သတင်း

စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ် ၁၂ လုံးပျက်စီး

“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာ‌‌တော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။”

စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့လှုပ်ရှားမှုပြုလုပ်ခဲ့

WAB အဖွဲ့ဝင်အမျိုးသမီးတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း-UDHR ပါ အချက်တွေ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် - CEDAW နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှု - GBV ဆိုင်ရာ အသိပညာတွေကိုမျှဝေပေးခဲ့တယ်လို့ WAB ရဲ့အဖွဲ့ဝင် ဆရာမ မနွယ်နွယ်မိုးက ပြောပါတယ်။

မြိုင်မြို့နယ်က လောင်းကစားဝိုင်းတွေကို အုံလိုက်ကျင်းလိုက်ဝင်ရောက်ဖမ်းဆီးမယ်လို့ မြို့နယ်ပကဖ စာထုတ်

“မြို့နယ်တွင်းမှာ လောင်းကစားပြုလုပ်မှုတွေကြောင့် စီးပွားရေးပျက်တယ်၊ ဆင်းရဲမွဲတေမှုတွေ ဖြစ်တယ်။ ခိုက်ရန်ဖြစ်ကြတယ်၊ သတ်ဖြတ်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လိုဆိုးကျိုးတွေ မဖြစ်လာဖို့အတွက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်။”

သုံးဆယ်မြို့က ၀င်္ဂဘာဘုရားပွဲကာလအတွင်း လူငယ် ၁၅ ဦး ပေါ်တာဆွဲခံရ

"စစ်မှုထမ်းအတွက် ဖမ်းတာပါပဲ။ (ပိုက်ဆံ)ပေးနိုင်တဲ့သူကတော့ ပြန်ထွက်ပေါ့။ မပေးနိုင်တဲ့သူကတော့ တပ်ထဲသွားပေါ့။ ခွဲတမ်း ၅ ဦးပေးရမယ်ဆို ၁၀ ယောက်လောက်၊ ၂၀ ယောက်လောက် ဖမ်းလိုက်တယ်။ ပိုက်ဆံရတဲ့သူကို ပိုက်ဆံယူတယ်။ မရတဲ့သူကို စစ်မှုထမ်းထည့်တာ။"

ပျူစောထီးထိန်းချုပ်ထားတဲ့ဇီးပြားရွာက ဘုန်းကြီး ၄ ပါးအပါ ၁၇ ဦး အစာပြတ်လပ်လို့ PDF ထံ ထွက်ပြေးခိုလှုံလာ

“ဆား၊ ဆီ၊ ဆန်တို့မရှိတော့ကျတော့ ရွာထဲမှာ လုံးဝ‌မနေချင်ကြတော့တာ။ တချို့ကျလည်း စစ်** ရဲ**တွေက ရွာထဲကထွက်လို့ရှိရင် ပစ်သတ်မယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခင်ဗျားတို့ကိုတွေ့ရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်ခံထားရလို့ သူတို့တွေမထွက်ရတာ။ အခုတော့ ထွက်ရတာအဆင်ပြေလို့ သူတို့အရဲစွန့်ပြီး ထွက်လာတာ။”

ကလေးမှာ စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ နဲ့ပြန်ရွေးခိုင်း

"ဖမ်းသွားတဲ့သူကို သိန်း ၁၀၀ ပေးနိုင်ရင် လွှတ်ပေးတယ်။ မရွေးနိုင်တာတို့ ရွေးချိန်နောက်ကျတာတို့ဆိုရင် စစ်မှုထမ်းတဲ့အထဲ ထည့်တယ်။ အသက် ၁၈ နှစ်မပြည့်ရင်တော့ ပြန်လွှတ်တယ်။"

ပြည်သူတွေဆီက စိုက်ပျိုးမြေငှားပြီး စိုက်ထားတဲ့ PDF တွေရဲ့လယ်က စပါးတင်း ၅၀ ထွက်ရှိ (ရုပ်/သံ)

စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ ဧရာပဒေသာစပါးမျိုးကို သြဂုတ်လလယ်ပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၅၀ ထွက်ရှိခဲ့တယ်လို့ Phoenix Guerilla Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးရဲဘော် မြူ က ပြောပါတယ်။

တရွာလုံးနီးပါးမီးရှို့ခံရတဲ့ သပြေသာရွာမှာ အမျိုးသားအလောင်း ၄ လောင်းတွေ့

"အမျိုးသားအလောင်း ၄ လောင်းက အိမ်တွေနဲ့ရောပြီး မီးရှို့သတ်ထားခဲ့တာ။ အလောင်းတွေက ရွာလယ်လောက်မှာ တွေ့ရတာ။ ရုပ်တွေကပျက်နေပြီဆိုတော့ ရွာခံတွေလား စစ်ကြောင်းက ဖမ်းလာသူတွေလားဆိုတာ စိစစ်နေတုန်းပါ။ "

မကွေးတိုင်းမှာ ကျင်းပတဲ့ ၇၆ နှစ်ပြည့် လူ့အခွင့်အရေးနေ့အခမ်းအနားကို လူသားစာနာ ဒုဝန်ကြီးတက်ရောက်

မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စလင်း၊ မြိုင်၊ ပေါက်၊ ရေစကြို စတဲ့မြို့နယ်တွေမှာ ၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကျင်းပခဲ့ပြီး မြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စပါးခြွေနေတဲ့လယ်ကွင်းထဲကို စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ဒေသအခေါ် သန်းဦးချောက်(တော)ထဲမှာရှိတဲ့ လယ်ကွင်းတခုကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုံရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်ဆေးရေးဂိတ်နဲ့ မြေနဲကျေးရွာအကြား မုံရွာ-ချောင်းဦးကားလမ်းပေါ် တန်ပိုဂိတ်ဟောင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၁ ဦး စစ်ကောင်စီတပ်သားတွေပစ်တဲ့ သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီးတွေစိုးမိုးထားတဲ့ဆင်လူးရွာက ထွက်ပြေးလာသူ ၇၀ ကျော်အထိရှိနေ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေစိုးမိုးထားတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ ကနေ ထွက်ပြေးလာတဲ့ဒေသခံပြည်သူ ၇၀ ဦးကျော်ရှိနေပြီလို့ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်တည်ဆောက်ပေး(ရုပ်/သံ)

၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က PDF ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်ကို တည်ဆောက်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၁၁ လအတွင်း နိုင်ကျဉ်း ၂၀ ဦးသေဆုံးခဲ့

“နိုင်ငံခြားဆေးဝါးတွေက လုံလောက်မှု မရှိတာမျိုးတွေ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဆရာဝန်အင်အား မလုံလောက်တာနဲ့ အရေးကြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံတွေကို ထွက်ခွာဖို့၊ ပို့ဆောင်ဖို့အတွက် ကြာမြင့်တာမျိုးတွေ၊ လုံခြုံရေးအကြောင်းပြပြီးမှ ပိတ်ပင်ခံရတာမျိုးတွေ ဒါကြောင့်မို့လည်း နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးကြတာမျိုးလည်း ရှိပါတယ်။”

အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော

"ဒီလှုပ်ရှားမှုကိုတော့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ဒေသခံတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေးစံနှုန်းတွေကို ဒီလိုမျိုး ပြည်သူတွေဆီ တိုက်ရိုက်အသိပညာပေးနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10