စက်သုံးဆီဈေး မကြုံဖူးအောင် အမြင့်ဆုံးသို့ရောက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်ကြုံနေ
"ဈေးနှုန်းကတော့ မကြုံဖူးအောင်ကို တက်လာတယ်ဆိုရမယ် တက်တာကတော့ နိုဝင်ဘာလလောက်ကတည်းက စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းကတက်နေတာ ဒေါ်လာဈေးနှုန်းတက်ခြင်းကျခြင်းနဲ့ စက်သုံးဆီဈေးနှုန်း တက်ခြင်းကျခြင်းက သက်ဆိုင်တယ်။ အရင်က တလီတာထည့်တဲ့သူက တလီတာထည့်ဖို့တောင် ခဲယဉ်းသွားပြီ အများအားဖြင့် တိုက်ရိုက်တန်းထိတာက ကုန်ကား ခရီးသယ်တင်ကားကြီးတွေနဲ့ ရန်ကုန်မှာဆို Taxi နှင့် ဆိုင်ကယ်ကယ်ရီသမား တွေပဲ အဲအကျိုးဆက်ကတော့ ခရီးသွားလာသူတွေနဲ့ ကုန်စည်စီးဆင်းမှုတွေမှာ အကျပ်ရိုက်လာလိမ့်မယ်"