NUG ကို မြေပြင်အဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်စေချင်တယ်လို့ PDFတွေ ပြော
"ဘာပြောချင်လဲ ဆိုတော့ တော်လှန်ရေးခရီးက တစ်နှစ်ပြည့်တော့မယ် NUG လူကြီးတွေ ရိုးသားပြီး အလုပ်တကယ်လုပ်တာသိပါတယ် သို့ပေမဲ့ မြေပြင်နဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားနည်းနေသေးတယ်လို့မြင်မိတယ် လက်တွေ့နဲ့မကင်းကွာအောင် အခြေအနေအမှန်ကို သိရှိနားလည်အောင် သံတမန်ဆက်ဆံရေးနားလည်တဲ့ ကိုယ်စားလှယ်တွေနဲ့ အချိန်မနှောင်းခင် ကြိုးစား ချိတ်ဆက်စေလိုပါတယ်ဗျ ပြီးတော့အဖွဲ့အတွင်းက ဦးဆောင်သူညီတွေအကိုတွေ လက်ထဲရှိတာလေးတွေ ပေါင်နှံရောင်းချပြီး တော်လှန်ရေးအတွက်သုံးပါတယ် ဥပမာ မြေကွက်တို့ ကားတို့ပေါ့"လို့ DRPA ( မုံရွာ) ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။