အင်းတော်နယ်က နေအိမ် ၄၀ ကျော်နဲ့ စပါးကျီ ၃၀ ကို စစ်ကောင်စီမီးရှို့ ဖျက်စီးသွား
"စစ်**တွေက စစ်ကြောင်းနှစ်ခုပေါင်းထားတာ။ သူတို့က ၁၉ ရက်နေ့မှာ စက်တောကုန်းရွာကို ရောက်တယ်။ ညအိပ်ကြတယ်။ မနက်ရောက်တော့ ရွာကအထွက်မှာ အိမ်တွေကို မီးရှို့သွားခဲ့ကြတာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အကြောင်းမဲ့မီးရှို့ခဲ့တာ။ စပါးကျီတွေ၊ အိမ်တွေကတော့ ပြာပဲရလိုက်တော့တယ်"