သတင်း

ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီရေယာဥ် ၂ စီး တိုက်ခိုက်ခံရလို့ ထိခိုက်မှုတွေရှိ (ရုပ်/သံ)

“အပြန်ကိုပစ်တာ အပြန်ကိုပစ်မှ အဆင်ပြေတာ။ အသွားကိုပစ်တယ်ဆိုရင် သူတို့ (စစ်ကောင်စီ)က အပြန်ကျတော့ ပြည်သူတွေကိုအရမ်းမဲတာ။ ထိခိုက်မှုကတော့ သေချာတော့မသိရသေးဘူး။ အနည်းနဲ့ အများတော့ရှိမှာပါ။”

၅ ရက်အတွင်း ကလေးမြို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးရေလျှံမှုဖြစ်နိုင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မကနေ ၈ လက်မခွဲအထိ မိုးအလွန်များများ ရွာသွန်းဖို့ရှိတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားပါတယ်။

အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူး ၂ ဦးနေရာမှာ အစာထိုးဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်မံအသတ်ခံရ

“ဘောလုံးချိန်းဝိုင်းဒိုင်လုပ်ပြီး အကောက် ကောက်နေတာ။ သူ့ကိုလိုက်ရှာရင်း လူစည်ကားတဲ့ ဘောလုံးကွင်းမှာ သွားတွေ့တာ။ ရင်အုံ ၁ ချက် ခေါင်း ၁ ချက် ၂ ချက်ပစ်ခဲ့တာ ပွဲချင်းပြီး။“

မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးဟုဆို (ရုပ်/သံ)

မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ စစ်ကြောင်း ၃ အခြေစိုက်တပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ဦး သေဆုံးခဲ့တယ်လို့ MBT အဖွဲ့ဆီက သိရပါတယ်။

ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်တပ်ကြဲတဲ့ ဒရုန်းဗုံးထိမှန်သူတွေထဲက ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

"ဖြစ်တဲ့နားမှာ တော်လှန်ရေးအဖွဲ့တွေ စစ်ဆေးရေးလုပ်နေတာမရှိဘူး။ အတက်အဆင်းကားတွေကို ပိတ်ထား တာရှိတယ်။ လူစုစုဖြစ်နေတာဆိုတော့ PDF တွေရှိတယ်အထင်နဲ့ ဗုံးချတာဖြစ်မယ်။ သူတို့ကတော့ ပြည်သူရှိတာကို မကြည့်ဘူး။ အပေါ်ကနေ ဒရုန်းနဲ့ဝဲကြည့်ပြီး PDF တွေဆိုချတာ"

မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ

"အခုတပ်စွဲလိုက်တဲ့ ရွာတွေက ကျောက်တံတား(မန္တလေး-မတ္တရာကားလမ်းပေါ်က အခုတိုက်ပွဲဖြစ်ပွားနေတဲ့ရွာ)နဲ့ အဖြောင့်တိုင်းလိုက်ရင် တတန်းထဲပဲ။ အဲ့ဘက်ကနေ ကာလိုက်ရင် တော်လှန်ရေးတပ်တွေ မန္တလေးအထိ တက်မလာနိုင်ဘူးလေ။ စစ်တပ်က မတ္တရာကို ပေးလိုက်ရရင်တောင် ကျွန်တော်တို့အဖွဲ့တွေ မန္တလေးအထိ တက်မလာနိုင်အောင် အနောက်ရော၊ အရှေ့ရော ဒီကောင်တွေကာလိုက်တဲ့သဘောပဲ။"

တောင်ကျချောင်းရေနဲ့ မျောပါသေဆုံးခဲ့တဲ့ သားအမိနှစ်ဦးမှာ ၃ ရက်ကြာအထိ မိခင်အလောင်းပြန်မတွေ့သေး (ရုပ်/သံ)

ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းက မိသားစုဝင် ၄ ဦးအနက် ဒေါ်နိန်ခေး အသက် ၃၈ နဲ့ သူရဲ့သားအငယ်မောင်နိုင်းနိန် အသက် ၃ နှစ်အရွယ်တို့ဟာ တောင်ကျရေစီးနဲ့ မျောပါသေဆုံးသွားခဲ့ပြီး သားအကြီးဖြစ်သူနဲ့ သားအလတ်ဖြစ်သူတို့ကတော့ လွတ်မြောက်ခဲ့တယ်လို့ CDF-MINDAT တပ်ဖွဲ့ဝင် တောခိုကြီး က ပြောပါတယ်။

ကောလင်းအနောက်ခြမ်းက ရွာ ၆ ရွာကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်နေလို့ ရွာခံတွေထွက်ပြေးနေရ

“ ကောလင်းအနောက်ဘက်အခြမ်းကို လေကြောင်းနဲ့ ပစ်ခတ်မှုလုပ်သွားပါတယ်။ အခုလက်ရှိ အခြေအနေအရ ၅ ကြိမ်ရှိပါပြီ။ ကောလင်းအနောက်ခြမ်းက ရွာတွေကိုပစ်သွားတာပါ”

မုံရွာမြို့ပေါ်ကရွှေဆိုင် နေ့ခင်းဘက်ဓားပြတိုက်ခံရပြီး ရွှေနဲ့စိန်ထည်အများအပြားပါသွား

"ပေါ်တင်ကြီး ဝင်တိုက်သွားတာ။ ဆိုင်ကယ်နဲ့လာကြတာ။ အများစုကရွှေနဲ့စိန်ထည်တွေ ပါသွားတယ်။ သိန်းတသောင်းကျော်လောက် ရှိနိုင်မယ်"

ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ် ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား

"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"

တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ပျူတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရွာခံပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

စစ်တပ်ရဲ့လက်နက်ကြီးကျည်ထိလို့ တမိသားစုလုံးသေဆုံး၊ ဒဏ်ရာနဲ့အသက်ရှင်ကျန်သူ ဆေးကုစရိတ်ခက်ခဲနေ

"လက်နက်ကြီးမှန်တဲ့အထဲ သူပဲအသက်ရှင်တာ။ သူလည်း တကိုယ်လုံးလောင်သွားတော့ ရေရှည်ကုရမှာ။ မလွယ်ဘူး "

ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖုံရွာကိုဝင်ပြီး ပြည်သူ ၃ ဦးကိုသတ်ကာ အိမ် ၃ လုံးကိုလည်းမီးရှို့ခဲ့

"ရွာကိုဝင်လာကတည်းက ပစ်ဝင်လာတာ။ ပြည်သူတွေကလည်း ပြေးကြတာ။ သူတို့က ရွာထဲတင်ဖမ်းမိပြီးမှ ပစ်သတ်သွားတာမျိုးပါ။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10