စစ်ကောင်စီအထိုင်စခန်းကို ဝင်စီးတဲ့တိုက်ပွဲမှာ PDF တဦးကျဆုံး
“သူတို့က အထိုင်ဆိုတော့ ကျနော်တို့ဘက်က ပစ်ကွင်းသိပ်မကောင်းဘူးပေါ့။ တေ့ပစ်တွေပစ်ရတာ၊ ကိုယ့်ဘက်ရဲဘော်က တချက်က ခေါင်းကိုထိတာ တအားမကြီးပါဘူး။ ဘယ်ဘက် ညှပ်ရိုးအောက်မှန်တဲ့ဒဏ်ရာကြောင့်ဆုံးတာ။ သူ့ကိုတချက်ထဲထိတာ ဘာမှမဖြစ်ဘူး။ ဗိုက်အောင့်တယ်ပဲ ပြောတယ်။ ၅ မိုင်လောက်ကို ဆိုင်ကယ်နဲ့သွားပြီး ဆေးကုနေရင်းမှဆုံးတာ။ ချက်ကောင်းထိတာပေါ့။ ဒဏ်ရာက သွေးမထွက်တော့ မမြင်ရဘူး။ သေပြီးအင်္ကျီချွတ်ရှာမှ တွေ့တာ"