စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်များကို ပြတ်ပြတ်သားသားတုန့်ပြန်တက်လှမ်းရမည့်အချိန်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးစတဖက်ရေမှုတ်တဖက် လှည့်ကွက်များအကြားသွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သလို စည်းလုံးညီညွတ်စွာနဲ့ လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို ပြတ်ပြတ်သားသားတက်လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။