သတင်း

ဆင်ပေါင်ဝဲမှာ အမျိုးသား ၂ ဦးပစ်သတ်ခံရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ ကျောက်မဲကျေးရွာသွားလမ်းပေါ်မှာ စျေးဝယ်ကားနဲ့ ပြန်လာတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီယာဥ်တန်းကိုလုံခြုံရေးယူနေတဲ့ စစ်အုပ်စုအနီးကပ်ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Black Hero LPDF အဖွဲ့ဆီက သိရပါတယ်။

Jammer ကားနဲ့ထွက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

အင်အား ၂၀ ပါတဲ့ အဲ့ဒီစစ်အုပ်စုကို ချောင်းဦးမြို့ မုံရွေးတိုးဂိတ်အနားမှာ မိုင်းဆွဲတိုက်ခိုက်ချိန် ပေါက်ကွဲမှုအတွင်း ကင်းစောင့်နေတဲ့ စစ်အုပ်စုဘက်က ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာမှာ ၁ ညတည်း ဗုံးအလုံး ၂၀ နီးပါးကြဲခံရ

“ဖိုက်တာက ၃ ကြိမ် ၆လုံးကြဲတယ်ပဲ ထားလိုက်ဦး၊ Y 12 တွေရော နောက်ဆုံးပစ်သွားတဲ့ ရော့ကတ် ဆိုလို့ရှိရင် ကျနော်ကြားလိုက်တာကို ၆ လုံး ၇ လုံးလောက် ဆက်တိုက်ကြားလိုက်တာဗျ၊ တဘရိတ်ထဲကို ပစ်သွားတာ၊ ညကပစ်ကြဲသွားတာဆို အနည်းဆုံး ၂၀ အထက်မှာပဲ ရှိတယ်ဗျ။”

ကြို့ပင်ကောက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံ ၁၅ ဦးကို ဖမ်းဆီးထားဆဲ

“ဖမ်းဆီးခံပြည်သူတွေက ကျနော်တို့သိရသလောက် အေးရွာလေးရယ်၊ အေးရွာလေးကြားနဲ့ သင်္ခရိုင်ကြားက လမ်းဘေးပြည်သူတွေရယ်၊ သခွတ်ပင်ရွာက တယောက်ရယ် ဖမ်းခံရတဲ့သူတွေရဲ့ နာမည်တော့အတိအကျတော့ ကျနော်တို့မသိရသေးဘူး။ တချို့မိသားစုကို မေးကြည့်တော့လည်း အဖမ်းခံရတဲ့သူတွေက ပြန်ရောက်လာတာလည်းမရှိသေးဘူး”

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ၁၅ ဦးရဲ့ မိသားစုတွေကို ငွေထောက်ပံ့(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ B-21 Kani PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ က တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ မိသားစု‌တွေကို နိုဝင်ဘာ ၂ ရက်မှာ တပ်ဖွဲ့ဝာာဝန်ရှိသူတွေက ငွေကြေးထောက်ပံ့ခဲ့ပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက ၆ ရက်အတွင်း ဒေသခံ ၂၀၀ နီးပါးကိုဖမ်းဆီးထား

"ဘူကြီးရွာထဲကို ကားတွေနဲ့ဝင်လာပြီး ကျေးရွာမှာကျန်ရစ်ခဲ့တဲ့ပြည်သူတွေရယ် အနီးအနားက ပြည်သူတွေကို ခေါ်ပြီးတော့မှအစည်းအဝေးလုပ်တယ်။စစ်မှုထမ်းဖို့ခေါ်သွားတယ်လို့ သိရတယ်။ အကြမ်းနည်းနဲ့လည်းဖြစ်နိုင်တယ်။ အနုနည်းနဲ့လည်းဖြစ်နိုင်တယ်။ အဲ့ကနေပြီးတော့မှ ကာဘိုးတိုက်နယ်ထဲက ရွာတွေမှာလည်းခေါ်သွားတယ်"

ထီးချိုင့်နဲ့ မဘိမ်းအစပ်မှာ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေကိုရှောင်တိမ်းခိုင်းထား

" အကုန်လုံးတော့မထွက်သေးဘူး။ အကုန်လုံးချည်းတော့ထွက်မယ်မထင်ဘူး။ ဒီဘက်မှာအဲ့လို ကြေညာချက်ထုတ်တယ်။ အကုန်လုံးတော့မထွက်ကြဘူးလေ။ ကယ်ထုတ်ရတာနဲ့သယ်ထုတ်ရတာနဲ့ အဲ့လိုတွေဖြစ်နေတာ"

လမ်းဆုံလမ်းခွက စစ်တပ်ဂိတ်ကို PDF တွေအသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၃ ဦးသေဆုံး

" ကင်းပုန်းဝပ်ပြီး ထိပ်တိုက်ပစ်ရတဲ့ ၂ ကောင်ကတော့ ပက်လက်လန်တယ်။ နောက်က နောက်တိုးအင်အားလာတဲ့အချိန်မှာ အဲ့ဒီ Body ကိုပဲ ကျနော်တို့က ပစ်အားစုထားတာပေါ့နော်။ သေပြီးသားကောင်ကို ထပ်ပြီးပစ်နေတာဖြစ်တဲ့အတွက် အဲ့ ၂ကောင်ကတော့ လုံးဝ လုံးဝ မုန့်ဟင်းခါးပေါ့ဗျာ။"

လေကြောင်းရန် အသိပညာပေးပြီး လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု ဟောပြော

" လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ဖို့ရယ် လေယာဥ်ဆီဖြတ်တောက်ဖို့လှုပ်ရှားသင့်တဲ့ အကြောင်းတွေ ပြောတယ်ပေါ့နော်၊ ဇာတ်ကားတွေက သစ္စာတို့ မသောက်မိသောမိုးခါးရေတို့ အဲ့လိုဇာတ်ကားတွေ ပြခဲ့တယ်။"

ဆားတောင်စာသင်ကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အထက စာသင်ကျောင်းနဲ့ ရဲစခန်းအတွင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁ ရက်က PDF တွေပူးပေါင်းပြီး Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်တပ်ကဖမ်းထားတဲ့ သင်တန်းဆင်းရဲဘော် ၂ ဦးနဲ့ မျှားခေါ်လို့ လာကြိုမိရာက PDF တွေ ပိတ်ဆို့ပစ်ခတ်ခံရပြီး ၄ ဦး လွတ်မြောက်ခဲ့

" သင်တန်းဆင်းထားတဲ့ ၂ ယောက်ကို မင်းတုန်းက ၄ ယောက်က လာခေါ်တာ။ သင်တန်းဆင်း ၂ ယောက်ကိုတော့ မိထားပြီးသား။ အဲ့(လာခေါ်တဲ့)၄ ယောက်နဲ့ အကြိတ်အနယ်ဖြစ်ကြတာ။ ဟိုဘက် (PDF)က လက်နက်မပါဘူး။ လက်ပစ်ဗုံးနဲ့ပစ်ကြတာ"

စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း  ■ ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး ကျန်သူတွေ စခန်းစွန့်ထွက်ပြေး

"တိုက်ပွဲ ၁၅ မိနစ်လောက်ပဲကြာပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးကုန်ပါတယ်။ (စစ်အုပ်စုက) ရွာထိပ်နဲ့ ရွာဘေးတွေ ဘန်ကာဆောက်ပြီး နေကြတာပါ။ စခန်းသီးသန့်ပုံစံတော့ မဟုတ်ပါဘူး။ စကစတွေက အရိုးကိုက် **လောက်ပဲ နယ်မြေစောင့်ချထားတဲ့ အနေအထားပါ။"

စစ်အုပ်စုက ဆောမြို့ထဲကို လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာလို့ ပြည်သူ ၂ ဦးထိမှန် သေဆုံး ■ ဆိုင်ကယ်အရှိန်ပြင်းမောင်းလာတဲ့ ချင်းလူငယ်အမျိုးသား ၁ ဦးလည်း စစ်အုပ်စုဖမ်းဆီး

“သူတို့တွေ မြို့ထဲလာတော့ ပြည်သူတွေက ရှောင်ချိန်မရလိုက်ဘူး။ အိမ်ထဲမှာ ပုန်းနေရင်းထိသွားတာ။ နေအိမ်တွေထိခိုက်တာတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရဘူး။”

သာယာဝတီခရိုင်က ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

"(PDF တွေကို) မြို့အနောက်ခြမ်းကိုလာဖို့ သူကစိန်ခေါ်ထားတာပါ။ ဦးခေါင်းကို သေနတ် ၁ ချက်ပစ်ပြီး ရှင်းလိုက်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10