စစ်ကြောင်းဝင်ပြီးနောက် အမျိုးသမီး၂ ဦးပျောက်ဆုံးကာ အမျိုးသား ၃ ဦးမီးရှို့အသတ်ခံရ
“အမျိုးသမီး၂ ဦးကတော့ အစအနကိုပျောက်နေတာ၊ အဲ့ဘက်က တောနက်လို့ ပြေးရင်းနယ်လွန်သွားတာလားတော့ မသေချာဘူး၊ အမတို့အတွေ့ကြုံအရဆိုရင်တော့ ဖမ်းသွားပြီထင်တယ်၊ ညမလေးတယောက်ဆို အမတို့ရဲဘော်နဲ့အိမ်ထောင်ကျတဲ့ ကျောင်းဆရာမလေး၊ သူတို့က မြန်မာလို ၁၃ ရက်နေ့ မင်္ဂလာဆောင်၊ စခတွေဝင်တာက ၉ ရက်နေ့ဆိုတော့၊ မင်္ဂလာပွဲပျက်တဲ့အပြင် သတိုးသမီးလေးပါ ပျောက်သွားတာပေါ့၊ သူလည်း တအားကိုစိတ်ထိခိုက်နေတယ်။”