Cherry

အကာအကွယ်မဲ့ အနိုင်ကျင့်ခံ နှုတ်ဆိတ်နေရတဲ့ အညာက အမျိုးသမီးတွေ (ဆောင်းပါး)

အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေတချို့မှာ မခင်လေးလို အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားခံနေရတဲ့အမျိုးသမီးတွေဟာ အကာအကွယ်ပေးမှုတွေမရရှိဘဲ လစ်လျူရှုခံနေကြရတယ်လို့ ကျူးလွန်ခံရသူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်က ရွာတွေကို စစ်ကြောင်း ၂ ခုပြိုင်ထိုးပြီး မီးရှို့နေ ■ သတ်ဖြတ်ခံရတဲ့ ပြည်သူတချို့လည်းရှိနေဟုဆို

“တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်၊ ငတန်းရွာတွေဘက်ကနေ ရေဦးနယ်မြောက်ဘက်ခြမ်း ရွာဗုကြီးရွာတွေဘက်ကို စစ်ကြောင်းစထိုးလာတယ်။ မီးရှို့တာကတော့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှ စရှို့တာ။ ၂ မြို့နယ်ချုပ်စပ် ကပ်လျက်ရွာတွေပဲ။”

ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေး  ■ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့တမိသားစုလုံး သတ်ခံလိုက်ရတဲ့အမှုက တပတ်ကျော်ကြာတဲ့အထိ အမှုတရားခံမပေါ်ပေါက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို

စစ်ကောင်စီက ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်ကနေ ၁၅‌ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ရုပ်သံဆောင်းပါး)

ဟံသာဝတီရွာမှာ ဆား၊ အချိုမှုန့်၊ ငပိ၊ ငံပြာရည်၊ ဟင်းခပ်အမွှေးအကြိုင်၊ ထန်းလျက်၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်တွေ ပြတ်လပ်နေတာ ၂ နှစ်ကျော်ရှိပြီး လောက်စာလုံးအရွယ် ထန်းလျက်တခဲကို ကျပ် ၁,၀၀၀၊ ကျပ် ၁,၅၀၀ အထိ ဈေးပေါက်တယ်လို့ မကြည်က ရွာထဲကအခြေနေကို ပြောပြပါတယ်။

ဖလမ်းမြို့တိုက်ပွဲအတွက် ကလေးအမြောက်တပ်က မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ကူပေး   ■ ရပ်ကွက်တွေထဲ ဒုံးအစတွေကျရောက်လို့ ပြည်သူတွေစိုးရိမ်

“အနောက်တောင်ဘက်ကို ပစ်တာ၊ အဲ့လမ်းကြောင်းအောက်က ရပ်ကွက်တွေကိုကျတာ။ အလုံးတိုင်းရဲ့ အစတွေကျတယ်။ တပ်ဦးသီတာရပ်ကွက် အများဆုံးကျတ။ (ရပ်ကွက်ထဲက) အိမ်ဝန်းထဲ ၂ နေရာကျတာ၊ ခြံစည်းရိုးပေါ်ကျလို့ ကံကောင်း။ တလုံးက တော်တော်ကြီးတယ်၊ အတိအကျ ၅ ပေ ၉လက်မ ရှိတယ်။”

မိသားစုလိုက်အသတ်ခံလိုက်ရတဲ့ ကနီပညာရေးတာဝန်ခံ ဦးဝင်းဌေး ဘယ်လိုလူလဲ (ရုပ်ပုံလွှာ)

ဦးဝင်းဌေးဟာ ဘုတလင်ဇာတိကဖြစ်ပြီး အာဏာမသိမ်းခင်ထိ ကနီမြို့မှာ တာဝန်ကျနေတာပါ။ အာဏာသိမ်းပြီး နောက်မှာလည်း ဇာတိကိုမပြန်ဘဲ ကနီမြို့နယ်မှာပဲ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို သူသတ်ဖြတ်မခံရခင် ညဦးပိုင်းထိ လုပ်နေခဲ့သူပါ။

မြေလတ်ဒေသအပါအဝင် နိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးများနိုင် ■ ဟုမ္မလင်းအနီးမှာ အင်အားနည်းမြေငလျင် ၁ ခု လှုပ်ခတ်ခဲ့

လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲ့ဒီ မိုးတိမ်တောင်ရွေ့လျားသွားရာ ဒေသတလျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာမှာ ၁ ညတည်း ဗုံးအလုံး ၂၀ နီးပါးကြဲခံရ

“ဖိုက်တာက ၃ ကြိမ် ၆လုံးကြဲတယ်ပဲ ထားလိုက်ဦး၊ Y 12 တွေရော နောက်ဆုံးပစ်သွားတဲ့ ရော့ကတ် ဆိုလို့ရှိရင် ကျနော်ကြားလိုက်တာကို ၆ လုံး ၇ လုံးလောက် ဆက်တိုက်ကြားလိုက်တာဗျ၊ တဘရိတ်ထဲကို ပစ်သွားတာ၊ ညကပစ်ကြဲသွားတာဆို အနည်းဆုံး ၂၀ အထက်မှာပဲ ရှိတယ်ဗျ။”

တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ

“ဒီနေ့မနက်လည်း တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတယ်၊ အထိခိုက်တွေကတော့ရှိတယ်၊ ကိုယ့်ဘက်ကလည်းထိတယ်၊ **ဘက်ကလည်း ကျမှာပေါ့၊ ၂ ဖက် အထိခိုက်တွေကတော့ ရှိတယ်။”

ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့

“ ကျနော်တို့ (နယ်မြေရှင်းလင်းချိန်) ဒီမှာတွေ့တော့ကျ အဝတ်ဗလာနဲ့ တွေ့ရှိတယ်။ သံဃာတော်ကိုတော့လူဝတ်လဲပြီး သတ်ဖြတ်သွားတာ။”

ABSDF ၃၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ခေါင်းဆောင်တွေ ဘာပြောသလဲ (အင်တာဗျူး)

ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ABSDF နဲ့ ပတ်သက်ပြီး ဦးဆောင်သူ ABSDF ဒုဥက္ကဌ ရဲဘော် လဆိုင်းနဲ့ စစ်ကြောင်း ၃ စစ်ကြောင်းမှူး ရဲဘော် မင်းဌေး တို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပခုက္ကူမြို့နယ်ကို စစ်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ  ■ ဘုတလင်မှာလည်း စစ်တပ်ကတကျော့ပြန်စစ်ကြောင်းထိုးပြီး ဖမ်းဆီးမှုတွေရှိနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီကအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

စပါးခွံလာကျုံးတဲ့ ကလေးနည်းပညာတက္ကသိုလ်က စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

“ ၅ ဦးထိ ၃ဦး သေတာသေချာ၊ ကိုယ့်ဘက်က မိုင်းကပ်ထောင်ရင်း **တွေနဲ့ တွေ့လို့ ဦးအောင်ပစ်ခဲ့တာ၊ ဆန်စက်နေရာမှာ စပါးခွံတွေဘာတွေ လာကျူံးတာ၊ ဘာလုပ်ဖို့လည်း မသိဘူး၊ သူတို့ လေ့ကျင့်ရေးလုပ်ဖို့နေမှာ။ ”

ရွှေဘိုပကဖ ၁ နှစ်ကျော်ကြာသိမ်းယူထားတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် လက်နက်၊ခဲယမ်းတွေ ပြန်ပေးဖို့ တောင်းဆို

“ ဒီအမှုတွဲကို တရားရုံးမှာရှိရင်လည်း ဆင့်ခေါ်ပါ၊ စစ်ဆေးပါ။ အပြစ်ရှိတယ်ဆိုလည်း အပြစ်ချ၊ မရှိဘူး ဟေ့ ဆိုရင်လည်း ဘုန်းကြီးတို့က တော်လှန်ရေးလုပ်နေတဲ့အတွက် ဘုန်းကြီးတို့ရဲ့လက်နက်တွေ ပြန်ရချင်တယ်ပေါ့နော်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10