်သားနဲ့ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၇ ဦးခန့်သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာက အင်အား ၄၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇီးဖြူကုန်းရွာတနေရာမှာ ဖေဖော်ဝါရီလ ၆ ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကြောင်း တပ်တွင်းသတင်းပေးအရ သိရတယ်လို့ ရွှေဘို LPDF တာဝန်ခံက ဗိုလ်ကျားရိုင်က ပြောပါတယ်။

မြို့ထဲက စာသင်ကျောင်းထဲ တပ်စွဲနေတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက(၁) စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ မြို့မရဲစခန်းကရဲ‌တွေကို ဒေသခံမဟာမိတ်အဖွဲ့တွေက ဖေဖော်ဝါရီလ ၁ ရက်မ‌နေ့ကနေ့လယ် ၁၀ နာရီခွဲဝန်းကျင်မှာ ၆၀ မမ လက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပျူစောထီးရွာတိုက်ပွဲမှာ ပျူ၂ဦးကို အရှင်ဖမ်းမိ ( ရုပ်/သံ)

"သူတို့က ပျူရွာ လက်ရှိ ပျူတွေဘဲ ရွာထဲမှာနေတော့တာ။ ကျနော်တို့ကိုထောက်ခံတဲ့သူတွေနဲ့ ကြားနေတွေကတော့ ရွာမှာအရှိတာကြာပြီ။ ခုတိုက်ပွဲကလဲ နာရီဝက်ကျော်ကြာတယ်။ စကစ ဘက်က စစ်ကူတောင်မလာဘူး။ အမှန်ဆို စကစ ရှိနေတဲ့နေရာနဲ့က သိပ်မကွာဘူးလေ။ နာရီဝက်လောက်ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့ကြတယ်"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10