သတင်း

ဆည်ရေမရလို့ ၀က်လက်မြို့တောင်ဘက်က လယ်မြေတွေ စပါးမစိုက်နိုင်

ပုံမှန်အခြေအနေမှာ တောင်သူတွေဟာ ဆည်ရေလွှဲဂိတ်ကို အဖွင့်အပိတ်လုပ်ကြသော်လည်း အခုအခါမှာ ရေလွှဲဂိတ်အနီးက ဝက်လက်မြို့မီးသတ်ရုံးထဲမှာ စစ်ကောင်စီက တပ်စွဲဂိတ်ချထားတဲ့အတွက် ဘယ်သူမှ မသွားရဲဘဲ အခုလို တောင်သူတွေဆည်ရေမရဖြစ်တာလို့ ဝက်လက်မြို့တောင်ဘက်က ဒေသခံတောင်သူတွေက ပြောပါတယ်။

အရာတော်လူထုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (Photo News)

ကျေးလက်နေ တောင်သူလယ်သမားတွေနဲ့ ကျောင်းသားတွေအတူပူးပေါင်းပြီး "လူ့အခွင့်ရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" "အရာတော်သွေးဟေ့ရဲရဲနီ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီ" စတဲ့ ဘန်နာတွေ ကိုင်ဆောင်ပြီး တော်လှန်ရေးကြွေးကြော်သံတွေနဲ့ သပိတ်ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့အနီးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး ဖမ်းဆီးခံရ

"မနက်အစော နွားလှန်သွားရင်း အဖမ်းခံရတာ။ စစ်သား(စစ်ကောင်စီတပ်သား)တွေ ရောက်နေတယ်။ တောင်အူ ပျူတွေလည်း ရောက်နေတယ်။ မနက်အစော ၉ နာရီလောက်က ရောက်တာပါ။"

ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေကို ငွေကျပ် ၆ သိန်းခွဲစီ ထောက်ပံ့ (ရုပ်/သံ)

တပ်ဖွဲ့ဝင် ထွန်းဇော်ဦး၊ မိုးထက်အာကာ၊ ချစ်စန်းကိုနဲ့ ရဲဘော်ဝေလျှံတို့ကို ၁ ဦးကို ငွေကျပ် ၆ သိန်းခွဲစီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ တာဝန်ခံ ကိုဥက္ကာ က ပြောပါတယ်။

“လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ”

" ဒီလိုမျိုး လူ့အခွင့်အရေးနေ့ အခမ်းအနားလေးကို ကျင်းပပြုလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင်တော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ့် ကျနော်တို့ မြန်မာနိုင်ငံတော်မှာ လူမျိုးတိုင်း၊ ဘာသာတိုင်း၊ ကျား/မ မရွေး၊ လိင်စိတ်ခံယူမှု ကွဲပြားသူ‌တိုင်း၊ သန်စွမ်း၊ မသန်စွမ်း စတဲ့ ကွဲပြားစုံလင်တဲ့ လူသားတိုင်း အနာဂတ်မှာ လူ့အခွင့်အရေးကို တန်းတူ အခွင့်အရေး ရနိုင်ဖို့ဆိုပြီး ရည်ရွယ်တာဖြစ်ပါတယ်"

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့တချိန်တည်းတိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၁၁ ရက်မနေ့က ည ၁၁ နာရီလောက်မှာရှော့တိုက်ဒုံးတွေနဲ့ တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ သံပြားကာ ကားတန်း မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံး၊ ကား ၂ စီးပျက်စီး

"မိုင်း ၁၅ လုံး စလုံးကွဲတယ်။ စစ်** ၇ ယောက်ကတော့ နေရာမှာပဲ သေတယ်လို့ ပြောတယ်။ တပ်တွင်းနဲ့ နီးစပ်တဲ့သူက သတင်းပေးပို့ပေးတာပါ။ သူတို့ဘက်က အထိခိုက်များတော့ စက်သေနတ်တွေနဲ့ရော ၄၀ မမတွေနဲ့ရောပါ ပစ်တာ၊ အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူးဗျ။"

ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်ကို NUG က ဆန်တင်း ၂၀၀ ထောက်ပံ့လှူဒါန်း

"NUG ကနေပြီးထောက်ပံ့တာပါ။ စစ်ဘေးရှောင်တွေကတော့ အခုချိန်မှာတော့ စားဝတ်နေရေးအဓိကပါပဲ။ စားဝတ်နေရေးနဲ့ ဒီနေရာထိုင်းခင်းနဲ့ ဆေးဝါးစောင့်ရှောက်မှုပါပဲ။"

နမခကနေ ပျူရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီး အသွားအပြန် တိုက်ခိုက်ခံရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ထဲကနေ ကံကြီးကုန်းရွာဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အသွားအပြန်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်မင်္ဂလာပွဲ ဗုံးကြဲခံရပြီးကတည်းက စစ်ရှောင်နေရတဲ့ မတောရွာပြည်သူတွေ အကူအညီလိုအပ်

"လိုအပ်တာကတော့အခုနေတော့ သူရောကိုယ်ရော ငွေခက်ခဲကြတာပါ့။ ဘယ်လုံ‌ လောက်ပါ့မလဲ။ စားစရာသောက်စရာကတော့ အခုနေတော့ဆန်တို့ပေါ့နော့ အဲ့လိုမျိုးတွေခက်ခဲတယ်။ဆောင်းပိုင်းရောက်တော့စောင်တို့၊ အနွေးထည်တို့အဲ့လိုမျိုးတွေပါ့။"

မုံရွာကိုခြင်းခတ်သွားတဲ့ ဆားလင်းကြီးက လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို ခြင်းခတ်သွားတဲ့လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်ခဲ့ (ရုပ်/သံ)

ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma - WAB အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ရေနံချောင်းမှာ ရဲဒုတပ်ကြပ် ၂ ဦးပစ်သတ်ခံရပြီး လက်ပစ်ဗုံးနဲ့ပစ္စည်းတချို့ရရှိ

“ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ လိုက်လံဖမ်းဆီးတာ၊ အဖမ်းမခံဘဲနဲ့ သူတို့မှာပါတဲ့ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံတာလုပ်လို့ နေရာမှာတင်ပစ်ခတ်ခဲ့တာပါ၊ ၁ ဦးက‌တော့ ၁ ချက်မှန်ပြီး နောက်၁ ဦးကတော့ ၂ ချက်မှန်တာ၊ နေရာမှာတင် ၁ ဦးကတော့သေတယ်၊ ၁ ဦးကတော့ အသက်ရှင်လျက်ပါလာပြီး သွေးထွက်လွန်သေသွားတာ”

ကလေးမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီး ကျည်ထိလို့ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာမှာ ဒီဇင်ဘာ ၁၂ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစု‌တွေဘက်က ပြောပါတယ်။

မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရိီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ

"မနက်ပိုင်းလည်း သူတို့ရှေ့က မဖြတ်ရဲဘူး။ ညနေအပုပ်ချိန်ဆို ပိုးဆိုးတာပေါ့။ အဲ့ဂိတ်ကဟာတွေက နေ့ညမရွေး ပုလင်းလိုက် ထောင်သောက်တာ။ လက်တားခေါ်ပြီး ပိုက်ဆံဆို သိန်းဂဏန်းအောက်မလျော့ဘူး တောင်းတာ၊ မိန်းမပျိုလေးတွေပါရင် ထားခဲ့ခိုင်းတာတော့။ ဒူးထောက်ပါ တောင်းပန်ရတယ်။ အဲ့ကြောင့် သူတို့ရှေ့က မဖြတ်သွားရဲတော့တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10