Cherry

ထောက်ပို့ရထားနဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ ဗိုလ်မှူးတဦးအပါ ၈ ဦးသေဆုံး (ရုပ်/သံ)

“ထောက်ပို့ရထားက စားနပ်ရိက္ခာရော လက်နက်တချို့ရော ပါတယ်လို့သိရတယ်၊ အလယ် ၃ တွဲ ပျက်ကျတယ်၊ ဒရုန်းနဲ့တိုက်ခိုက်တာမှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ သူ့ဘတ်စမန်းတကောင် သေလို့ လူနာတင်ကားနဲ့ ဆွဲထုတ်သွားတယ်၊ ၃ ပွင့်ဗိုလ်ထပ်ကြီးတယ်၊ ညနေ ယာယီစခန်းကို ဝင်ပစ်ပြီး ပြန်ဆုတ်တာ ၆ ကောင်ကျတယ်။" လို့ ဒေါင်းဖြူစစ်ကြောင်းအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

လက်နက်နဲ့ CDMဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုငွေ‌ ချီးမြှင့်

“ခုမှထုတ်ပြန်တာကတော့ လုံခြုံရေးအနေထားကြောင့်ပါ၊ သူတို့ထွက်မယ်ဆိုကတည်းက ချိတ်ဆက်ပြီး အခက်ခဲကြားက ရအောင်ကို ခေါ်ထုတ်ခဲ့ပါတယ်ဗျ၊ ခေါ်ယူစဉ် အန္တရာယ်တော့ မရှိခဲ့ပေမဲ့ လမ်းခရီးကတော့ အတော်လေးကို ခက်ခက်ခဲခဲနဲ့ ခေါ်ထုတ်ခဲ့ရတယ်၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်၊ တခြားနေရာမှာ တာဝန်ထမ်းဆောင်မယ်လို့လည်း ကျတော်တို့အနေနဲ့ မျှော်လင့်ရပါတယ်၊ လက်ရှိမှာတော့ တာဝန်ပေးထားတာ ဘာမှမရှိသေးဘူး။"

ကလေး ဒကစမှူး ပြောင်းလဲပြီးနောက် စစ်ကောင်စီတပ်က ဓာတ်ငွေ့ထွက်တဲ့ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လာ

မီးခိုးငွေ့ရှူမိတဲ့ ပြည်သူ ၃၀ ဝန်းကျင်မှာ လည်ပင်းစပ်ရှတာ၊ ကိုယ်အပူချိန်တက်တာ၊ သွေးပေါင်ကျတာ၊ ခန္ဓာကိုယ်နုံးချိတာ၊ လက်ထိပ်ခြေထိပ်ကျင်ပြီး အသက်ရှူမဝဖြစ်တာ၊ သတိလစ်တာ စတဲ့ လက္ခဏာတွေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့လည်း MMT(West Division) တာဝန်ခံ CDM ကထိက ဌာနမှူး ဒေါ်ရတီအုန်းက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၇ ဦးသေခဲ့တဲ့ မင်းတုန်းဂိတ် အနီးကပ်တိုက်ပွဲ (ရုပ်/သံ)

“ရန်သူက ဘန်ကာတွေထဲမှာ အခိုင်အမာ နေရာယူထားတာကို ဝင်လုံးပြီး ပစ်ရတာမလို့ ပစ်အားပိုင်းမှာ ကျနော်တို့ ဖိသုံးရတာမျိုး ရှိခဲ့ပါတယ်။ နောက်တခုက မြို့တွင်းလမ်းမကြီးပေါ်မှာ ဖြစ်တဲ့ပွဲမို့ မြို့ပြတိုက်ပွဲဆန်ပါတယ်။ ထူးခြားချက်ကတော့ ၁ နာရီကြာ တိုက်ပွဲတွင်းမှာ မြို့ပြနဲ့ အနီးဆုံး ရန်သူစခန်းဖြစ်ပေမယ့် ရန်သူဘက်က စစ်ကူ မလာတာပါ။ ဒါက သူတို့မှာ လူအင်အား နည်းပါးနေတယ်ဆိုတာကို ကျနော်တို့ သုံးသပ်မိပါတယ်။"

နေပြည်တော်နဲ့ ၄၅ မိုင်အကွာက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံး

“နေပြည်တော်ကောင်စီနယ်မြေကို ထိုးဖောက်ဖို့အတွက် ထိုးဖောက်ဖို့ဆိုတာထက် နေပြည်တော်မှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာပါ၊ အခု တကြိမ်က ဒုတိယတကြိမ် စခန်းသိမ်းတိုက်ပွဲပါ။”

ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံး

“တခြားတပ်ရင်းကလူတွေလည်း လက်နက်ကြီးထိတာရှိတယ်။ ကျည်တော့မထိဘူး၊ ကျနော်တို့တပ်ရင်းက ကျနော်အပါအဝင် ၂ ယောက် လက်နက်ကြီးရှပ်ထိလို့ ပြန်ဆုတ်နေချိန် ကိုယ့်ဘက်က လက်နက်ကြီးပစ်တဲ့သမားတွေဆီကို ရန်သူဘက်က ၆၀ မမ ကောင်တာပြန်တာ၊ အဲ့ ၆၀ က လက်နက်ကြီးပွိုင့်ကို ကျပြီး ရဲဘော်တယောက်ကျတယ်၊ ၂ ယောက်က နည်းနည်းပြင်းထန်တယ်။”

ကလေးမှာ မိုင်းကွဲလို့ အမျိုးသားတဦး ထိမှန်သေဆုံး

“မနက်အစောကြီး မိုင်းကွဲတာ၊ ထိတဲ့သူက ကလေး ၃ ယောက်အဖေ၊ လက်ဖက်ရည်ဆိုင် သန့်ရှင်းရေး ဝန်ထမ်းလို့လည်း သိရတယ်။ လူက ခါးပြတ်ပြီး ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတာ။”

လက်နက်နဲ့ လစာသွားယူတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၂ ဦးသေ

“အင်းတော်အတွက် သင်္ဘောနဲ့ပါလာတဲ့ စားနပ်ရိက္ခာနဲ့ လခပိုက်ဆံတွေကို ၁၂ ဘီးကားနဲ့ ကသာမှာသွားထုတ်တာ။ ၁၃ ရက်နေ့ သွားပြီး ၁၄ ရက်နေ့ ညတွင်းချင်း ပြန်ဆင်းတာမှာ ညတွင်းချင်း အတိုက်ခံရတာ။ လတ်တလော အလောင်း ၂လောင်း အလံအုပ်ထားတယ်" လို့ ဒေသသတင်းရင်းမြစ် Indaw Revolution - IR အဖွဲ့ဝင်တဦးက ပြောပါတယ်။

ငါးပတ်ချောင်းရွာကို ဒုတိယအကြိမ် စစ်ကြောင်းထိုးမီးရှို့လို့ အိမ်ခြေ ၇၀ မီးလောင်ပြာကျ (ရုပ်/သံ)

“ဆုံးရှုံးတဲ့ပစ္စည်းက ထုတ်ချိန်တောင် မရလိုက်ဘူး။ လူလွတ်ပြေးဖို့ကို တော်တော်လုပ်ယူရတယ်။ ခုက အလုံးအရင်းနဲ့ တအားပစ်ဝင်တာ။ ခုအိမ် ၇၀ ကတော့ အကုန်ကိုကုန်တာ။ ဘာတခုမှကို မကျန်တော့တာ။ ”

စစ်တပ်က စစ်ကြောင်းထိုးလို့ ဝက်လက်မြို့နယ်က ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

“ကျနော်တို့ဆို ပြင်ဆင်ချိန်ကို မရလိုက်ဘူး။ စက်လတ်နဲ့ တန်းဆွဲတာ၊ လက်နက်ကြီးတွေနဲ့‌ရော။ စထွက်လာပါပြီ ဆိုကတည်းက မြစ်ဘေးနားတလျှောက်လုံးကို ရမ်းပစ်ပြီး နားလိုက်သေးတယ်။ ငါးပတ်ချောင်း ကပ်ကာနီးမှ စက်လတ်နဲ့ဆွဲ လက်နက်ကြီးတွေပစ်ပြီး တန်းဝင်တော့တာပဲ"

ဆေးကုပြန်လာတဲ့ သားအမိ ၂ ဦးကို စစ်အုပ်စုက သတ်ပြီး မီးရှို့ခဲ့

“ဆေးကုသွားရင်း တိုက်ပွဲနဲ့ကြုံတာပေါ့၊ စစ်ကြောင်းက မရောက်သေးဘူးထင်ပြီး ရွာအနောက်က ဖြတ်တာမှာ ကြိုရောက်နေတဲ့ **တွေက အဝေးက လှမ်းပစ်တာ၊ သူတို့ အလောင်းတွေကိုလည်း မီးရှို့ထားခဲ့တယ်။"လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

PDFကို ထောက်ပံ့ဖို့ စပါးစိုက်ပြီးဝင်ငွေရှာနေတဲ့ ကောက်စိုက်အဖွဲ့ (ရုပ်/သံ)

အခုနှစ်အတွက် ပထမဆုံးအဖြစ် မိုးစပါးအငှားစိုက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁ အတွက် ရည်ရွယ်ကာ ကောက်စိုက်နေကြတာဟာ ၁၀ ဧက နဲ့ ၁၅ ဧက ကြားအထိ စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

မင်းလှမြို့လယ်က လိုင်းကြေးပေးထားတဲ့ လောင်းကစားဝိုင်းတွေ ဖမ်းဆီးမယ့်သူ မရှိဖြစ်နေ

“ဆိုင်မှာ ၂ လုံး၊ ၃လုံးကို ပေါ်တင်ရောင်းပြီး နေ့လယ်ခင်းဆို လောင်းကစားဝိုင်းတွေ လုပ်တယ်၊ မြို့လယ်ခေါင်ကြီးမှာ ညမှောင်တဲ့ထိ ဆော့တာကို ရဲတွေက မသိကျိုးကျွန်ပြုထားတာ။ ရဲလမ်းကြောင်းရှိတဲ့နေ့ဆို မဆော့ဘူး။ လမ်းကြောင်းပြန်ပြီဆို ပြန်ဖွင့်တယ်၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ဟာကို လုပ်ချင်တိုင်းလုပ်လို့ရတဲ့ သဘောမျိုး ဖြစ်နေတာ။”လို့ မင်းလှဒေသခံတဦးက ပြောပါတယ်။

ကလေးတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၇ ဦးသေ၊ PDF ၁ ဦးလည်း သေဆုံး

“တောင်ပိုင်း တိုက်ပွဲဖြစ်နေတာ အကြီးအကျယ်ပဲ။ မနေ့က ညနေစောင်းနဲ့ ညဘက် ခဏဖြစ်တယ်။ ဒီနေ့ ၈ နာရီလောက်ပြန်ဖြစ်တယ်။ တောင်အူပြင်သာက ပျူတွေသေတာ အများကြီး။ မျက်စိတွေပါထွက်လို့။ **တွေက ဒီနေ့လာကောက်သွားကြပြီ။"

ဖြူးမြို့၊ ညောင်ပင်သာရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရ၊ ရဲသေဆုံးမှုရှိ

“ဒီဘက်က ဝင်ပစ်တာ၊ သူတို့(ရဲ)ဘက်က ပစ်ချိန်ကို မရလိုက်ပါဘူး။ ရခ ၂ ကောင် ပွဲချင်းပြီးတယ်၊ ဒဏ်ရာရ ရခတွေက ဆေးရုံမှာ၊ အခုရဲစခန်းမှာ လူငယ် ၄ ယောက် ဖမ်းထားတယ်" လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦး က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10