ဗုံးသီးခွံတွဲကား ၃ စီး ပါသွားမှုနဲ့ သရက်တပ်နယ်မှူးကို တပ်အချုပ်ထဲမှာထားပြီး ၁ နှစ်နီးပါး အမှုစစ်ဆေးနေ
မကွေးတိုင်း၊ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) စက်ရုံမှူး (သရက်တပ်နယ်မှူး) ဗိုလ်မှူးကြီးဝင်းကြူကို အောင်လံမြို့အခြေစိုက် ကပစ ၁၅ တပ်ဗဟိုကင်းမှာ စစ်ဘက်အချုပ်နဲ့ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။