သတင်း

စစ်စခန်းကို တိုက်ခိုက်ချိန် လေယာဥ်နဲ့ပစ်ခံရလို့ PDF တဦးသေဆုံး

“ကာကွယ်ရေးအဖွဲ့ ၃၀ ကျော်က မနက် ၆ နာရီက‌နေ ညနေ ၃ နာရီလောက်အထိ ဝင်ရောက်ပစ်ခဲ့တာ။ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်။ ဝင်ရောက်ပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး၊ ဒုတိယအကြိမ် Mi 35 နဲ့လာပစ်တာမှာ မဟာမိတ်အဖွဲ့ထဲက ရဲဘော်တဦး ကျဆုံးခဲ့တယ်”

PDF တွေဝင်လာမယ့်သတင်းကြောင့် ဝေါဒေသခံတွေကို စစ်အုပ်စုက ဖိအားပေးကင်းစောင့်ခိုင်း

"အဓိက ရွာကြီးတွေမှာ စောင့်ခိုင်းတယ်။ ပျူတွေနဲ့တွဲပြီး ကင်းစောင့်ခိုင်းတာ။ အိမ်တိုင်းမစောင့်မနေရဘဲ။ ကိုယ့်အလှည့်ကျလို့ မစောင့်နိုင်ရင် ပိုက်ဆံပေးရတယ်။ ကင်းကြေးသဘောမျိုး ပိုက်ဆံ ၁ သောင်း တောင်းတယ်။ ရွာဝင်ရွာထွက်နေရာတွေမှာ စောင့်ရတယ်”

ရွာတွေကို စစ်ကြောင်းထိုးပြီး ထွက်လာတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး သေဆုံးမှုများဟုဆို

မတ္တရာနဲ့ မန္တလေးဘက်ကနေ ၂ ဖွဲ့ပေါင်းပြီး ထွက်လာတဲ့ စစ်သားတွေဟာ အင်အား ၃၀ ဝန်းကျင်နဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီးထွက်လာချိန် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ပြီး နေ့လယ် ၂ နာရီမှာ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မီတာဖတ်သွားတဲ့ စစ်ကောင်စီ EPC ဝန်ထမ်း ပေ ၂၀၀ နက်တဲ့ ချောက်ထဲပြုတ်ကျ

"မီတာဖတ်ဖို့ သွားနေတုန်း ဖူးစာကုန်းပေါ်ကနေ ခြေချော်ပြုတ်ကျသွားတာလို့ သိရတယ်။ အဲဒါကို ချောက်ထဲကိုဆင်းပြီး ခက်ခက်ခဲခဲနဲ့ မီးသတ်နဲ့ပရဟိတအဖွဲ့တွေ သွားကယ်ရတယ်"

ထီးလင်းမှာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး အပြန်အလှန်တိုက်ပွဲဖြစ်

၂ ရက်တာအတွင်း မိုင်း ၃ ကြိမ်ဆွဲပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၄၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲခံရတဲ့ကားတွေက တပ်မ ၇၇ က စစ်သားတွေဖြစ်ပြီး ထီးလင်းမြို့နယ် ဆေးမင်းတောရွာထဲမှာ ရှိသေးတယ်လို့ သိရပါတယ်။

တန့်ဆည်မှာ ရေပေါ်ဆီအနုပညာရှင်များ အလိုမရှိကြောင်း ဆန္ဒပြ

ပြည်သူ့ဘက်က မရပ်တည်တဲ့ အနုပညာရှင်တွေ၊ ရေပေါ်စီ အနုပညာရှင်တွေ၊ ကြားနေ အနုပညာရှင်တွေကို လုံးဝအလိုမရှိကြောင်း ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီမြို့နယ် EC ဦးဆောင်တဲ့ လောင်းကစားဝိုင်း ဗုံးခွဲခံရ

"မိုးညိုနယ်တလွှားမှာက လောင်းကစားဝိုင်းလုပ်နေတာက ကြာပြီ။ အနည်းဆုံး ၆ လလောက်ရှိမယ်။ ဗုံးခွဲသတိပေးလည်း ဆက်လုပ်တယ်။ စာထုတ်လည်း ဆက်လုပ်နေတယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ထိခိုက်လာလို့ တိုက်ခိုက်ရတာဖြစ်တယ်"

တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရလို့ NLD ရပ်/ကျေးဥက္ကဌအပါ ရွာသား ၅ ဦးဖမ်းဆီးခံရ

“အသတ်ခံရတဲ့ ကိုမောင်ဝင်းနဲ့ လောင်းကစားဝိုင်းမှာ ဒိုင်အတူလုပ်တဲ့ ၂ ယောက်နဲ့ ကျန်တဲ့မဆိုင်တဲ့လူ ၃ ယောက်ကို ဖမ်းသွားတာ။ အဲ့ရွာမှာ အခုထိ လောင်းကစားဝိုင်းတွေ ရှိနေတုန်းပဲ”

တပတ်အတွင်း မြေလတ်သတင်း

#မြေလတ်အသံ #စစ်ကိုင်း #မကွေး #ပဲခူး

ဆားလင်းကြီးမှာ စစ်တပ်က အိမ်တွေကိုမီးရှို့ပြီး ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းသွား

“စစ်ကြောင်းက ခါတိုင်းဆို မနက် ၈ နာရီလောက်မှထွက်တာ။ အခုက မနက် ၆ နာရီလောက်မှာ ထွက်လာတော့ ရွာသားတွေ ပိတ်မိကုန်တာ။ ပိတ်မိတဲ့အထဲမှာ ကျနော်တို့ ရဲဘော်လေး တယောက်တောင် ပါသေးတယ်”

စစ်ကောင်စီအတွက် ထောင်ထားတဲ့မိုင်း ပြည်သူကောက်သွားလို့ မစ်ရှင်ဖျက်ခဲ့ရ

"စကစ ကားတန်းတွေကို ကြားကနေ ဖြတ်တောက်မိုင်းခွဲဖို့ ဂုန်နီအိတ်နဲ့ထည့်ပြီး ထောင်ထားတာကို လာကောက်သွားတာ။ ကျနော်တို့ဘက်က တွေ့နေလျက်နဲ့ ပြည်သူလား၊ စကစလား မသေချာလို့ မိုင်းမခွဲလိုက်ရဘူး"

ရက်ကန်းသံတွေ မကြားရတော့တဲ့အညာ (ရုပ်/သံ)

တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။

ကန့်ဘလူမှာ လူမရှိတဲ့အိမ်တွေကိုဖျက်ပြီး စစ်တပ်က အထိုင်ချတပ်စွဲဖို့လုပ်နေ

“ရွာက လူမနေတဲ့အိမ်တွေကိုဖျက်ပြီး အဲ့ရွာမှာ စခန်းချမလို့တဲ့။ သူတို့စခန်းဆောက်ဖို့ ရွာထဲက တအိမ် ၅ သောင်းကောက်တယ်။ မပေးတဲ့အိမ်ဆို ခေါ်ရိုက်တာ။ တပတ်အတွင်းမပေးရင် မိသားစုလိုက်သတ်မယ် ပြောတယ်။ အိမ်ဖျက်တာတောင် သူတို့မဖျက်ဘူး။ ရွာသားတွေကို ခိုင်းတာ။ လစဥ်ငွေကောက်တာ ခံရတော့မယ်ထင်တယ်"

စိုက်ပျိုးရေးအဆင်မပြေတဲ့ တောင်သူတွေ ထိုင်းမှာအလုပ်ကြမ်းလုပ်ဖို့ သွားသူ များလာ

"ကျတော်တို့မိသားစုက လယ် ၆ ဧက ပိုင်ဆိုင်ပါတယ်။ မိသားစု ၅ ယောက်လောက်နဲ့ အဆင်ပြေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လယ်ယာမြေမှာ ထည့်သွင်းရတဲ့စိုက်ပျိုးစရိတ်တွေ အဆမတန် ခုန်တက်သွားတော့ လယ်ကပြန်ရတဲ့ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး ဖြစ်နေတယ်။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး တော်တော်ကွာသွားလို့ အဆင်မပြေတော့လို့ အခုလို သူများတိုင်းပြည်မှာ အလုပ်သွားရောက် အလုပ်လုပ်ရတာပါ"

ပေါင်းတည်ကို ထိုးစစ်ဆင်လာတဲ့ စစ်ရေယာဥ် မိုင်းဆွဲခံရပြီး သေဆုံးမှုရှိ

"စစ်ကြောင်းက စက်လှေ ၂ စီးနဲ့ မောင်းလာတာ။ ထန်းကုန်းရွာဟောင်းနဲ့ ချေပင်ရွာဟောင်း မြောင်ကြပ်မှာ နောက်ကနေမောင်းလာတဲ့ စစ်သား ၂၀ လောက်ပါလာတဲ့ စက်လှေကို မြောင်ကြပ်ဘေးက ကုန်းပေါ်မှာ အသင့်ထောင်ထားတဲ့ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်သား ၅ ဦး နေရာတင်သေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10