စကားပြောစက်တွေကနေ သတင်းပေါက်ကြားလို့ PDF စခန်းတွေ စီးနင်းခံနေရတယ်လို့ဆို
"သူတို့(စကစ)သေချာပေါက်လာနိုင်မယ့်လမ်းကနေ ပြေးမလွတ်မယ့်မိုင်းတွေ ထောင်ထားတာတောင် အနားရောက်ခါနီးရင် ကွေ့ပတ်သွားလိုက်တာမျိုးတွေက ခဏခဏဖြစ်နေတာ။ သူတို့ဆီမှာ ဖမ်းတာခံရပြီး ပြန်လွတ်လာတဲ့ဒေသခံတွေဆီက ပြန်သိရတာက PDF တွေ စက်ပေါ်ကနေ ပြောတဲ့စကားတွေက သူတို့စက်တွေထဲမှာ အကုန်ဝင်နေတယ်ဆိုပြီး ပြန်သိရတယ်" လို့ ပြောပါတယ်။