Cherry

ပြည်သူ့စစ်ထဲလိုက်မယ့်သူမရှိလို့ ပန်းတောင်းမြို့နယ်ရဲမှူးကိုယ်တိုင်ဆင်းပြီး လူတောင်း

“PDF က ရွာတွေကို ဝင်တိုက်တာလား။ စစ်တပ်စခန်းရှိတဲ့နေရာကို တိုက်တာလားလို့ မေးရင်လည်း အဲ့နေရာမှာတင် ကျတော်တို့ ဆွဲစိခံရမှာ”

မင်းတုန်းမြို့နယ်က ဆရာမတွေကို ဖမ်းပြီး သိန်း၂၀နဲ့ ရွေးခိုင်းတာ မဟုတ်ဘူးလို့ PDF ငြင်းဆို

“အစကသာ ခုလိုဖြစ်မယ်သိရင် သူတို့လှူတာကို လုံး၀လက်ခံခဲ့မှာ မဟုတ်ဘူး။ ခုဟာက သူတို့ပဲ နိုင်ငံရေးကို နားလည်သဘောပေါက်သွားပြီမို့ လှူမယ်ဆိုပြီး သူတို့ဘာသာ နောက်ရက်မှ လာလှူသွားကြတာ။ အဲလိုလှူပြီးမှ မဟုတ်မမှန် ငွေနဲ့ရွေးခိုင်းတယ်ဆိုပြီး သတင်းဖြန့်တော့ စိတ်မကောင်းဘူး”

နွေဦးတော်လှန်ရေးကာလ အညာက ‘ပွဲ’ (ရုပ်သံဆောင်းပါး)

နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကြာလာချိန်မှာတော့ ထိတ်လန့်စရာ တိုက်ပွဲတွေကြားမှာပဲ သောကတွေဝေနေခဲ့ရတဲ့ အညာဒေသကလူတွေအတွက် အစဉ်အလာမဟုတ်တဲ့ ပျော်စရာပွဲတမျိုး ပေါ်ထွက်လာပါတယ်။

ပဲခူးအနောက်ခြမ်းမှာ တပ်သားအဖြစ်စုဆောင်းခံရတဲ့ ပြည်သူ ၃၀ ကို PDF က ကယ်တင်

“ကျတော်တို့ရောက်တော့ စစ်**တွေက ပြည်သူ ၅၀ လောက်ကို ခေါ်ထားတာတွေ့တယ်။ တွေ့ရတာတော့ စစ်**တွေက တနေရာ ပြည်သူက တနေရာစီပါ။ စစ်**တွေရှိတဲ့ နေရာကို ၄၀ မမနဲ့ ပစ်တော့ လန့်ဖြန့်ပြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ပြည်သူတွေကို ဝင်ခေါ်ထုတ်ရတာ။ အချိန်သိပ်မရတော့ ၃၀ လောက်ပဲ ကယ်နိုင်တယ်။”

"နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို" (Photo news)

ဇန်နဝါရီ ၁၂ ရက်ကနေ ၁၄ ရက် ဒီကနေ့ထိ ၃ ရက်ဆက်တိုက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပြီး "နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို" စာသားပါ ဘန်နာကို ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဖောင်းပြင်မှာ တပ်ကြပ် ၁ ဦးအပါ ၃ ဦး လက်နက်နဲ့အလင်းဝင်

“စကစဘက်က တပ်ကြပ် ၁ ယောက်၊ ပျူ ၂ ယောက်၊ စခန်းကထွက်ပြေးလာပြီး ရင်း ၁ ဘက်ကို အလင်းလာဝင်တာ၊ တပ်ကြပ်က ၃၇၀ တပ်က၊ နာမည်တော့ ပြောလို့မရဘူး၊ ခုတော့ နွေးထွေးစွာ စောင့်ရှောက်ထားပါတယ်။"

မင်းတုန်းနဲ့သရက်နယ်စပ်ကရဲစခန်း အနီးကပ်တိုက်ခံရပြီး စစ်အုပ်စု ၆ ဦးသေဆုံးကာ PDF ၃ ဦး ဒဏ်ရာရ

“ စတိုက်တော့ သူတို့က အသင့်အနေထားရှိတယ်၊ ပြန်ပစ်တယ်။ သူတို့မှာက ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်မာရှိတယ်။ ကျတော်တို့ဘက်က အထိခိုက်လေးတွေရှိတာရော လက်နက်၊ခဲယမ်းကြောင့်ရော ပြန်ဆုတ်ခဲ့ရတယ်။ မျက်မြင် ၂ ဦးသေတယ်”

ပန်းတောင်းမြို့နယ်ကရွာတွေမှာ ပြည်သူ့စစ်အတွက် လူအင်အား အဓမ္မတောင်းနေ

“ပန်း‌တောင်း တမြို့နယ်လုံး ပါတယ်။ မဲပေါက်တဲ့သူက လိုက်ချင်တဲ့သူလိုက် မလိုက်ချင်တဲ့သူက ပိုက်ဆံပေးပြီး လူစားရှာ။ မဲ မပေါက်တဲ့အိမ်ကလည်း သင်တန်းသားတွေကို တရက်ဘယ်လောက်နှုန်းဆိုပြီး ထောက်ပံ့ရမယ်တဲ့။ ရွာသားတွေက ကြောက်လို့သာ ခေါင်းညိမ့်နေရတာ စိတ်ထဲမှာ ဘယ်သူမှ လက်မခံဘူး။"

ကလေးဝမြို့ရှိ ပျူစောထီးစခန်းကနေ တပ်သားတဦး သေနတ်နဲ့အတူ အလင်းဝင်

“အလင်းဝင်လာတဲ့ တပ်သားတွေကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အလင်းမဝင်ရသေးသူတွေ အတွက်တော့ စစ်ပွဲတခုမှာ တချို့ကိစ္စတွေက နောက်ကျရင် မကောင်းဘူး။ စိတ်မကောင်းစရာတွေ ဖြစ်တတ်တယ်။”

ကာကွယ်ရေးရဲဘော် ၆ ဦးကို သေစေခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

“ညနေဘက်ဝင်တာဆိုတော့ လူအင်အားနဲ့ အေးအေးဆေးဆေးပဲ ဝင်ရှင်းလိုက်တယ်၊ ရွာထဲကိုလည်း သတိထားဖို့၊ စစ်ကောင်စီ ဘယ်လိုဖြစ်နေလဲဆိုတာ အကုန်လုံးနားလည်ဖို့ ပြောဆိုပြီးမှ အေးအေး ဆေးဆေးပဲ ပစ်ခတ်သွားတာ၊ သူ့ဆီမှ လက်နက်ရှိတယ်လို့ သတင်းရပေမယ့် တကယ်တန်းရှာတော့ မတွေ့ခဲ့ဘူး၊ မိန်းမနဲ့သားတယောက်ကိုတော့ မရှင်းခဲ့ဘူး၊ သူ့တယောက်ပဲ ရှင်းလင်းခဲ့တာ”

ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား (ရုပ်/သံ)

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

ခမ်းပါတ်မြို့အနီး လေကြောင်းတိုက်ခိုက်လို့ လူအစုလိုက်သေဆုံး၊ ကလေးအလောင်း ၄ လောင်းအပါ ၁၆ လောင်းကို တွေ့ရှိထား

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

စစ်ကိုင်းတိုင်းထဲက လူထုသပိတ် (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာအချို့မှာ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး လူထုသပိတ်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေကတဆင့် သိရပါတယ်။

မြေလတ်ဒေသရှိ အကျဥ်းထောင်တွေက နိုင်/ကျဥ်း ၁၃ ဦးသာလွတ်

“နိုင်/ကျဉ်း လွတ်မြောက်မှုက အစွန်းထွက်တောင် မရှိပါဘူး။ သေးသေးမွှားမွှားတွေပဲ လွတ်တာ ဟန်ပြပါ၊ ၆ လအောက် ကျန်တာတွေကို လွှတ်တာ။ တချို့ထောင်တွေဆို နိုင်/ကျဥ်းတယောက်မှ မလွတ်ဘူး”

သံဘိုစခန်းသိမ်းတိုက်ပွဲအတွင်း TNLA မှာ သင်တန်းတက်နေတဲ့ မြောင်က ရဲဘော်တဦးကျ

“အဖွဲ့က လက်နက်ခဲယမ်းမပြည့်စုံလို့ ကလေးတွေက ရှမ်းမြောက်ကို စစ်ပညာသင်သွားတာ၊ သွားရင်း စခန်းသိမ်း တိုက်ပွဲမှာ ဗုံးသီးအစမှန်ပြီး ကျသွားတာ၊ ခုကလေးတွေက တိုက်ပွဲပြီးလို့ လက်နက်ခဲယမ်းသွားအသိမ်းမှာ ထိသွားတာ၊ ဟိုကပြန်လွှတ်မှာကို သူတို့ကလည်း အတွေ့အကြုံလိုချင်တော့ တလ ၂ လလောက် တိုက်ဦးမယ် ဆိုပြီး နေရင်းနဲ့ အခုလိုကြုံတာပေါ့။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10