ပေါက်နယ်မှာ PDF တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၅ဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား၂ ဦး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြို့နယ် ဒရုန်းတပ်ခွဲ ၄ - Dog Hunter Uav Force က သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလ ၂၆ ရက် ည ၉ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။
"ပစ်ခတ်လိုက်တဲ့နေရာမှာပဲ အဲဒီလူတခါတည်းရှောသွားတယ်။ သူ့ဆီက သူ့ရဲ့စစ်မှုထမ်းဟောင်းကဒ်၊ သံပုရာသီး(ဗုံး)တလုံးနဲ့ ဖုန်းတလုံးသိမ်းဆည်းရမိခဲ့ပါတယ်။ ပြီးတော့သူက နခမရဲ့ လူယုံတယောက်လည်းဖြစ်တယ်။ နမခကို စားနပ်ရိက္ခာထောက်ပံ့သူလည်းဖြစ်တယ် " လို့ ပြောပါတယ်။
“ပစ်ဖမ်းပေမယ့် သူ့ကိုတော့ ဒဲ့မပစ်ဘူး၊ အညံ့ခံဖို့ပြောပြီးပဲဖမ်းတာ၊ ကျနော်တို့ကမုန်းပေမယ့် စစ်သုံ့ပန်းဆိုတော့ လက်ဖျားနဲ့တောင်မထိဘူး၊ အထက်က စည်းမျဉ်းတွေအတိုင်းပဲ သာမာန်ဧည့်သည်တယောက်လို ဆက်ဆံထားတယ်၊ နေမကောင်းလို့ ကွဲကျန်ခဲ့တယ်လို့ပြောပေမယ့် လွယ်လွယ်ကူကူဖမ်းခဲ့ရတာတော့ မဟုတ်ဘူး” လို့ ဆိပ်ဖြူ ဗိုလ်မထားအဖွဲ့မှ ရဲဘော်ရိုမာန်က ပြောပါတယ်။
"သွားတာက ၃ ယောက် စက်ရုံမှူးကားနဲ့ ပခုက္ကူကို လစာထုတ်သွားတာ၊ BPI တပ်ရှေ့တည့်တည့်မှာစစ်ဆေးတာ မသင်္ကာစရာတွေ့လို့ဆိုပြီး ဟံဇော်လင်းကို ခေါ်ထားလိုက်တယ်။ ကျန်နှစ်ယောက်နဲ့ကားကိုလွှတ်ပေးလိုက်တယ်။ ဟံဇော်လင်းပြန်လွတ်လာတော့စကားကမပြောနိုင်ဘူး။ ပါးစပ်ကလည်း သွေးရဲရဲ သံရဲရဲထွက်လာတယ်" လို့ EPC ဝန်ထမ်းမိသားစုနဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
“ပျူခေါင်းဆောင် ၅ ဦးကို တညတည်းမှာ လူခွဲပြီးရှင်းခဲ့တာ၊ သူတို့ရွာကို စစ်တပ်ချဖို့ စာတင်ထားတာ၊ စစ်တပ်အထိုင်ချဖို့ စာကလည်းကျလာပြီ။ အဲဒီရွာက ပျူတွေက ဆင်မရဲကျေးရွာမှာ ပေါင်းပြီးနေတာ။ စာကျလာလို့ သူ့ရွာသူ ပြန်လာတာ၊ ညမှာပဲ ချက်ခြင်းသွားရှင်းခဲ့တာ” လို့ Myingyan Black Tiger ဗိုလ်မိုက်ခဲ က ပြောပါတယ်။
ကျဆုံးသူဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီး၊ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ဖို့ စစ်ကိုင်းမြို့နယ်ထဲက တနေရာမှာ မိုင်းဆင်နေချိန် ပေါက်ကွဲမှုဖြစ်ကာ နေရာတင် ကျဆုံးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ခံ ရဲမေစွန်နက်က အတည်ပြု ပြောပါတယ်။
"တောင်ယာလုပ်ပြီး ယာခုတ်စားနေတဲ့ အစုလေးကို ဖမ်းသွားတာပါ။ ကျနော်တို့သွားကြည့်တော့မှ အဲ့နေရာမှာ လူမရှိတော့ဘူး။ ဘာအဆက်အသွယ်မှ မရဘူး။ လူတွေမရှိတော့ဘူးဆိုတာ သိရလို့ စုံစမ်းမှ ပဲခူးရိုးမထဲက စစ်ကြောင်းနဲ့ တောင်ညိုဆည်မှာ တပ်စွဲနေတဲ့ စစ်ကြောင်းက ဖမ်းသွားတာပါ" လို့ နတ်တလင်း PDF နတ်စစ်သည်အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်က မြေလတ်အသံကို ပြောပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူ − ဆောလမ်းပိုင်းတွေကို အသုံးမပြုဖို့ တားမြစ်ထားပေမဲ့လည်း ကားသမားတွေက မလိုက်နာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ဖို့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။
“အဖမ်းခံရတာကတော့ ရဲဘော် ၃ ဦးနဲ့ ရွာသားတွေလည်း ပါတယ်။ ရဲဘော်တဦးနဲ့ ရွာသားတွေကတော့ လွတ်သွားတယ်။ သူတို့ ၂ ဦးပဲ ကျန်ခဲ့တယ်။ ပထမတော့ တာဝရွာဘုန်းကြီးကျောင်းမှာ သူတို့ကို စစ်ဆေးပြီး ရိုက်နှက်တယ်။ ခနနေတော့ ဘုန်းကြီးကျောင်းကနေ ထွက်သွားပြီး စာသင်ကျောင်းဘက်မှာ မီးရှို့သွားတယ်” လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ - ပုသိမ်လမ်းပိုင်းရှိ ၁၆ ကုတင်ဆေးရုံဟောင်းအနီးမှာ ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
“အချိန်ကလည်း ညနေတောင် မရှိသေးဘူးဆိုတော့။ သူတို့က စကူးဖီး အော်တိုဂီယာဘီးနဲ့။ စလုခံရတဲ့နေရာက ဘယ်နေရာကနေဖြစ်လာတာလည်းတော့မသိဘူး။ လိုက်တာဆိုတော့လည်း မီအောင်ဆိုပြီး အရှိန်နဲ့ တအားမောင်းလာပုံရတယ်။ အဲ့ဒီတရုတ်ဘုံကျောင်းနားရောက်တော့ ကားနဲ့တိုက်မိတာ” လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာ လူထုတိုက်ပွဲအရှိန်မြှင့်ဖို့၊ နွေဦးဝောာ်လှန်ရေးကို ပြန်လည်အသက်သွင်းဖို့၊ CDM လုပ်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့၊ တော်လှန်ရေးမှာ ပြည်သူလူထုကအင်အားက အရေးပါတဲ့အတွက်ပါဝင်ကြဖို့စတာတွေကို အထိုင်သပိတ်လုပ်ဟောပြောခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဝေါမြို့ကနေ ဘုရားပျိူကျေးရွာဘက် အထွက်မှာရှိတဲ့ စစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။