သတင်း

တောင်ငူစစ်ဘေးရှောင်တွေအတွက် စောင်၊ ခြင်ထောင်နဲ့ စားစရာတွေ အရေးပေါ် လိုအပ်နေ

" ခုက ရာသီဥတုကလည်းအေးနေပြီဆိုတော့ အဓိကလိုတာကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အနွေးထည်တို့၊ ဆေးတို့၊ စားရေးသောက်ရေးလိုတယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ နေမကောင်းတဲ့သူတွေပါတော့ ဆေးရုံဆေးခန်းပြရတာတွေလည်း ရှိတယ်။"

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ အတွက် အခြေခံစားကုန်တွေ လှူဒါန်း (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။

ပေါက်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး တိရစ္ဆာန်တွေသေဆုံး

" ရွာရဲ့တောင်ဘက်နဲ့အနောက်ဘက်ကို ကျတယ်။ အိမ်တွေပျက်စီးတာ နွားသေဆုံးတာရှိတယ်။ လက်ကျိုးတဲ့သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။"

အမြန်လမ်းဘေး ငါးဖမ်းနေတဲ့ တောင်ငူနယ်ကလူငယ် ၂ ဦး ထပ်မံဖမ်းဆီးခံရ ■ ၁ ပတ်အတွင်း ၆ ဦးအဖမ်းခံထားရပြီး စစ်မှုထမ်းဖို့ဖမ်းဆီးတာလို့ဆို

"ဟိုင်းဝေးလမ်း(အမြန်လမ်း)ဘေး တံတားနားမှာတယောက်က ကျင်စက်ထိုး(ဘက်ထရီရှော့တိုက်ငါးဖမ်း) နေတာ။ နောက်ကောင်လေးက မိုးရွာထားတော့ လယ်စောင့်ရင်းကနေ တဲလေးပေါ်မှာ အိပ်နေတာ။ အဲဒါကိုဝင်ခေါ်သွားတယ်။ လာဦးလို့ခေါ်ပြီး လက်ထိပ်ခတ်ခေါ်သွားတယ်။"

စစ်ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာမြို့က‌နေ ငါန်းဇွန်ဘက်ကို စစ်ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ ရွာသာကြီးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ရွှေဘိုနယ်မှာ ၁၀ ရက်ကြာစစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့

"ထိတွေ့တိုက်ပွဲက အိုးဘိုနဲ့ချီပါ ၂ ခါပဲထိတွေ့ဖြစ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာက နေ့ရောညရော ၂၄ နာရီပဲ။ ချီပါထဲမှာ သူတို့ရှိနေချိန်က ၂၄ နာရီပဲ ချတာ။ ချီပါပတ်ပတ်လည်ကို ဝိုင်းထားပြီး ဒရုန်းတွေနဲ့ ချနေတော့ သူတို့မထွက်နိုင်ဖြစ်ခဲ့တာ။"

ကျွန်းလှမှာ စစ်အုပ်စုက ဒေသခံနေအိမ်တွေမီးရှို့ပြီး အမျိုးသမီး ၃ ဦးကိုဖမ်းသွား

" နယ်မြေခံအဖွဲ့တွေရှိလို့တော့ မဟုတ်ဘူး။ ရွာကို မီးရှို့ချင်လို့ကိုလာတာ။ အဲဒီရွာတွေကို ငြိုးနေတာကြာပြီ။ PDF တွေကိုထောက်ပံ့တယ် ဘာဖြစ်တာညာဖြစ်တယ်ဆိုပြီး ငြိုးနေတာ။ အဲလိုတော့ကြားထားတယ်။"

စစ်မှုထမ်းဥပဒေနဲ့ဝင်လာတဲ့ စစ်သား ၄ ဦး အမ်းတိုက်ပွဲကထွက်ပြေးလာလို့ CDF Asho က ဖမ်းဆီးထား

" အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာကြတာပါ။ လက်နက်ခဲယမ်းတော့ မပါပါဘူး။ လက်ကိုင်ဖုန်း တလုံးစီနဲ့ ဖမ်းမိတာပါ။"

တောင်ငူကကျေးရွာတွေကို လက်နက်ကြီးဗုံးသီးတွေကျရောက်ပေါက်ကွဲလို့ ၄ ဦးဒဏ်ရာရပြီး လူထောင်ချီထွက်ပြေးနေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

PDF တွေကိုသတင်းပေးရင် ရွာကိုမီးရှို့မယ်လို့ခြိမ်းခြောက်ထားတဲ့ စစ်တပ်သတင်းပေးဆိုသူ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

“သူတို့က စစ်မှုထမ်းကိစ္စတွေ သန်းခေါင်းစာရင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ PDF တွေကို သတင်းပေးရင်လည်း ရွာတွေကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ကို ကျနော်တို့က သတိပေးစာပို့တော့လည်း ဂရုမစိုက်ဘူး။ အဲ့ဒါကြောင့် သူတို့ကိုပစ်ခတ်ရှင်းလင်းခဲ့တာ။”

မိုးအဆက်မပြတ်ရွာလို့ ပဲခူးရိုးမအစပ်က PDF တွေနဲ့ စစ်ရှောင်တွေ နေထိုင်စားသောက်ရေးခက်ခဲနေ (ရုပ်/သံ)

“မရှိတဲ့သူနဲ့ ရှိတဲ့သူနဲ့ မျှတပြီးတော့မှ စားနေရတယ်။ အခြားရွာတွေပေါ်ကို သွားဝယ်မယ်ဆိုတော့လည်း မိုးမိပြီးတော့ ဖျားနာတွေက တအားဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲတော့ ရှိတာလေးနဲ့ပဲ ငပိဖုတ်စားနေရတယ်။ တချို့တဲတွေဆို အောက်ကနေမီးထည့်ပြီး လုပ်ပေးရတယ်။ တာလပတ်က တာရှည်မခံဘူး ခါတိုင်းနှစ်က မိုးတွင်းဆိုရင် ဒီနေရာကတဲဆောက်ထားလို့မလုံခြုံဘူးလား ဟိုဘက်ကိုရွှေ့။ တခါတာလပတ်ကဖြုတ်ရတော့ ပေါက်ပြဲ။ အဲ့လိုမျိုး တာလပတ်ကလေးတွေကို သူတို့ကပြန်ပြီးတော့ မိုးနေရတော့ မိုးကမလုံဘူး။”

ဘုတလင်မြို့နယ်အတွင်း တကျော့ပြန်ဝင်လာတဲ့စစ်ကြောင်းက သဖန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးပစ်သတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အရှေ့ခြမ်းရှိ သဖန်းရွာမှာ စစ်ကောင်စီတပ်သားတွေက ၂ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ရွာကပြန်ထွက်ချိန်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးထဲက ရွှေလုပ်ကွက်တွေသိမ်းယူခံရပြီးနောက် စစ်ကောင်စီက ရွှေရောင်းချသူတွေကို စောင့်ကြည့်မယ့်သင်တန်းတွေ ဆက်တိုက်ပေးနေ

ရွှေလုပ်ငန်းရှင်တွေကို သင်တန်းပို့ချရာမှာ ရွှေအရောင်းအဝယ်ပြုလုပ်စဥ် မသင်္ကာစရာတွေ့ရှိတာနဲ့ သတ်မှတ်ငွေပမာဏထက် ကျော်လွန်ရောင်းချပါက တိုင်ကြားဖို့၊ ရာဇဝတ်မှုများတဲ့ဒေသကလာသူတွေကို ပိုမိုစိစစ်ဖို့၊ ရောင်းချသူရဲ့အချက်အလက်တွေကို သေချာစိစစ်ကာ နှစ်စဥ်ရောင်းချတဲ့ပမာဏတွေကို စစ်ဆေးဖို့ စတဲ့အချက်တွေအဓိကပါဝင်ပြီး လက်နက်ဝယ်ယူမယ့်ငွေတွေမဖြစ်ဖို့ကို မဖြစ်မနေစိစစ်ရမယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။

တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ

"အကုန်လုံးကို ပြည်သူ့စစ် (ပျူစောထီး)တာဝန် ထမ်းဆောင်ခိုင်းတော့မှာဆိုတော့ တယောက်မှပြန်လွတ်လာသူ မရှိဘူး။ ပြည်သူ့စစ်လုပ်ခိုင်းမှာကိုတော့ ၈၀ ရာခိုင်နှုန်းလောက်ထိ အတည်ပြုနိုင်တယ်။ စစခေါ် ကတည်းကိုက သူတို့ဘက်ကနယ်မြေမှန်သမျှ ပြည်သူ့စစ်လုပ်ဖို့ဖမ်းခေါ်တာ။"

ရေလမ်းက တပ်ချိန်းဖို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်အတိုင်းလာတာကို သတင်းရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်ကြိုစောင့်ကာ ၄၀ မမအပါ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီး က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10