ပဲခူးနဲ့ ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ပျူစောထီးတွေက ၁ မိုင်လောက်ဝေးတဲ့ ဝဲလောင်ရဲစခန်းကို ထွက်ပြေးသွားတယ်။ စခန်းအရောက်မှာ သေနတ်ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ပျူစခန်း ဝင်စီးတဲ့အချိန်မှာ သွေးကွက်တွေ တွေ့ရတယ်။”
တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ နီပဆေးတောရွာထဲကိုဝင်ရောက်ကာ တအိမ်ဝင်တအိမ်ထွက် မွှေနှောက်ရှာဖွေပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
"သူတို့က မန္တလေးမှာရှိတယ်ဆိုပြီး ပြောကြလို့ မန္တလေးနန်းတွင်းမှာသွားတွေ့ဖို့သွားကြတယ်။ အဝင်မခံဘူး။ ကျနော်တို့သတင်းရထားတာက နေပြည်တော်မှာလို့ သိရတယ်။"
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃၊ လျှပ်စီးတပ်ဖွဲ့စခန်းအနီးကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
အေးမင်းစိုးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခြေအနေတွေကို သတင်းထောက်လှမ်းတာ၊ ပြည်သူတွေကိုခြိမ်းခြောက်ငွေတောင်းတာ၊ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းတာ၊ မူးယစ်ဆေးရောင်းဝယ်တာ၊ လောင်းကစားဒိုင်တွေကို အခကြေးငွေယူပြီးခွင့်ပြုထားတာကြောင့် ပစ်ခတ်ခဲ့တာလို့ တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီမနက်အစောကြီး တိုက်ရိုက်ဝင်လာတယ် ကျနော်တို့နဲ့ အင်အားမမျှတော့ နောက်ဆုတ်ပြီး ဒီကလေးတွေကို အရင်ဆုံးထွက်ခိုင်းရတယ်၊ ကျောင်းထဲမှာကျန်ခဲ့တာဆိုလို့ ဘုန်းကြီးအိုတွေနဲ့သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တယ်၊ သင်္ခရိုင်ကျောင်းမှာ သူတို့က တပ်အထိုင်ချမယ့်သဘောရှိတယ်”
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး ချောင်းဦး - မြင်းမူလမ်းပေါ်မှာ လမ်းသွား ပြည်သူတွေဆီကနေ ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီက သိရပါတယ်။
"နယ်မြေအခြေအနေကြောင့် ခုနေမှထုတ်ပြန်ရတာပါ။ ဆုငွေကတော့ ပထမပိုင်းလောက် မပေးနိုင်ပါဘူး၊ သိန်း ၄၀ စီပဲပေးနိုင်တယ်။"
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုံးအရှေ့ဘက်လမ်းတွေကို ကား၊ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"မြို့ပေါ်မှာတော့ ရဲတွေ သေနတ်တွေလွယ်ပြီး ဆိုင်ကယ်နဲ့ပတ်နေတာတော့ တွေ့တယ်။ အစကတော့ ဘာမှန်းမသိဘူး။ နတ်စင်ရွာနဲ့ မြောက်ဇီးကုန်းကျွန်းရွာက အုပ်ချုပ်ရေးမှူးတွေကို ကာကွယ်ရေးအဖွဲ့တွေက ဖမ်းသွားလို့ မြို့ပေါ်မှာပတ်ရှာနေတာဆိုတာ နောက်မှသိရတာ။"
"ဆွမ်းစားကျောင်းဆောင်ကိုလည်း မီးရှို့သွားတယ် အကုန်လုံးမလောင်သွားဘူး၊ ရွာထဲမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်နေအိမ်စုစုပေါင်း ၁၇၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်၊ နောက်ထပ် နေအိမ် ၅၀ လောက်ကို မီးရှို့ထားပေမဲ့ နဲနဲပဲလောင်သွားတယ်" လို့ ကန့်ဘလူနယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"သူမသေခင်က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေမှာ ဦးဆောင်ပြီးတော့လုပ်တယ်၊ ပေါ်တာအဆွဲခံရတဲ့ ပိုက်ဆံရှိတဲ့လူတွေကို သိန်း ၁၅၀ နဲ့ ပြန်ရွေးဖို့ သူကတောင်းတယ်၊ သူက လိုင်းပေါ်မှာ အမြဲတမ်း LIVE လွှင့်ပြီး PDF တွေကို စိန်ခေါ်ပြီးဆဲနေတဲ့ ၁ ဦးပါ၊ နတ်မောက်မြို့ပေါ်က ပျူစောထီးတွေက သူ့ရဲ့ညွှန်ကြားမှုအောက်ကသွားရတာ၊ အရင်တုန်းကလည်း စစ်မှုထမ်းဟောင်း ၁ ဦးပါ၊ မှု့ခင်းသတင်းထောက်လည်းလုပ်တယ်"
"ကျနော်တို့က ကားနဲ့သွားပြီးဝင်ပစ်ခဲ့တာပါ။ နေရာမှာပဲ စစ်သား ၃ ယောက်သေတယ်။ လက်နက်တွေလည်း ရခဲ့တယ်"